Android ဖုန်းတစ်လုံးနဲ့မပည တွေကိုအသုံးပြုပြီး ဧရိယာ အလွယ်တကူတွက်လို့ရတဲ့အ ကြောင်းလေးပါ
group ထဲက မသိသေးသောသူများအတွက် Android ဖုန်းတစ်လုံးနဲ့မပည တွေကိုအသုံးပြုပြီး ဧရိယာ အလွယ်တကူတွက်လို့ရတဲ့အ ကြောင်းလေးပါ- * ပထမဆုံးမိမိရဲ့ဖုန်းမှာ WPS Office .apk (or) office suit .apk တစ်ခုခု run ထားရပါမယ်။ **အခုတင်ပေးလိုက်တဲ့ Area By Coordinate Method လို့ အမည်ရတဲ့ .xls Excel ဖိုင်လေးကို sd cardထဲထည့်ပြီး WPS office.apk ကနေတဆင့် ဖွင့်လိုက်ယုံပါဘဲ။ ***အဲဖိုင်လေးကိုတော့ မနှစ်က မြေတိုင်းအဖွဲ့ကလို့ထင်ပါတယ်။ ဆရာတစ်ဦးတင်ပေးထားတာပါဆရာ့အမည်ကိုတော့မမှတ်မိတော့ပါ(လေးစားလျက်) ****အဲတာလေးနဲ့ မပည ၆ လုံး သို့မဟုတ် ၁၀ လုံးပါတဲ့ waypoint တွေကို ဆက်စပ် ရိုက်ထဲ့ပြီး ဧရိယာတွက်လို့ရပါတယ် ဘာမြေပုံ ဘာအင်တာနက် ဘာ satellite image မှမလိုပါဘူး။ *****တွက်နည်းကတော့-ပုံ မှာပြထားတဲ့အတိုင်း ရမမ တွေကိုအရင်ရိုက်ပြီး၊ သူနဲ့ကပ်လျက်အကွက်မှာ မမမ တွေကိုထဲ့ရမှာဖြစ်ပါတယ်။ နောက်ဆုံး point ကိုထဲ့ပြီးတာနဲ့ ပထမဆုံး point ရဲ့ မပညကိုပြန်ထည့်ပေးရမှာဖြစ်တယ်။ ပြီးညာဘက်ကိုကြည့်လိုက်ပါ Acres နဲ့ sq.meter တို့နဲ့ဧရိယာတန်ဖိုးပြနေမှာဖြစ်တယ်။ ****** အကယ်၍ Lambert မပည ဖြစ်နေပါက sq.meter န...