THE LEVEL

THE LEVEL


Surveyor level ဆိုသည်မှာ တိုင်းတာသော ကိရိယာစက်ပစ္စည်းတစ်မျိုးဖြစ်ပြီး အထူးသဖြင့် ရေပြင်ညီလိုင်း (Horizontal Line of sight) ကိုဖေါ်ပြထောက်ပံ့သော စက်ကိရိယာကို ခေါ်သည်။ Level တိုင်းတာသောစက်တွင် Telescope မှန်ပြောင်းနှင့်တွဲထားသော Circular Bubble ရေချိန်အ၀ိုင်းပါရှိသည်။ ၎င်းရေချိန်နှင့်မှန်ပြောင်းအတွင်းမှ Horizontal Line တို့မှာ တစ်ခုကိုတစ်ခုမျဉ်းပြိုင်ဖြစ်နေစေပြီး ၎င်းတို့ကို Level ညှိသောအောက်ခြေ Foot Screws များဖြင့် ဖွဲ့စည်းပေးထားသည်။ Auto Level အမျိုးအစားတွင် ရေချိန် (Bubble) သည် Center နေရာ၌ တည်ရှိသောအခါ မှန်ပြောင်းအတွင်းရှိ Line of Collimation မျဉ်းပြိုင်လိုင်းအား ရေပြင်ညီဖြစ်အောင် ဆောင်ရွက်ပေးသော Compensator ပါရှိခြင်းကို Auto Level ဟုခေါ်သည်။ (အောက်ဖေါ်ပြပုံ ပုံ-၁ Level အမျိုးအစားများကိုခွဲခြားသတ်မှတ်ရာတွင် နံပါတ် - 1 Dumpy Level, နံပါတ် - 2 Wye Level, နံပါတ် - 3 Tilding Level, နံပါတ် - 4 Auto Level (လက်ရှိအသုံးပြုနေသောအမျိုးအစား), နံပါတ် - 5 Digital Level, နံပါတ် - 6 Rotating Laser Level ဟူ၍ သတ်မှတ်နိုင်သည်

 


၃။Allowable Closing Error (တရားဝင်လက်ခံနိုင်သောအမှားများ) - ထုံးစံအားဖြင့် Leveling လုပ်ငန်း တိုင်းတာဆောင်ရွက် ရာတွင် ကြိုတင်ကာကွယ်ထိမ်းသိမ်းလိုက်နာရန် Change Point များမြဲမြံစေရန် ဆောင်ရွက်ခြင်း၊ အမှားများစုပေါင်းလာခြင်းမှကာကွယ်ရန် ကြိုတင်ပြင်ဆင်ထိမ်းသိမ်းလိုက်နာခြင်း၊ မတော်တဆ မှားယွင်းနိုင်မှုကိုထိမ်းသိမ်း လိုက်နာ၍ Closing Error များကို ဂရုတစိုက် သတိထားဆောင်ရွက်ရမည်။ Leveling တစ်ခု၏ စုစုပေါင်းအမှားသည် Instrument Station စုစုပေါင်း၏ Square Root တန်ဖိုးကိုအချိုးကျစေသဖြင့် နယ် မြေဒေသတစ်ခု၏ တစ်မိုင်ပတ်လည်အတွင်း Leveling လုပ်ငန်းလုပ်ဆောင်ရာတွင် ကြီးမားသော ပြောင်းလဲမှား ယွင်းမှုမရှိနိုင်သော်လည်း မိုင်များစွာ၏ Error (E) တန်ဖိုးကို အောက်ပါအတိုင်းဖေါ်ပြနိုင်သည်။

E = C √M

C ဆိုသည်မှာ ပုံသေကိန်းတစ်ခုဖြစ်ပြီး Surveyor တစ်ယောက်၏အတွေ့အကြုံနှင့် ဖြစ်ပျက်မှု အခြေအနေများကို ကိုယ်စားပြုသည်။ ၎င်းအပြင် Instrument များ၏ အရည်အသွေးများ၊ မြေမျက်နှာသွင်ပြင်၏ လက္ခဏာများ၊ (Atmospheric Conditions) လေထုပတ်ဝန်းကျင်နှင့်သက်ဆိုင်သောအခြေအနေများ ပေါ်တွင်လည်းမူတည်သည်။ သာမန်အားဖြင့်ဆိုသော် ပြင်ညီသော Ground တစ်ခုပေါ်၌ Leveling တိုင်းတာရာတွင် E=0.05 √M မှာကျေနပ် ဖွယ်ရှိသောပုံသေနည်းအဖြစ် ဖေါ်ပြသည်။


Top of Form

Share · 22 hours ago

 

၁။အောက်ပါ Staff Reading များသည် လမ်းတစ်လမ်း၌ တံတားအောက်တွင်တည်ရှိသော ရထားလမ်း၏ ဖတ်ချက် များဖြစ်သည်။ ၎င်းဖတ်မှတ်များမှာ သံလမ်း Rail နှင့် ယက်မ Girder အကြားရှိဒေါင်လိုက်အကွာအဝေး တို့အားရှာဖွေရန် တိုင်းတာထားပြီး အပေါင်းတန်ဘိုးများဖြင့်ဖတ်မှတ်များသည် ယက်မ၏ အောက်ခြေတွင် Staff အား Inverted Reading အဖြစ်မှတ်ယူရမည်။အောက်ပါဇယားကို ဖြည့်စွက်၍ သံလမ်းနှင့် ယက်မကြား အကွာအဝေးကိုရှာပါ။ 


B.S F.S R.L Remark

1.22 68.40 O.B.M

7.92 Rail a

+ 5.99 Girder above a

8.07 Rail b

+ 5.94 Girder above b

7.94 Rail c

+ 5.88 Girder above c

8.06 Rail d

+ 5.83 O.B.M 68.40


 ၂။ Final check after work done ( လုပ်ငန်းဆောင်ရွက်ပြီးတိုင်းစစ်ဆေးရန် )

အမှတ် A နှင့် B အားပေ ၃၀၀ ခွာ၍ပြင်ညီသောမြေပြင်ပေါ်တွင်ရိုက်ပါ Auto Level အား A အနီးတွင် Setup လုပ် ၍ ရေချိန်ညှိပါ၊ ထို့နောက် Target A နှင့် B အား Staff ထောင်၍ Reading များကိုရယူပါ။ 

အမှတ် A = 5.48 ၊ အမှတ် B = 5.53

၎င်းနောက် Level အား Target B နားတွင်ထား၍ အထက်ပါအတိုင်း ဖတ်ချက်များကိုရယူပါ 

အမှတ် A = 5.31 အမှတ် B = 5.26

အီသို့ဆိုလျှင် Auto Level အား Adjustment လုပ်ရန် လိုအပ်၊ မလိုအပ် ဆိုသည်ကိုဖေါ်ပြပါ။

Peg A ၏ R.L တန်ဖိုးမှာ ၁၀၀.၀၀ ဖြစ်သော် B သည်မည်မျှနည်း။


 Curvature and Refrection ( ကမ္ဘာကြီး၏ ကွေးမှု၊ ခုံးမှုနှင့် အလင်းယိုင်မှုများ ) - ကမ္ဘာမြေကြီး၏ ကွေးမှု၊ ခုံးမှု နှင့်ပတ်သက်၍ အကျိုး သက်ရောက်မှုတွင် Observation တစ်ခု၏ အောက်ဖေါ်ပြပုံမှာ Target A မှ Staff ထောင်ထားသော အောက်ခြေ B မှ Staff ၏ အပေါ် တည့်တည့်ဆီသို့ ထောင်ထားသော Line of Sight မှာ Level Line မဟုတ်ပေ Auto Level ၏ Reticule Cross Hair Line မှာ Horizontal ဖြစ်ကြောင်းတွေ့ရှိရပေမည်။ အဆိုပါပုံတွင် C နှင့် D ၏ကွာခြားချက်မှာ Horizontal Line နှင့် Level Line တို့ Instrument မှ ဖြတ်သွားသော Line များဖြစ်သည်။ A မှ C သို့ Line of Sight အဖြစ်တိုင်းတာရာတွင် C ၌ရရှိသောဖတ်မှတ်နှင့် အကွာအဝေးဖြစ်ပြီး C နှင့် D အကွာအဝေးမှာ Auto Level ၏ Instrument Height အပေါ်တွင်တည်ရှိကြောင်းတွေ့ရမည်။ ထို့အပြင် Staff အောက်ခြေ၌ ရှိသော B ၏ R.L တန်ဖိုးမှာ ၎င်းထက်နိမ့်နေပေမည်။ အမှန်စင်စစ်တွင် ဤကဲ့သို့ကွာခြားမှု ပမာဏကိုအောက်ပါအတိုင်းဖေါ်ပြရာတွင် Auto Level ၏ Sight အလျားအား L ဟုယူဆပြီး ၎င်း L မှာ မိုင်အကွာအဝေးဖြစ်လျှင် အောက်ပါ Geometry ကိုရရှိမည်။

CD= 0.667 L2 ft , Combined Error ED= 0.57 L2 ft

CD=L^2/(Diameter of Earth)


အမှန်တစ်ကယ်မူ Line of Sight မှာ မျဉ်းဖြောင့်မဟုတ်သည်ကိုတွေ့ရပြီး ကမ္ဘာကြီး၏ အကွေးအခုံး အတိုင်းလိုက်သွားမည်ဖြစ်ပြီး လေထု သိပ်သည်းဆနှင့် အလင်းယိုင်မှုတို့၏ အကျိုးသက်ရောက်မှုများနှင့်လည်း သက်ဆိုင်သည်။ ဤသည်မှာ ယေဘူယျအားဖြင့်ဖေါ်ပြပြီး ကမ္ဘာ ကြီးဆီသို့ကွေး၍ ယိုင်ထွက်သွားသည်။ ၎င်းကို A မှ E သို့လားရာ Line အဖြစ်ဖေါ်ပြပြီး E ၌ရရှိသော ဖတ်မှတ်တန်ဖိုးမှာ အမှန်တစ်ကယ် ရရှိသော တိုင်းတာချက်ဖြစ်ပေလိမ့်မည်။ သာမန်လေထုဖိအား အခြေအနေအောက်တွင်မူ A မှ E သို့လားရာ Line မှာ ကမ္ဘာကြီး၏ လုံး ၀န်းသော Radius 1/7 အဖြစ်ယူဆနိုင်သည်။ ထို့ကြောင့် အလင်းယိုင်မှု၏သက်ရောက်မှုမှာ ကွေးမှုခုံးမှု၏ 1/7 ဖြစ်ပြီး၎င်းမှာ ပြောင်းပြန် အ မှန်တစ်ကယ် Point ချိန်ရာတွင်နိမ့်သွားသော ပမာဏ Combined Error အဖြစ်ရရှိစေသည်။ သို့သော်ပုံမှန်အခြေအနေ Lengths of Sights မြင်ကွင်းအလျား၏ Error မှာအလွန်သေးငယ်နေသည်။ အဘယ့်ကြောင့်ဆိုသော် Back Sight နှင့် Fore Sight အကွာအဝေးတူ ညီမှုဖြင့် ၎င်း Error အားဖယ်ရှားနိုင်သည်။ ဥပမာ- B နှင့် B1 ကြား (ပုံတွင်ကြည့်ပါ) ။ အထက်ပါရရှိနိုင်သော Error များကို ပြောင်းပြန်အ ချိုးကျ Levelling Method ဖြင့်ဖယ်ရှား ဖေါ်ထုတ်နိုင်သည်။


Reciprocal Levelling ( အချိုးတူညီစွာဖြင့် တိုင်းတာခြင်း ) – Sights နှစ်ခုကြားတွင်သက်ရောက်စေသော Auto Level ၏ Collimation Error မှာ အလင်းယိုင်မှု၊ ကွေးမှုတိုကြောင့် သက်ရောက်စေနိုင်သဖြင့် ဤနည်းဖြင့်တိုင်းတာဖြေရှင်းနိုင်သည်။ ဤကဲ့သို့ Two Sets Observation ဖြင့်တိုင်းတာဆောင်ရွက်ရာတွင် Level ကွာခြားမှု Error မှာလည်း နှစ်မျိုးရရှိပေမည်။ ၎င်းကွာခြားချက်နှစ်ခုကို ပျမ်းမျှခြင်း ဖြင့် အဖြေစစ်အဖြေမှန်ရရှိနိုင်သောကြောင့် Level ၏ကွာခြားချက်နှစ်ခု ပျမ်းမျှခြင်းသည် လိုအပ်သောကွာခြားချက်ကို ရရှိစေနိုင်သည်။


Credit to Original Writer


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long