BM
Standard BM, Embedded BM, Pipe BM, Bolt BM ဆိုပြီး ရှိတာမှာ အခုအောက်မှာဖော်ပြထားတဲ့ပုံက Bolt BM အမျိုးအစားဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ အထက(၁)ကျောင်းမှာ ရှိတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ Bolt BM ဆိုတာကတော့ အစိုးရ အဆောက်အဦတွေရဲ့ နံရံကိုထွင်းပြီး ၆ လက်မခန့် အရှည်ရှိ ဘုလုံးပါသံချောင်းကို မြှုပ်ပြီးထည့်ထားတာဖြစ်ပါတယ်။ သူရဲ့အထက်မှာ ကြေးပြားကပ်ပါတယ်။ ကြေးပြားမှာတော့ တည်ဆောက်တဲ့ခုနှစ်နဲ့ အဲ့ဒီနှစ်မှာတည်ဆောက်တဲ့ BM အမှတ်စဉ်ကို ရေးပါတယ်။ ၆၂၀၄၆ ဆိုတာကတော့ ၆၂ က ၁၉၆၂ ခုနှစ်က တည်ဆောက်တာကို ပြောတာဖြစ်ပြီး၊ ၀၄၆ ဆိုတာက တည်ဆောက် တဲ့နှစ်မှာ ၄၆ လုံးမြောက် BM အမှတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်မြေတိုင်းဌာနဆိုတာ အရင်တုံးက Burma Survey Department ကို ဘာသာပြန်ထားတာဖြစ်ပြီး၊ အခုတော့ မြေတိုင်း ဦးစီးဌာနဖြစ်ပါတယ်။ နိမ့်မြင့် ပဋ္ဌမဆိုတာကတော့ တိကျမှန်ကန်မှုတန်ဖိုး (Accuracy) ပထမတန်းစား ကို အရင်က ပဋ္ဌမလို့ရေးတာဖြစ်ပါတယ်။ Level တိုင်းတဲ့အခါ Staff ကို အဲ့ဒီဘုလုံးပေါ် တင်/ထောင်ပြီးတိုင်းရတာဖြစ်ပါတယ်။ မြေတိုင်းဦးစီးဌာနက GCP တွေ၊ BM တွေမှာ တန်ဖိုးဖော်ပြလေ့မရှိပါဘူး။ တချို့နေရာတွေ ဥပမာပြင်ဦးလွင်မြေတိုင်းကျောင်းဝင်းထဲက ခုံမှာတော့ ဖော်ပြထားပါတယ်။ နိုင်ငံတော်ဘတ်ဂျက်အကုန်ခံပြီး တည်ဆောက်တိုင်းတာထားတာဖြစ်လို့ နိမ့်မြင့်တန်ဖိုးလိုရင် ဌာနကသတ်မှတ်နှုန်းထား ပေးဆောင်ရပါတယ်။ အဲ့ဒီငွေကိုတော့နိုင်ငံတော် ဝင်ငွေအဖြစ် ဘဏ်ကိုသွင်းပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ.. အောင်မိုး(မြေတိုင်း) (၁၃-၇-၂၀၁၇)
Comments
Post a Comment