Posts

Showing posts from June, 2020

Jobs

Image
Please Admin တင်ခွင့်ပြုပါရှင့် Lin Lat Aung Co ,LTD.  မန္တလေးတိုင်း ရွှေဘိုမြို့နယ်နှင့် တောင်ကြီးမြို့နယ်ရှိလမ်းပိုင်းဆိုင်ရာ New Projectများတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါဝန်ထမ်းများ Urgent အလိုရှိပါသည် - Project Manager (Male - 2)    Experience - 10 years above - Project engineer (Male - 2)    Experience - 8 years above - site engineer (Male - 5)    Experience - 5 years above - Junior Site Engineer (Male - 2)    Experience - 3 years above - Junior Surveyor (Male - 2)    Experience - 1 year above - Driver - ( Male -2) ရန်ကုန် Main officeတွင်    တာဝန်ထမ်းဆောင်ရန်ဖြစ်ပါသည်    ရန်ကုန်မြို့တွင်းကျွမ်းကျင်စွာမောင်းနိုင်ရမည် * Engineer post များအားလုံးအတွက်    BE / AGTI (Civil) ဖြစ်ရမည် * သက်ဆိုင်ရာ ရာထူးနှင့်လုပ်ငန်းအတွေ့ကြုံများ    ပေါ်မူတည်၍ လစာညှိုနှိုင်းပေးပါမည် * ၃၀.၆.၂၀၂၀ နောက်ဆုံးထား၍လျှောက်ထား    နိုင်ပါသည် * Interview များအားသီးခြားရက်သက်မှတ်၍    ကြိုတင်အကြောင်းပြန်ပေးပါမည် Contract - 09694030307 (Office Time) E.mail - gdhrdepartment@gmail.com Adress - No. 6/A, Thuwanna, Pa

GPS

Image
 GPS အကြောင်းပြောရမည်ဆိုလျင် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် စစ်အေးကာလ အတွင်း ရုရှား(ယခင် ဆိုဗီယက် ပြည်ထောင်စု)မှ ပထမဆုံးဂြိုလ်တု Sputnik ကို လွှတ်တင်လိုက်ခြင်းမှ အစပြုရမည် ဖြစ်သည်။ ပထမဆုံးဂြိုလ်တု Sputnik ထိုနေ့က Sputnik ဂြိုလ်တုမှ ထုတ်လွှင့်နေသော ရေဒီယို အချက်ပြများကို နိုင်ငံတကာမှ ဝါသနာရှင်များ၊ပညာရှင်များက ဖမ်းယူ နားထောင်နေကြသလို အမေရိကန်ပြည်ထောင်စု MIT မှ ပညာရှင်များကလည်း နားထောင်နေခဲ့ကြသည်။ဂြိုလ်တုမှ ထုတ်လွှင့်နေသော အချက်ပြများသည် အခြေစိုက်စခန်းနှင့်နီးလာစဉ်တွင် တိုးလာပြီး၊အခြေစိုက်စခန်းနှင့်ဝေးသွားသည့်အခါ လျော့သွားကြောင်း ပညာရှင်များက သတိထားမိခဲ့ကြသည်။၄င်းမှာ Doppler Effect ကြောင့်ဖြစ်သည်ကို ပညာရှင်များက နားလည်သဘောပေါက်ခဲ့ကြပါသည်။ဂြိုလ်တုတွေကို ၄င်းတို့က ထုတ်လွှင့်နေတဲ့ ရေဒီယို လှိုင်းတွေကို တိုင်းတာခြင်းဖြင့် ဂြိုလ်တုတွေကို မြေပြင်ကနေ ခြေရာခံနိုင်သလို အပြန်အလှန်အားဖြင့် လက်ခံဖမ်းစက်(Receiver) နဲ့ ဂြိုလ်တု တွေရဲ့ အကွာအဝေးကိုသိရင် လက်ခံဖမ်းစက် (Receiver)တွေကိုလည်း ခြေရာခံနိုင်ပါတယ်။လက်ကိုင်ဖုန်းက GPSတွေနဲ့ ကားတွေမှာတပ်ဆင်ထားတဲ့ GPSတွေက ကိုယ့်အပေါ်မှာရှိနေတဲ့ ဂြိုလ်တု ၄ လုံး(သိ

BM

Image
Standard BM, Embedded BM, Pipe BM, Bolt BM ဆိုပြီး ရှိတာမှာ အခုအောက်မှာဖော်ပြထားတဲ့ပုံက Bolt BM အမျိုးအစားဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ အထက(၁)ကျောင်းမှာ ရှိတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ Bolt BM ဆိုတာကတော့ အစိုးရ အဆောက်အဦတွေရဲ့ နံရံကိုထွင်းပြီး ၆ လက်မခန့် အရှည်ရှိ ဘုလုံးပါသံချောင်းကို မြှုပ်ပြီးထည့်ထားတာဖြစ်ပါတယ်။ သူရဲ့အထက်မှာ ကြေးပြားကပ်ပါတယ်။ ကြေးပြားမှာတော့ တည်ဆောက်တဲ့ခုနှစ်နဲ့ အဲ့ဒီနှစ်မှာတည်ဆောက်တဲ့ BM အမှတ်စဉ်ကို ရေးပါတယ်။ ၆၂၀၄၆ ဆိုတာကတော့ ၆၂ က ၁၉၆၂ ခုနှစ်က တည်ဆောက်တာကို ပြောတာဖြစ်ပြီး၊ ၀၄၆ ဆိုတာက တည်ဆောက် တဲ့နှစ်မှာ ၄၆ လုံးမြောက် BM အမှတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်မြေတိုင်းဌာနဆိုတာ အရင်တုံးက Burma Survey Department ကို ဘာသာပြန်ထားတာဖြစ်ပြီး၊ အခုတော့ မြေတိုင်း ဦးစီးဌာနဖြစ်ပါတယ်။ နိမ့်မြင့် ပဋ္ဌမဆိုတာကတော့ တိကျမှန်ကန်မှုတန်ဖိုး (Accuracy) ပထမတန်းစား ကို အရင်က ပဋ္ဌမလို့ရေးတာဖြစ်ပါတယ်။ Level တိုင်းတဲ့အခါ Staff ကို အဲ့ဒီဘုလုံးပေါ် တင်/ထောင်ပြီးတိုင်းရတာဖြစ်ပါတယ်။ မြေတိုင်းဦးစီးဌာနက GCP တွေ၊ BM တွေမှာ တန်ဖိုးဖော်ပြလေ့မရှိပါဘူး။ တချို့နေရာတွေ ဥပမာပ