Posts
Showing posts with the label Level
BM
Image
Standard BM, Embedded BM, Pipe BM, Bolt BM ဆိုပြီး ရှိတာမှာ အခုအောက်မှာဖော်ပြထားတဲ့ပုံက Bolt BM အမျိုးအစားဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ အထက(၁)ကျောင်းမှာ ရှိတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ Bolt BM ဆိုတာကတော့ အစိုးရ အဆောက်အဦတွေရဲ့ နံရံကိုထွင်းပြီး ၆ လက်မခန့် အရှည်ရှိ ဘုလုံးပါသံချောင်းကို မြှုပ်ပြီးထည့်ထားတာဖြစ်ပါတယ်။ သူရဲ့အထက်မှာ ကြေးပြားကပ်ပါတယ်။ ကြေးပြားမှာတော့ တည်ဆောက်တဲ့ခုနှစ်နဲ့ အဲ့ဒီနှစ်မှာတည်ဆောက်တဲ့ BM အမှတ်စဉ်ကို ရေးပါတယ်။ ၆၂၀၄၆ ဆိုတာကတော့ ၆၂ က ၁၉၆၂ ခုနှစ်က တည်ဆောက်တာကို ပြောတာဖြစ်ပြီး၊ ၀၄၆ ဆိုတာက တည်ဆောက် တဲ့နှစ်မှာ ၄၆ လုံးမြောက် BM အမှတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်မြေတိုင်းဌာနဆိုတာ အရင်တုံးက Burma Survey Department ကို ဘာသာပြန်ထားတာဖြစ်ပြီး၊ အခုတော့ မြေတိုင်း ဦးစီးဌာနဖြစ်ပါတယ်။ နိမ့်မြင့် ပဋ္ဌမဆိုတာကတော့ တိကျမှန်ကန်မှုတန်ဖိုး (Accuracy) ပထမတန်းစား ကို အရင်က ပဋ္ဌမလို့ရေးတာဖြစ်ပါတယ်။ Level တိုင်းတဲ့အခါ Staff ကို အဲ့ဒီဘုလုံးပေါ် တင်/ထောင်ပြီးတိုင်းရတာဖြစ်ပါတယ်။ မြေတိုင်းဦးစီးဌာနက GCP တွေ၊ BM တွေမှာ တန်ဖိုးဖော်ပြလေ့မရှိပါဘူး။ တချို့နေရာတွေ ဥပမာပ...
Level Profile ရေးဆွဲခြင်း
Image
အခုတလော ကျေးလက်အင်/ယာတွေ ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ရန်အတွက် Existing R.L ရဖို့ Level Instrument နဲ့ Survey တိုင်းတာနေကြတာတွေ့လို့ ဒီ Post လေးကို sharing လုပ်ပေးမိခြင်း ဖြစ်ပါတယ် Level တိုင်းတာလို့ ရတဲ့ Data တွေကနေ Existing R.L နဲ့ Distance တွေကို ရမှာဖြစ်ပြီး Design R.L ကိုတော့ ကျနော်တို့ Existing R.L ၊ လက်ရှိလမ်းရဲ့ မြေပြင်အခြေအနေနဲ့ ပတ်ဝန်းကျင်အခြေအနေတို့ပေါ်မှာ မူတည်ပြီး လုပ်လို့ရနိုင်မယ့် Cutting & Filling Design တွေကို ထုတ်ပေးရမှာ ဖြစ်ပါတယ် ဆိုလိုတာကတော့ Existing R.L ကို Survey Data က ရမယ် Design R.L ကိုတော့ မိမိအတွေ့အကြုံတွေနဲ့ Issue လုပ်ရမယ်လို့ ဆိုလိုတာပါ ကျနော်က ဒီ Survey Data တွေကနေ Existing R.L & Design R.L တို့ရဲ့ Longitudinal Profile ရေးဆွဲတဲ့အခါ လျင်လျင်မြန်မြန်နဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကို Sharing လုပ်ပေးချင်တာပါ PowerPoint ထဲက Chart Type နဲ့ လုပ်ထားတာပါ အရင်တခါ Well Penetration Table ဆွဲတဲ့ အတိုင်းပါဘဲ သူကတော့ Existing R.L နဲ့ Design R.L ဆိုပြီး Line (၂)ကြောင်း ဆွဲပေးရတာပေါ့ လုပ်ပုံလုပ်နည်းကိုတော့ ပုံ(၁,၂,၃,၄)နဲ့ ပြပေးထားပါတယ် အလွယ်တကူဆွဲနိုင်ဖို့...
Level စက် error စစ်​ဆေးနည်း
Image
2 peg test အကြောင်း
Image
2 peg test အကြောင်းလေးတင်ပါရစေခင်ဗျာ  မတင်မီ ရာဇဝင်လေးရှင်းပြပါဦးမယ် ကျွန်တော်တွေ့ဖူးတဲ့ လူတွေထဲမှာ အဲ့ဒီဆရာက ပညာပါရမီအရမ်းကောင်းတယ်ပြောရမှာပဲ SURVEY ဆိုလည်း ဆရာတစ်ဆူ  ပန်းချီဆိုလည်းရ GUITER ဆိုလည်း Note ဖတ်တတ်တဲ့အထိလောက်ရမယ် ထင်တယ် golf မှာလည်း ဆရာ သူကျွန်တော့်ကို သင်ပြဖူးတာလေးတစ်ခုရှိတယ် level instrument မှာ upper ဖတ်ချက်ထဲက lower ဖတ်ချက်နှုတ် ၁၀၀ × ရင် level instrument setting ချထားတဲ့ နေရာကနေ Staff ထောင်ထားတဲ့နေရာအထိအကွာအဝေးရမယ် နောက်ဆရာတစ်ယောက်က error ဝင်နေတဲ့ level instrument တစ်လုံးဟာ back sight မှ instrument အကွာအဝေး နဲ့ fore sight မှ instrument အကွာအဝေးတူ ညီခဲ့ရင် error ဟာပျောက်သွားတယ်လို့သင်ပါတယ် အဲ့ဒီ ဆရာနှစ်ဦးကြောင့်ကျွန်တော် survey instrument တွေအသုံးချမှုတွင်ကျယ်ပုံတွေ သိချင်လာပါတယ်  ကံကောင်း ထောက်မစွာနဲ့ ဒီနေ့သိခွင့်ရနေပါတယ်    2 peg test ဆိုတာ level error စစ်ဆေးတာဖြစ်ပါတယ် level error စစ်ဆေးဖို့အတွက် ပေ ၂၅၀ ပေ ၃၀၀ ခန့် ရှိမယ်မြေပြန့်တခု လိုအပ်ပါမယ်(မြေပြန့်မဟုတ်လည်းရပါသည် သို့သော်မြေပြန့်ဆိုပိုကောင်းပါသည်) အလယ်တည့်တည့်တွင် Level instrument ကို se...
Tidal Station (or) Tide Station
Image
Tidal Station (or) Tide Station  (Mean Sea Level Station) ဆိုတာကတော့  ပင်လယ်ကမ်းစပ်ကနေ မလှမ်းမကမ်း(ပင်လယ်ထဲ)မှာ  ရှိတာဖြစ်ပါတယ်။ အဲ့ဒီက တန်ဖိုးကို ကုန်းပေါ်ကို တိုင်းတာ တင်ယူထားခြင်းဖြစ်ပါတယ်။ ဂျပန်က Tide Station အဆောက်အဦပုံလေး အင်တာနက်ကနေ ဆွဲပြီးတင်ထားပေးပါတယ်။ Tide Station အတွက်  Observation မှာ ပင်လယ်ရေကို ဘယ်လိုသွင်းယူတာလဲဆိုတဲ့  ပုံကြမ်းလေးပါ တင်ထားပေးပါတယ်။ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်လက်ထက်က ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ပြစရာမရှိတော့ပါဘူး။  ဒါပေမယ့် အဲ့ဒီ Tide Station ကနေ ပထမဦးဆုံး Carry ယူထားတဲ့ GTS Station ကတော့ ကျိုက္ခမီမှာ ရှိပါသေးတယ်။ အဲ့ဒီ Station ကို ၁၉၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲ့ဒီ Station မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး Level တန်ဖိုးတွေ တိုင်းတာခဲ့ခြင်းသာဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ… အောင်မိုး(မြေတိုင်း) (၁၈-၁-၂၀၁၇)
Auto Level error check နည်း
Image
Auto Level error check နည်းပါ  ဘာလို့လည်းဆိုတော့ Surveyor တစ်ယောက်အနေနဲ့ ကိုယ်သုးံနေတဲ့စက်ရဲ့error ကိုသိဖို့လို့ပါတယ်။ ကျနော် level instrument error check  နည်းအကြောင်းလေးရှင်းပြပါမယ်။ ကျနော်အကြံပေးလိုတာကတော့ အခြေအနေ အမျိုးမျိုးရှိပါတယ်။ဥပမာ ကိုယ်က project အစမှာလုပ်ရမှာလား၊ Project က on going လား ။ Project ကပြီးတော့မှာလား ၊ကိုယ်လုပ်မဲ့ company က surveyor ရှိပြီးသားလား။ အဲလူက အလုပ်ထွက်သွားတာလား။ အဲမှာအရေးကြီးတယ်နော် ကိုယ့်ရှေ့က surveyor က တလွဲလုပ်ခဲ့တယ်။ သူက နုတ်ထွက်သွားတယ်ဆိုရင် အဲ ပြသာနာတွေက ကိုယ့်အပေါ်ကို ကျလာတတ်ပါတယ်။ကိုယ့်ရှေ့က surveyor က instrument ကို သပ်သပ်ရပ်ရပ် ဂရုစိုက်သလားပေါ့။ ကိုယ့်ရှေ့က Surveyor က instrument အကိုင်ကြမ်းတယ်ဆိုရင် အဲ Instrument က ကိုယ့်ဆီရောက်လာရင် တိုင်ပတ်တတ်တယ်။အဲတော့ ကိုယ့်ဆီရောက်လာတဲ့ instrument ကို အလွယ် error  check နည်းပေါ့ ပုံနဲ့တကွဖော်ပြပေးထားပါတယ်။ Error ကိုသိရင် Company ကို complain တက်လို့ရတာပေါ့ ။ကိုယ့်ဘက်က safe ဖြစ်တာပေါ့။       လွယ်လွယ်လေးပါ  Point 2 point ရှိရမယ်။ SM1 နဲ့ SM2 (မှတ်ချက် ကြိုက်သလို နာမည်ပေ...
THE LEVEL
Image
THE LEVEL Surveyor level ဆိုသည်မှာ တိုင်းတာသော ကိရိယာစက်ပစ္စည်းတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ရေပြင်ညီလိုင်း (Horizontal Line of sight) ကိုဖေါ်ပြထောက်ပံ့သော စက်ကိရိယာကို ခေါ်သည်။ Level တိုင်းတာသောစက်တွင် Telescope မှန်ပြောင်းနှင့်တွဲထားသော Circular Bubble ရေချိန်အ၀ိုင်းပါရှိသည်။ ၎င်းရေချိန်နှင့်မှန်ပြောင်းအတွင်းမှ Horizontal Line တို့မှာ တစ်ခုကိုတစ်ခုမျဉ်းပြိုင်ဖြစ်နေစေပြီး ၎င်းတို့ကို Level ညှိသောအောက်ခြေ Foot Screws များဖြင့် ဖွဲ့စည်းပေးထားသည်။ Auto Level အမျိုးအစားတွင် ရေချိန် (Bubble) သည် Center နေရာ၌ တည်ရှိသောအခါ မှန်ပြောင်းအတွင်းရှိ Line of Collimation မျဉ်းပြိုင်လိုင်းအား ရေပြင်ညီဖြစ်အောင် ဆောင်ရွက်ပေးသော Compensator ပါရှိခြင်းကို Auto Level ဟုခေါ်သည်။ (အောက်ဖေါ်ပြပုံ ပုံ-၁ Level အမျိုးအစားများကိုခွဲခြားသတ်မှတ်ရာတွင် နံပါတ် - 1 Dumpy Level, နံပါတ် - 2 Wye Level, နံပါတ် - 3 Tilding Level, နံပါတ် - 4 Auto Level (လက်ရှိအသုံးပြုနေသောအမျိုးအစား), နံပါတ် - 5 Digital Level, နံပါတ် - 6 Rotating Laser Level ဟူ၍ သတ်မှတ်နိုင်သည်   ၃။Allowable Closing Error (တရားဝင်လက်ခံနိုင်သောအမှားများ) - ထုံးစံအား...
Reading Staff
Image
Reading Staff https://youtu.be/-a2xrvbf3Ew L-Section In Excel  Create Road Profile
အပိုင်း(2) Level
Image
အပိုင်း(2) Level Levelling Survey အပိုင်းလေ့လာသော ညီငယ်များအတွက်
Level မှန်ပြောင်းရဲ့ Collimation Error
Image
Level မှန်ပြောင်းရဲ့ Collimation Error ********************************** စာကျက်ပျင်းတဲ့ ကျွန်တော့်အတွက် ဂဏန်း Data တွေနဲ့ မှတ်ရတာ ပိုအားရပါတယ်... လွယ်လွယ်ကူကူဖြစ်မယ်ထင်ပါတယ်... William Irvine, FRICS ရေးတဲ့ Surveying for Construction (Fourth Edition) စာအုပ်ထဲက ဥပမာနဲ့ တွက်ပုံတွက်နည်းလေးပါ... Construction Survey အတွက်သာမက Level လုပ်ငန်းမှန်သမျှ အသုံးတည့်မှာပါ... ကိုယ်မှန်ပြောင်းကိုယ်ပြန်စစ်ကြည့်ဖို့လည်း တိုက်တွန်းပါရစေခင်ဗျားးး Topcon Auto Level ကိုလည်း သုံးကြည့်ကြပါအုံး... (ကြော်ငြာခ မယူပါ...) (စိတ်ဝင်စားကြမှုပေါ်မူတည်၍  Curvature & Refraction တင်ပေးပါမည်...) ရွှင်လန်းချမ်းမြေ့ကြပါစေ အောင်မိုး (မြေတိုင်း) (20-8-2016)
Leveling
Image
Some useful Notes For Land Survey Leveling and their Types Join my Channel on YouTube http://bit.ly/SurveyEngineering #SurveyEngineering #CivilEngineering #TrussBridge #Bridge #SurveyEngineering #Leveling #LandSurveying
Geoid Model နဲ့ Height အကြောင်း
Image
Geoid Model နဲ့ Height အကြောင်း ************************** မရေးတာလည်းကြာ.. Height အကြောင်းလေး နည်းနည်း Clarify လုပ်ချင်တာနဲ့ ဒီ Post လေး တင်ပေးလိုက်ပါတယ်.. ပုံမှန်အားဖြင့်တော့ Height ကို (၃)မျိုး ခွဲထားပါတယ်… (1) Orthometric Height, (2) Ellipsoidal Height, (3) Geoid Height တို့ဖြစ်ပါတယ်…  အဲ့ဒီ သုံးခုရဲ့ ဆက်သွယ်ချက်ပုံသေနည်းကတော့ (( H = h – N )) ဖြစ်ပါတယ်..  (H = Orthometric Height, h = Ellipsoidal  Height, N = Geoid Height) အဲ့ဒီ ပုံသေနည်းလေးကို လေ့လာရင်  Orthometric Height နဲ့ Geoid Height က  ညီမျှခြင်းရဲ့ ဟိုဘက် ဒီဘက်ကို ရွှေ့ပြောင်းနိုင်တာ ဖြစ်လို့ အသေမှတ်ထားဖို့က တည်ကိန်းဟာ  Ellipsoidal Height ဆိုတာပါပဲ… တစ်ခါ Orthometric Height ကို ပြန်ကြည့်ရင် Mean Sea Level (MSL)တန်ဖိုးကနေ Level ပြေးထားတဲ့တန်ဖိုး၊ Triangulation Series နဲ့ ဖတ်ယူရရှိတဲ့ Trigonometric တန်ဖိုးတို့ကလည်း  Orthometric Height အမျိုးအစားထဲမှာ ပါဝင်ပါတယ်… အလားတူပဲ Ellipsoidal Height ကို ပြန်ကြည့်ရင် (၂)မျိုးတွေ့ရမှာဖြစ်ပါတယ်.. WGS84 Ellipsoidal Height နဲ့ Myanmar Datum 2000 (MMD2000) Elli...
BM အမျိုးအစားများ
Image
Level မှန်ပြောင်းရဲ့ Collimation Error
Image
Level မှန်ပြောင်းရဲ့ Collimation Error ********************************** စာကျက်ပျင်းတဲ့ ကျွန်တော့်အတွက် ဂဏန်း Data တွေနဲ့ မှတ်ရတာ ပိုအားရပါတယ်... လွယ်လွယ်ကူကူဖြစ်မယ်ထင်ပါတယ်... William Irvine, FRICS ရေးတဲ့ Surveying for Construction (Fourth Edition) စာအုပ်ထဲက ဥပမာနဲ့ တွက်ပုံတွက်နည်းလေးပါ... Construction Survey အတွက်သာမက Level လုပ်ငန်းမှန်သမျှ အသုံးတည့်မှာပါ... ကိုယ်မှန်ပြောင်းကိုယ်ပြန်စစ်ကြည့်ဖို့လည်း တိုက်တွန်းပါရစေခင်ဗျားးး Topcon Auto Level ကိုလည်း သုံးကြည့်ကြပါအုံး... (ကြော်ငြာခ မယူပါ...) (စိတ်ဝင်စားကြမှုပေါ်မူတည်၍  Curvature & Refraction တင်ပေးပါမည်...) ရွှင်လန်းချမ်းမြေ့ကြပါစေ အောင်မိုး (မြေတိုင်း) (20-8-2016)