Auto Level error check နည်း

Auto Level error check နည်းပါ 

ဘာလို့လည်းဆိုတော့ Surveyor တစ်ယောက်အနေနဲ့ ကိုယ်သုးံနေတဲ့စက်ရဲ့error ကိုသိဖို့လို့ပါတယ်။ ကျနော် level instrument error check  နည်းအကြောင်းလေးရှင်းပြပါမယ်။ ကျနော်အကြံပေးလိုတာကတော့ အခြေအနေ အမျိုးမျိုးရှိပါတယ်။ဥပမာ ကိုယ်က project အစမှာလုပ်ရမှာလား၊ Project က on going လား ။ Project ကပြီးတော့မှာလား ၊ကိုယ်လုပ်မဲ့ company က surveyor ရှိပြီးသားလား။ အဲလူက အလုပ်ထွက်သွားတာလား။ အဲမှာအရေးကြီးတယ်နော် ကိုယ့်ရှေ့က surveyor က တလွဲလုပ်ခဲ့တယ်။ သူက နုတ်ထွက်သွားတယ်ဆိုရင် အဲ ပြသာနာတွေက ကိုယ့်အပေါ်ကို ကျလာတတ်ပါတယ်။ကိုယ့်ရှေ့က surveyor က instrument ကို သပ်သပ်ရပ်ရပ် ဂရုစိုက်သလားပေါ့။ ကိုယ့်ရှေ့က Surveyor က instrument အကိုင်ကြမ်းတယ်ဆိုရင် အဲ Instrument က ကိုယ့်ဆီရောက်လာရင် တိုင်ပတ်တတ်တယ်။အဲတော့ ကိုယ့်ဆီရောက်လာတဲ့ instrument ကို အလွယ် error  check နည်းပေါ့ ပုံနဲ့တကွဖော်ပြပေးထားပါတယ်။ Error ကိုသိရင် Company ကို complain တက်လို့ရတာပေါ့ ။ကိုယ့်ဘက်က safe ဖြစ်တာပေါ့။ 

     လွယ်လွယ်လေးပါ 

Point 2 point ရှိရမယ်။ SM1 နဲ့ SM2 (မှတ်ချက် ကြိုက်သလို နာမည်ပေးလို့ရပါတယ်) SM1 နဲ့ SM2 ရဲ့ အကွာအဝေးက 40m ရှိတယ်ဆိုပါစို့။ အဲတော့ ကိုယ်က Level Instrument  ကို SM1နဲ့ SM2 ရဲ့ ကြား 20m ပေါ့ အဲမှာ level instrument ကို set up လုပ်ပါ။ပြီးရင် 

          SM1 ကို ဖတ်ပါ reading 1.138 က B.S ပေါ့(Backsight) ပုံမှာ ကြည့်လို့ရပါတယ်။

          SM2 ကို ဖတ်ပါ reading 1.258 က F.S ပေါ့ ( foresight) ပုံမှာကြည့်ပါ။ ပြီးရင်

 instrument ကို SM1နောက် (သို့) SM2 နောက် ကို 8m(သို့) 7m ရွှေ့ပါ။

ပုံထဲမှာတော့ SM2 နောက်ကို ရွှေ့ထားတယ်။

အဲမှာ

  SM2 ကို ဖတ် reading 1.274 က B.S ပေါ့ 

  SM1 ကို ဖတ် reading 1.155 က F.S ပေါ့ ပုံမှာ ကြည့်ပါ။

ဖတ်ပြီးသွားရင် 

        SM1 က B.S နဲ့ SM2 က B.S ကို ပေါင်းပါ။

        SM1 က F.S နဲ့ SM2 က F.S  ကို ပေါင်းပါ။

ပေါင်းပြီးရင် 

F.S(SM2+SM1) - B.S(SM1+SM2) နုတ်ပါ 

       2.413         -        2.412


ရလားတဲ့ အဖြေဟာ Instrument ရဲ့ Error ပါပဲ။

ပုံမှာပြထားတဲ့ Error က 1mm ပါ ပြသာနာ မရှိပါဘူး။ 

ဒါပေမဲ့ ကိုယ်လုပ် တဲ့ အပိုင်းက Construction  (or) Foundation . Foundation  ပိုင်းမှာ ပြသာနာ သိပ်မရှိပါ။

Construction ပိုင်းကတော့အရေးကြီးတယ်။ Slab level ပေးရင် Area ကျယ်တယ်ဆိုရင် တတ်နိုင်သမျှ ကိုယ်ပေးမဲ့ Slab Area ရဲ့ အလယ်ကို Instrument ကို set up လုပ်ပြီး သွားပေးတာအကောင်းဆုးံပဲ အဲလိုပေးရင် 3mm လောက် Error ကို လျော့နိုင်တယ် ။ 

ဆက်ပါအုးံမယ်။ 


    သိသောသူများ ကျော်ဖတ်၍ မသိသေးသောသူများ ဗဟုသုတရစေသော် ။

အလုပ်အကိုင် အဆင်ပြေကြပါစေ။ ကျန်းမာကြပါစေ.......




Copied from Myanmar Surveyor Group

Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long