MS Excel ကိုအသုံးပြု၍ Coordinate များမှ ဧရိယာတွက်ချက်ခြင်း
MS Excel ကိုအသုံးပြု၍
Coordinate များမှ ဧရိယာတွက်ချက်ခြင်း
MS Excel ကိုအသုံးပြု၍
Survey Points, GPS Points, UTM points Coordinate များမှ ဧရိယာတွက်ချက်နည်းကို
လေ့လာအသုံးချနိုင်ရန် မျှဝေလိုက်ပါတယ်။
၁။ Area By Coordinate Method MS Excel file ကို
အောက်မှာ ဒေါင်းပါ။
၂။ File ကို (Read only ဖြင့်) ဖွင့်ပါ။
၃။ DATA ENTRY UNITS : တွင်
US Feet အတွက် 1 ကိုရွေးပါ။
Meters အတွက် 2 ကိုရွေးပါ။
၄။ Coordinate column တွင်
X နှင့် Y ကိုဖြည့်ပါ။
** (စမှတ်နှင့် ဆုံးမှတ် တူရမည်)
၅။ Points များဖြည့်ပီးပါက ဧရိယာ၏တန်ဖိုး ရရှိပါမယ်။
- - - - - - - - - - - - -
မြန်မာနိုင်ငံ ၁ လက်မ= ၁ မိုင်စကေး မြေပုံမှ
Indian Yard Grid များအတွက် နမူနာ တွက်နည်း
X, Y coordinate ကို ပုံပါအတိုင်း ထည့်သွင်းပါ။
X, Y
474, 411
479, 412
480, 407
475, 406
474, 411
DATA ENTRY UNITS : တွင်
Meters အတွက် 2 ကိုရွေးထား၍
ဧရိယာမှာ unit အနေဖြင့် 26 ရမည်။
Area = 26 x (10000) = 260000 စတုရန်းကိုက်
= 26 x (10000/4840) = 53.72 ဧက
ရှင်းလင်းချက်။ မြန်မာနိုင်ငံ ၁ လက်မ= ၁ မိုင်စကေး မြေပုံတွင်
ဂရစ် ၁ ကွက် ကိုက် ၁၀၀၀ ရှိ၍ ဂရစ် ၁ စိတ်လျှင် ကိုက် ၁၀၀ ရှိမည်။
ထို့ကြောင့် ရလာသည့် ဧရိယာ unit 26 ကို 10000 ဖြင့် မြှောက်က
စတုရန်းကိုက်ရမည်။ ၁ဧက 4840 စတုရန်းကိုက် ဖြစ်၍
260000 စတုရန်းကိုက်အား 4840 စတုရန်းကိုက် ဖြင့်စားက
53.72 ဧကရမည်။
** မိမိအသုံးချလိုသည့် ယူနစ်အလိုက်
လိုအပ်သလို ပြောင်းလဲ အသုံးချနိုင်ပါသည်။**
Credit
Comments
Post a Comment