Posts

Showing posts from October, 2019

AutoCad Sheet Set

AutoCad Sheet Set ဆိုလားပဲ သူကဘာတွေကောင်းလဲဆိုတော့ ကျွန်တော်တို့တွေ Drawing တခုထဲမှာ ပုံတွေအများကြီးဆွဲရတဲ့အခါမှာ ပုံတွေကို Layout ထဲမှာ ပုံတွေခွဲပြီး  Layout တွေအများကြီးလုပ်ရတဲ့အခါမျိုးမှာ ခေါင်းစဥ်တွေ၊ Drawing no. တွေ၊ အစရှိသဖြင့်ပေါ့ ရှေ့ဆုံး Layout မှာ ပြင်ပြီး ကျန်တာကို အစဥ်လိုက်နံပါတ်တွေ Auto ပေးချင်တာတို့၊ Print ထုတ်တဲ့အခါမှာလဲ တရွက်စီထုတ်တာမျိုးမဟုတ်ပဲ ပုံထဲမှာ ပုံ၂၀ ပါပါ၃၀ ပါပါ တခါတည်း print ထုတ်လို့ရမယ်၊ နောက်ပြီး တခြား Drawing တခုက Sheet set ကိုလဲ လာပေါင်းထည့်ထားမယ်ဆိုရင် အဲ့ Drawing file ကိုဖွင့်စရာမလိုပဲ print  တန်းထုတ်လို့ရမယ် စသဖြင့်စသဖြင့်ပေါ့ ခင်ဗျာ ဒါက ကျွန်တော်သိသလောက် ဉာဏ်မှီသလောက်လေး ပြောပြတာပါ စိတ်ဝင်စားတယ် လေ့လာချင်တယ်ဆိုရင်တော့ အောက်မှာ movie file လေးလုပ်ထားပေးပါတယ် 😀 နောက်နေ့မှ Layout Copy ကူးတဲ့ List file လေးထပ်ပေါင်းပေးမယ် 😊 ဒါကfb မှာကြည့်မရဘူးဆိုရင် Download Link ပါ https://www.mediafire.com/download/ot4sjavo83t5ue6 ဒါကိုသင်ပေးတဲ့ ဆရာမသိမ့်ကိုလဲ ကျေးဇူးအထူးပါလို့ * ပညာရပ်များသည် သိုဝှက်ထားရန်မဟုတ် * ကျွန်တော် Zaw zawaung ပါ

Theodolite အသုံးပြုနည်း

Image
Theodolite အသုံးပြုနည်း

Introduction to Hydrography

Image
Introduction to Hydrography ရေအောက်ထဲမှာ တိုင်းကြတာကြတဲ့ hydro survey ဆိုတာကို horizontal positioning နဲ့ vertical depth ဆိုပြီး အခြေခံအကျဆုံး အပိုင်း၂ပိုင်းအနေနဲ့ခွဲကြည့်နိုင်ပါတယ်၊ survey terms နဲ့ဆိုရင် X,Y နဲ့ Z ပါပဲ၊ X Y position ကိုရဖို့ကတော့ land survey နည်းနဲ့ပဲဖြစ်ဖြစ် GPS သုံးပြီးတော့ပဲဖြစ်ဖြစ် ရယူကြရပါတယ်၊ ဒါက Horizontal datum အတွက်ပါ။ Z (Vertical datum) တန်ဖိုးကတော့ ရေအောက်ထဲမှာဖြစ်တဲ့အတွက် ဟိုးပဝေဏသီကတော့ ကြိုးမှာခဲဆွဲပြီး(sounding lead) ရေအနက်ကိုတိုင်းခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ Sonar (Acoustic system)တွေကိုအသုံးပြုပြီးတော့ depth ကိုရှာကြပါတယ်၊ ရရှိလာတဲ့ horizontal နဲ့ vertical data နှစ်ခုကိုမှန်ကန်စွာပေါင်းစပ်ပြီး စက္ကူပေါ်မှာ Chart တစ်ခုအနေနဲ့ ပုံထုပ်ပြနိုင်တာဟာ Hydrography ပါ၊ X နဲ့ Y အတွက်ကတော့ DGPS/RTK တွေကိုအသုံးပြုနိုင်ရင် accuracy ကောင်းတဲ့ data ကိုရနိုင်ပေမယ့် Z (depth) အတွက်ကတော့ လှိုင်းတွေလေတွေနဲ့ မတည်မငြိမ် လှုပ်ရှားနေတဲ့ရေပေါ်က တိုင်းတာရတာဖြစ်လို့ accuracy ကောင်းကောင်းရနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ဒီလိုအခြေအနေမျိုးမှာ accuracy ကောင်းတဲ့ Depth data တွေရဖို့အတ

AutoCad ပေါ်တွင် Drawing နဲ့တွဲ၍ Coordinate Table or ကြိုက်ရာ ဇယားထည့်ခြင်း

Image
AutoCad ပေါ်တွင် Drawing နဲ့တွဲ၍ Coordinate Table or ကြိုက်ရာ ဇယားထည့်ခြင်း AutoCad တွင် ID Comment ဖြင့် Points များကောက်ပြီး Keyboard ရှိ F2 key သို့မဟုတ် Comment bar မှ Li enter ဖြင့် List ခေါ်ပြီး ID ကောက်ထားသော Points များအား Select ပေး၍ Copy ကူးပါ  Excel အားဖွင့်ပြီး Past လုပ်ပါ Box တစ်ခုကျလာလျှင် Delimited လုပ်ပါ Tap အားအမှန်ချစ်ဖြုတ်ပြီး Space, comma အားအမှန်ချစ်ပေးပြီး finish လုပ်ပါ point များ အစဉ်လိုက် ဖြစ်နေတာကို တွေ့ရပါမယ် ။ Keyboard မှ Ctrl ကိုတွဲလျက်နှိပ်ပြီး မလိုအပ်တာများအား Select ပေးပြီးဖျက်ပါ။ ကျန်  Points များဘေးချင်းယှဉ်လှက်တွေ့ရပါမယ် ပြီးလျှင် စိတ်ကြိုက် ဇာယားတစ်ခုအား Excel ပေါ်တွင် ပြုလုပ်ပါ Save ပြုလုပ်ပါ Save ရာတွင် Excel Workbook ဖြင့်သာ Save ပါ Autocad မှ data link Comment ဖြင့် Table ဇယားများထည့်ခြင်း ၁။ Excel တွင် ဇယားပြုလုပ်ပြီး Save as type တွင် Excel Workbook ဖြင့် save or save as ပြုလုပ်ပါ AutoCad ဖွင်ပြီး command တွင် datalink ဟု ရိုက်ပါ Data link mangar box ကျလာမည် Create a new excel data link ကို click လုပ်ပါ  Name ပေးပါ  New excel data link: ...... B

MS Excel ကိုအသုံးပြု၍ Coordinate များမှ ဧရိယာတွက်ချက်ခြင်း

Image
MS Excel ကိုအသုံးပြု၍ Coordinate များမှ ဧရိယာတွက်ချက်ခြင်း MS Excel ကိုအသုံးပြု၍ Survey Points, GPS Points, UTM points Coordinate များမှ ဧရိယာတွက်ချက်နည်းကို လေ့လာအသုံးချနိုင်ရန် မျှဝေလိုက်ပါတယ်။ ၁။ Area By Coordinate Method MS Excel file ကို အောက်မှာ ဒေါင်းပါ။ Download: http://pc.cd/dg4otalK ၂။ File ကို (Read only ဖြင့်) ဖွင့်ပါ။ ၃။ DATA ENTRY UNITS : တွင်   US Feet အတွက် 1 ကိုရွေးပါ။ Meters အတွက် 2 ကိုရွေးပါ။ ၄။ Coordinate column တွင် X နှင့် Y ကိုဖြည့်ပါ။ ** (စမှတ်နှင့် ဆုံးမှတ် တူရမည်) ၅။ Points များဖြည့်ပီးပါက ဧရိယာ၏တန်ဖိုး ရရှိပါမယ်။ - - - - - - - - - - - - - မြန်မာနိုင်ငံ ၁ လက်မ= ၁ မိုင်စကေး မြေပုံမှ Indian Yard Grid များအတွက် နမူနာ တွက်နည်း X, Y coordinate ကို ပုံပါအတိုင်း ထည့်သွင်းပါ။ X, Y 474, 411 479, 412 480, 407 475, 406 474, 411 DATA ENTRY UNITS : တွင်   Meters အတွက် 2 ကိုရွေးထား၍ ဧရိယာမှာ unit အနေဖြင့် 26 ရမည်။ Area = 26 x (10000) = 260000 စတုရန်းကိုက်         = 26 x (10000/4840) = 53.72 ဧက ရှင်းလင်းချက်။ မြန်မာနိုင်ငံ ၁ လက်မ= ၁ မိုင်စကေး မြေပုံတွင် ဂရစ် ၁ ကွက် ကိုက် ၁၀၀

Surveyor တစ်ဦးသိသင့်သော manual calculation နည်း

Image
Surveyor တစ်ဦးသိသင့်သော manual calculation နည်းလေးပါ Calculator မှ Polar ,Rectangular အသုံးမပြုပဲ Coordinate ၂စုံမှ distance,Bearing ရှာခြင်းနှင့် Distance, bearing မှ coordinate ရှာခြင်း                                 Ye Wint Aung                                  22.2.2016(11:48PM)

X-Axis, Y-Axis ဆိုတဲ့ Survey အခြေခံ သဘောတရား

Image
Surveyor တစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင် X-Axis, Y-Axis ဆိုတဲ့ Survey အခြေခံ သဘောတရားလေးတွေ ကိုနားလည်ဖို့ လိုပါတယ်။ဒါလေးတွေက ငယ်ငယ်ကသင်ခဲ့ဖူးပါတယ်။သင်ခဲ့ဖူးပေမယ့် ကျွန်တော် ကောင်းကောင်းနားမလည်ခဲ့ဘူး။အခုလို ဒီပညာ လေးတွေ နဲ့ အသက်မွေး ဝမ်းကြောင်း အနေနဲ့ အသုံးပြုလို့ ရတယ်ဆိုတာ မသိ နားမလည် ခဲ့ဘူး။ကျောင်းပြီးလို့ Survey သင်တန်းပြီးခဲ့ပေမယ့် နားမလည်သေးဘူး။ အလုပ်ထဲရောက်မှ ဆင့်ကာ ဆင့်ကာ လေ့လာပြီးမှသဘောတရား ချိတ်ဆက်မှုတွေ ကို လုပ်ငန်းထဲမှာ စီနီယာတွေ သင်ပြပေးမှု နဲ့ တဖြည်းဖြည်း နားလည်ခဲ့ပါတယ်။X , Y ဝင်ရိုး ကို နားလည်မှ Coordinate ( Northing , Easting , Elevation )သဘော တရားတွေကို နားလည်မှာဖြစ်ပါတယ်။ဥပမာ အားဖြင့်Project တစ်ခုကို Assume တန်ဖိုး (Project North) ဖြင့်ထားမယ်ဆိုရင် ဒီသဘောတရားကို နားမလည်ရင် အလုပ်လုပ်ဖို့ ခက်ခဲ နေပါလိမ့်မယ်။ တစ်ကယ်လို့ Project North ⭐️အထားမှားရင်Coordinate တွေ Minus(-) တွေနဲ့ထွက်လာမှာဖြစ်ပါတယ်။ကျွန်တော်တို့ လုပ်မယ့် Project ကိုအမြဲတမ်း First Quadrant 1 ( + , + ) ထဲမှာထည့်ပြီး တွက်ချက်ပါ မှ အလုပ်လုပ်ရတာ လွယ်ကူမှာဖြစ်ပါတယ်။ ဒီသဘောတရား လေးတွေကို နားလည်အောင် သင်တန်း တွေမှာလည်

GPS

Image
GPS လို့ လူသိများတာပေါ့၊ နောက်ပိုင်းစက်တွေကတော့ GPS တွေ Glonass  တွေ ခေါင်းပေါ်မိသမျှ Navigation Satellites တွေ ဖမ်းနိုင်နေကြတော့ GNSS ပေါ့၊  GPS  စက်ကတိုင်းပေးလိုက်တဲ့ အမြင့်က Ellipsoidal အမြင့်ဖြစ်ပါတယ်၊ သူက orthometric height မဟုတ်ပါဘူး၊  အဲ့ဒါက တကယ့် Topo surface မဟုတ်တဲ့ အတွက် GPS ကရတဲ့ Height တန်ဖိုးတွေကို Ortho Height တွေ ပြောင်းပေးဖို့လိုပါတယ်၊  GPS စက်တွေ၀ယ်တုန်းက ပါလာတဲ့ software မှာပါလာတက်ပါတယ်၊ မပါလာလဲ အပြင်မှာချိန်းယူရပါတယ်၊ သိရမှာက EGM (Earth Gravitational Model) ကရတဲ့ အမြင့်တန်ဖိုးပါ၊ EGM96 ကိုသုံးလို့ရသလို EGM2008  ကိုသုံးလဲ ရပါတယ်၊ ဒီမှာတော့ EGM2008 နဲ့ တွက်ပြပါမယ်၊ လက်တွေ့ အနေနဲ့ ဟားခါးမြို့က GPS Point တစ်ခုကိုတွက်ပြပေးပါမယ်၊ ဟားခါးမြို့ အ၀င်မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ဟားခါးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်နှင့် အထက် ၆၁၂၀ ပေဖြစ်ပါတယ်၊ ကျွှန်တော် GPS ကရတဲ့ Ellipsoidal က ၁၈၃၂.၇၀၄ မီတာပါ၊ ပေပြန်ဖွဲ့ရင် ၆၀၁၂.၈၀၈ ပေလောက်ရှိပါတယ်၊ (တစ်မြို့လုံးအတွက် အမြင့်မဟုတ်ပါဘူး ကျွန်တော် GPS စက်နေရာရဲ့ တန်ဖိုးကိုပြောတာပါ။) ပုံသေနည်းကတော့ Ortho H       =        Ell. H       -        EGM. H EG

Alpine Quest apk

Image
သူငယ်ချင်းတို့ ကြုံဖူးကျမလားမသိဘူး TOPO SURVEY သွားတဲ့ အခါမှာ Hand GPS ထဲကို Project BDY point တွေရိုက်ထည့်ပြီး တယောက်က BDY အစတွေ လိုက်ချည်ပေးရတာမျိုးကို။ အဲလိုလုပ်ထားတာတောင်မှ BDY အစရှာမတွေ့လို့ ကျော်တိုင်းမိတာတို့ လိုသွားတာတို့ ဖြစ်ဖူးကျမှာပါ။ အခုလိုဖုန်းတွေ ပေါလာတဲ့ ခေတ်မှာတော့ အဲလို အဖြစ်မျိုးတွေကို ချန်ခဲ့လို့ရပါပြီ 🙂 🙂 🙂  လူတိုင်းက Project ထဲသွားလို့ Hand GPS သာမေ့ကျန်ချင်ကျန်မယ် ဖုန်းကတော့ အမြဲပါကျမှာပါ နောက်ပြီးတော့ Hand GPS တွေကိုလဲ ဗီဒိုထဲမှာ သိမ်းထားလိုက်တော့ပေါ့ 🙂 🙂 🙂 🙂 🙂  ကျွန်တော် အရင်ရက်က တင်ပေးထားတဲ့ offline map apk လေးနဲ့ပဲ ဆက်လုပ်သွားပါမယ် အောက်မှာ ပုံ ၁၄ ပုံရှိပါတယ် ဒါက offline map apk နဲ့ အမျိုးအစားတူတဲ့Alpine Quest apk ပါ အသုံးပြုပုံ အတူတူပါပဲ https://my.pcloud.com/publink/show?code=XZGVmgZ49izEfXTVXbnA9oe774udflfkLJk * ပညာရပ်များသည် သိုဝှက်ထားရန်မဟုတ် * ဒီ apk လေးနဲ့ စတင်မိတ်ဆက်ပေးတဲ့ ဆရာနှာခေါင်းကြီးခေါ် မဟာမင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်လို့ 🙂 🙂  တရေးနိုးပြန်အိပ်မရလို့ post တင်လိုက်သည် 😜😜😜😜 ကျွန်တော်

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Image
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long  =======================================  သို့ Alpine Quest GPS Hiking .apk ဖြင့် ပြောင်းလဲကြည့်ရှု့ခြင်း ========================================== လိုအပ်သော အထောက်အကူပြုပစ ္စည်း  -------------------------------------------- များနှင့်ကြိုတင်လုပ်ဆောင်ထားရန် ---------------------------------------- (၁) Alpine Quest GPS Hiking .apk(Version-2.0.10) (၂) ဆရာ Zaw Hein ပေးထားသော မြန်မာပြည်မြေပုံ(sqlite.db) အားထည့်သွင်းထားရန်။ (၃) ဆရာ Naung Naung မှ Upload တင်ပေးထားသော UTM နှင့် Lat,Long (MMD-2000) အတွက် (SR-ORG: 9178, 9179, 9186 ) Code (၃)ခုအား Location format တွင် import ပြုလုပ်ထားရန်။ မှတ်ချက်။ ( MMD-2000 , India Zone IIB, IIIB, IVB )များရှိနေပါက Error အနည်းငယ်ရှိနေပါသောကြောင့်ယခုချိန်သုံးစွဲခြင်း မပြုသေးပါရန်။ အခြေခံအကြမ်းဖျဉ်းသိရှိထားရမည့်အချက်များ (၁) India Zone IIB – Lat 22  ံ 30' N မှ 28  ံ30'N  အတွင်း   (၂) India Zone IIIB – Lat 15  ံ 30' N မှ 22  ံ30' N အတွင်း   (၃) India Zone IVB – Lat  9  ံ00' N မှ 15  ံ30'N  အတွင

မြေတိုင်းသမားများအတွက် Error and Confidence အကြောင်း

Image
မြေတိုင်းသမားများအတွက် Error and Confidence အကြောင်း တစေ့တစောင်း ဖတ်မိသမျှ  ဝေမျှခြင်း Sayar U San Aye 26 Sept 2016 ———————— -181- မြေတိုင်းသမားများအတွက် Error and Confidence အကြောင်း တစေ့တစောင်း ဖတ်မိသမျှ  ဝေမျှခြင်း Sayar U San Aye 26 Sept 2016