2 peg test အကြောင်း
2 peg test အကြောင်းလေးတင်ပါရစေခင်ဗျာ
မတင်မီ ရာဇဝင်လေးရှင်းပြပါဦးမယ်
ကျွန်တော်တွေ့ဖူးတဲ့ လူတွေထဲမှာ အဲ့ဒီဆရာက
ပညာပါရမီအရမ်းကောင်းတယ်ပြောရမှာပဲ
SURVEY ဆိုလည်း ဆရာတစ်ဆူ
ပန်းချီဆိုလည်းရ
GUITER ဆိုလည်း Note ဖတ်တတ်တဲ့အထိလောက်ရမယ်
ထင်တယ်
golf မှာလည်း ဆရာ
သူကျွန်တော့်ကို သင်ပြဖူးတာလေးတစ်ခုရှိတယ် level
instrument မှာ upper ဖတ်ချက်ထဲက lower ဖတ်ချက်နှုတ်
၁၀၀ × ရင် level instrument setting ချထားတဲ့
နေရာကနေ Staff ထောင်ထားတဲ့နေရာအထိအကွာအဝေးရမယ်
နောက်ဆရာတစ်ယောက်က error ဝင်နေတဲ့ level instrument တစ်လုံးဟာ back sight မှ instrument အကွာအဝေး နဲ့ fore sight မှ instrument အကွာအဝေးတူ
ညီခဲ့ရင် error ဟာပျောက်သွားတယ်လို့သင်ပါတယ်
အဲ့ဒီ ဆရာနှစ်ဦးကြောင့်ကျွန်တော် survey instrument
တွေအသုံးချမှုတွင်ကျယ်ပုံတွေ သိချင်လာပါတယ်
ကံကောင်း ထောက်မစွာနဲ့ ဒီနေ့သိခွင့်ရနေပါတယ်
2 peg test ဆိုတာ level error စစ်ဆေးတာဖြစ်ပါတယ်
level error စစ်ဆေးဖို့အတွက် ပေ ၂၅၀ ပေ ၃၀၀ ခန့် ရှိမယ်မြေပြန့်တခု လိုအပ်ပါမယ်(မြေပြန့်မဟုတ်လည်းရပါသည် သို့သော်မြေပြန့်ဆိုပိုကောင်းပါသည်) အလယ်တည့်တည့်တွင်
Level instrument ကို setting ထိုင်ရပါမည် ပြီးလျှင် back
sight ဖတ်ပါ ဒီနေရာမှာ တွက်လို့အဆင်ပြေအောင် ကျွန်တော်တို့ existing elevation ကို ကိုယ့်ဖာသာပဲ ၁၀ ပေ
သတ်မှတ်လိုက်ပါမယ်(existing elevation ကို ကိုယ့်စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်)ပြီးတော့ back sight ကို
Aအမှတ် fore sight ကို Bအမှတ်ဟု သတ်မှတ်ပါမယ်
back sight ဖတ်ချက် ၃ ပေ နှင့် fore sight ဖတ်ချက် ၂.၉ ပေရပါတယ် (ဥပမာ ဖတ်ချက်ဖြစ်သည် လက်တွေ့တွင် ရချင်သလောက်ရနိုင်ပါသည်)
formula
existing elevation + back sight =hight of instrument
10 + 3=13
Hight of instrument - fore sight = New elevation
13-2.9=10.10
A အမှတ်ထက် Bအမှတ်ဟာ 0.10မြင့်နေတာဖြစ်ပါတယ်
ဒီနေရာမှာတစ်ခုပြောစရာရှိပါတယ် instrument ကောင်းရင်
ဖတ်ချက် error ကင်းပါမယ် instrument မကောင်းရင်တော့ error တက်ပါမယ် ခုနဆရာတစ်ယောက်သင်ခဲ့တာက ဒီနေရာမှာအသုံးဝင်ပါမယ် အကွာအဝေးတူရင် error ပျောက်ပါတယ် အကွာအဝေးတူရင် error ပျောက်တဲ့အကြောင်း
ကျွန်တော်ဥာဏ်မှီသလောက်ရှင်းပါဦးမယ် level instrument
မှာ collimation line ဆိုတဲ့မျက်ကြည့်မျဉ်းရှိပါတယ် အဲဒီမျဉ်းက ရေပြင်ညီနှင့်အပြိုင်ပါ error ရှိရင် ဒါမှမဟုတ် setting ထိုင်ချိန် bubble အလယ်မကျ ရင် collimation line ဟာ အပေါ်ထောင်ခြင်း အောက်စိုက်ခြင်းဖြစ်နိုင်ပါတယ်
အကွာအဝေးတူရင် error ပျောက်တာက ကျွန်တော်တို့ငယ်ငယ်က ကွန်ပါ စူးဒေါက်နှင့်စက်ဝိုင်းဆွဲဖူးကျမှာပါ ဘာကြောင့်အဝိုင်းဖြစ်လည်းဆိုတော့ center စူးချထားတဲ့နေရာကနေ အကွာအဝေးတူတဲ့အစက်လေးတွေထိစပ်သွားလို့ပါ
level မှာလည်း အောက်စိုက်စိုက် အပေါ်ထောင်ထောင် အကွာအဝေးတူလို့ error ပျောက်ခြင်းဖြစ်ပါတယ် တကယ်တမ်းက ရေပြင်ညီနှင့်ပြိုင်ရမှာပါ error က အောက်စိုက်တာဆိုရင် Aအမှတ်မှာ ရေပြင်ညီကနေ အောက်စိုက်တဲ့အကွာအဝေးလေးရှိမယ် Bအမှတ်မှာလည်းရှိမယ်
ဘယ်လို စစ်မလဲဆိုတော့ instrument ကို Aအမှတ်နဲ့အနီးဆုံးရွှေ့ပြီး Setting ထိုင်ပါမယ် (instrument
ဝယ်ရာတွင် အနီးဆုံးဖတ်နိုင်စွမ်းနှင့်အဝေးဆုံးဖတ်နိုင်စွမ်း အကောင်းဆုံးကို ရွေးချယ်ဝယ်ယူသင့်သည် ပထမinstrument
အနီး ၁ပေ အဝေးဆုံး ပေ၁၀၀၀ ဒုတိယ instrument အနီးဆုံး ၃ပေ အဝေးဆုံး ပေ၅၀၀ ဆိုလျှင် ပထမinst ကိုဝယ်ရမည်)
Aကို backsight ဖတ်ချက် ၃.၁ ပေ
existing elevation + backsight= hight of instrument
10+3.1=13.1
hight of instrument - foresight=new elevation
13.1- foresight= 10.10
foresight= 13.1-10.1
foresight=3
ဖြစ်ရမှာဖြစ်ပါတယ် foresight ၃ပေ ရခဲ့ရင်တော့ error မရှိပါဘူး ၃.၂ ဆိုရင် အပေါ်ထောင် error ဝင်တာဖြစ်ပြီး
၂.၈ ဆိုရင်တော့ အောက်စိုက် error ဝင်နေခြင်းဖြစ်ပါတယ်
error ဘယ်လိုရှင်းမလဲ အပေါ်ထောင် error ဆိုရင်
၃-၃.၂=၀.၂၀
၀.၂၀ ဟာ
foresight ကော backsight ကောနှစ်ဖက်မှားလို့မှတ်ယူပြီး
၀.၂၀ ကိုနှစ်နဲ့ ÷ပါမယ် ပြီးရင် foresight ဖတ်ချက်အမှန်ဖြစ်တဲ့
၃ နှင့်ပေါင်း ၃.၁ ရပါတယ်
collimation line ပြင်ပါမယ်
level မှာ မျက်ကြည့်ပေါက် eye piece ရှိပါတယ်
eye piece ရဲ့ ရှေ့မှာ အရစ်ပါတဲ့ ကော်ကွင်းလေးရှိပါတယ်
အဲဒါလေးလှည့်ဖြုတ်ပါ အပေါ်ဘက်မှာ တင်းလို့လျော့လို့ရတဲ့
ဝက်အူလေးရှိပါတယ် အဲ့ဒါလေး တင်းတာလျော့တာလုပ်ပြီးပြင်
ရမှာဖြစ်ပါတယ် instrument ကို B အမှတ်သို့ foresight
ဖတ်လျှင် အပေါ်ထောင်အမှားဖြစ်နေမည့် ၃.၂ ကို လျော့ခြင်း
တင်းခြင်းလုပ်၍ ၃.၁ ရအောင်ပြင်လျှင်ပြီးပြီဖြစ်ပါသည်
အောက်စိုက်အမှားလည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်
အမှာအယွင်း တစ်စုံတစ်ရာပါလျှင် ကျွန်တော်၏ ပညာရေ မပြည့်ဝမှုသာဖြစ်ပါသည် ဆရာများနှင့်မသက်ဆိုင်ပါ
ဖတ်ရှုသူအပေါင်း ကျန်းမာ ပျော်ရွှင် ကျပါစေခင်ဗျာ
Paing Soe Ko
11 July 2016
Comments
Post a Comment