Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long


Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long 
======================================= 
သို့ Alpine Quest GPS Hiking .apk ဖြင့် ပြောင်းလဲကြည့်ရှု့ခြင်း
==========================================
လိုအပ်သော အထောက်အကူပြုပစ ္စည်း 
--------------------------------------------
များနှင့်ကြိုတင်လုပ်ဆောင်ထားရန်
----------------------------------------
(၁) Alpine Quest GPS Hiking .apk(Version-2.0.10)
(၂) ဆရာ Zaw Hein ပေးထားသော မြန်မာပြည်မြေပုံ(sqlite.db) အားထည့်သွင်းထားရန်။
(၃) ဆရာ Naung Naung မှ Upload တင်ပေးထားသော UTM နှင့် Lat,Long (MMD-2000) အတွက် (SR-ORG: 9178, 9179, 9186 ) Code (၃)ခုအား Location format တွင် import ပြုလုပ်ထားရန်။
မှတ်ချက်။ ( MMD-2000 , India Zone IIB, IIIB, IVB )များရှိနေပါက Error အနည်းငယ်ရှိနေပါသောကြောင့်ယခုချိန်သုံးစွဲခြင်း မပြုသေးပါရန်။

အခြေခံအကြမ်းဖျဉ်းသိရှိထားရမည့်အချက်များ
(၁) India Zone IIB – Lat 22  ံ 30' N မှ 28  ံ30'N  အတွင်း  
(၂) India Zone IIIB – Lat 15  ံ 30' N မှ 22  ံ30' N အတွင်း  
(၃) India Zone IVB – Lat  9  ံ00' N မှ 15  ံ30'N  အတွင်း
(၄) UTM Zone 46 -  Long 90  ံE မှ 96  ံE  အတွင်း  
(၅) UTM Zone 47 -  Long 96  ံE မှ 102  ံE  အတွင်း
(၆) မြေပုံညွှန်းနည်း၏ အခြေခံသဘောတရားများ
(၇) ပြောင်းလဲလိုသော မပည၏ အနီးစပ်ဆုံးသောမြို့  ၊အရပ်မျက်နှာနှင့် Zone အမှတ် ကိုသိထား သင့်ပါသည်။

လုပ်ဆောင်ပုံအဆင့်ဆင့်
----------------------------
အဆင့်(၁)။ ပေးထားသော Lambert မပည ၏ ရှေ့မူမျဉ်း ၊ မြောက်မူမျဉ်း တန်ဖိုး အပြည့်အစုံရှာယူခြင်း။

အဆင့်(၂)။ ရရှိလာသော မပည အပြည့်အစုံအား .apk တွင် Searching ဖြင့် အတိ အကျနေရာ ရှာဖွေခြင်း။

အဆင့်(၃)။ UTM မပည နှင့် Lat , Long Coordinate အဖြစ်ပြောင်းလဲကြည့်ရှု့ခြင်း။

အဆင့်(၄)။ Coordinade Master.apk ဖြင့်ပြန်လည်ဆန်းစစ်ခြင်း။

ဥပမာ(၁)။ 1:63360 scale Lambert မြေပုံ ခန့်မှန်း မပည (T.100 537)၊ မိုင်းပန်မြို့နှင့်မနီးမဝေး၊ အနောက်တောင်ဘက်နေရာတစ်ခုအား UTM မပညနှင့် Lat, long Coordinate အဖြစ်ပြောင်းလဲကြည့်ရှု့ရန်။

အဆင့်(၁)
-------------
(၁) AQ.apk  အားဖွင့်၍ Map Page> My Onboard maps မှ မြန်မာပြည်မြေပုံ ကိုရွေးပါ။မြေပုံပေါ်လာလျှင်-
(၂) Setting> Location format> MYANMAR > India Zone IIIB ကိုရွေးပါ။
 (မိုင်းပန်မြို့သည် India Zone IIIB ထဲတွင်တည်ရှိသည်)

(၃) Secondary Loc. format တွင် MMD-2000 Lat , Long (DMS)ကို ရွေးထားပေးပါ။

(၄) ဖုန်း၏အလယ်ဗဟို Centre ရှိ အဖြူရောင်(point) လေးဖြင့် ရှမ်း/တောင် မိုင်းပန်မြို့ကိုရှာပြီး၊၄င်းမြို့၏ အနောက်တောင်ဘက်မိုင်အနည်းငယ် ခန့် အကွာကိုထောက်ကြည့်ပါ။ ဖုန်းအပေါ်ဘက်တွင်ပေါ်နေသော Lambert မပညများကိုကြည့်ပါ။(28× × × × × E ,  11 × × × × × N)ကို တွေ့ရှိ ရမည်ဖြစ်ပါသည်။)××××× နေရာများတွင် မိမိထောက်ထားသည့်နေရာ အလိုက် ပြောင်းလဲနေပါလိမ့်မည်။ (ကျနော်ရသည်မှာ-2803926 E, 1153863 N ကိုထောက်မိပါသည်။)

(၅) အထက်ပါတွေ့ရှိရသော မပည ၏ ရှေ့မူမျဉ်း၊မြောက်မူမျဉ်းတန်ဖိုးများသည် အပြည့်အစုံဖြစ်ပါသည်။   ပေးထားသော( T.100 537) မှာ ရှေ့ခေါင်း(၂)လုံးနှင့် နောက် အမြီး(၂)လုံး မပါ၊ အလယ် (၃)လုံးများကိုသာ ယူထားပြီး ရှေ့တွင် မြေပုံပေါ်မှ ဂရစ်အက္ခရာ ကိုတပ်ထားခြင်း ဖြစ်ပါသည်။

(၆) ထိုကြောင့်ပေးထားသော မပည ၏ အပြည့်အစုံမှာ- India Zone IIIB ,
   28 100 50 E ,နှင့် 11 537 50 N ဖြစ်ပါသည်။

(၇) ဆိုလိုသည်မှာ- အထက်ပါအပိုဒ် (၁)မှ(၄) သည်။ ပေးထားသော Lambert မပည ၏ ရှေ့မူမျဉ်းနှင့်မြောက်မူမျဉ်းများ၏ ရှေ့ခေါင်း(၂)လုံးတန်ဖိုးများ ကို AQ.apk ရှိ မြန်မာပြည်မြေပုံပေါ်ထောက်၍ အရင်ရအောင်ရှာယူ လိုက်ခြင်း ဖြစ်ပါသည်။

(၈) နောက်အမြီး(၂)လုံးတန်ဖိုးများကိုတော့ အနီးစပ်ဆုံးဖြစ်ရန် ကိုက်(100)၏ တစ်၀က်(50) ကိုပျှမ်းမျှယူထားလိုက်ခြင်းဖြစ်ပါသည်။
 
အဆင့်(၂)
----------

(၁) landmark(အလံပုံ) > Search a Location > search format တွင် India Zone IIIB ကိုရွေး။
(၂) E နေရာတွင် 2810050 နဲ့  N နေရာတွင် 1153750 ကိုရိုက်ထည့်။SEARCH ကိုနှိပ်။
(၃) မြေပုံပေါ်တွင် ၄င်း မပည နေရာပေါ်နေသည်ကိုတွေ့ရှိရပါလိမ့်ပါမည်။

အဆင့်(၃)
------------
(၁) Main Menu > Setting > Location format > IMPORTED FORMATS > MMD.2000 , UTM Zone-47 ကိုရွေးပြီးပြောင်းလိုက်ပါ။ ပြီးလျှင်-
(၂) Landmark > Displayed Landmarks > ခုနကထည့်ထားသော 2810050 E, 1153750 N ကိုတစ်ချက်နှိပ်ပြီးပုံတွင်ကြည့်ပါ။
(၃) ဖုန်းအပေါ်တွင် UTM မပည  430623 E, 2240666 N နှင့် အောက်တွင် 20  ံ15' 50.8'' N,  98  ံ20' 08.0'' E တို့ကို MMD-2000 ဖြင့်အနီးစပ်ဆုံးတွေ့ရှိရမည်ဖြစ်ပါသည်။

(၄) ၄င်း UTM မပည ကို UTM မြေပုံတွင်ရှာဖွေကြည့်ပါက၊ ကန့်ကန်ရွာပျက် နေရာကို သာတွေ့ရှိရမည်ဖြစ်ပြီး၊ Lambert ပုံတွင်ကြည့်ရှု့ပါက ယခင်ကန့်ကန်ရွာ ကို  တွေ့ရှိရမည်ဖြစ်သည်။ 

အဆင့်(၄) Coordinate Master .apkဖြင့်ဆန်းစစ်ခြင်း
------------------------------------------------------------------
ပေးထားသော Lambert မပည ၏ အပြည့်အစုံ 2810050 E ,1153750 N ကိုCoordinate Master .apkဖြင့် ပြောင်းလဲကြည့်ပါက - 
UTM မပည 430622.7318 E, 2240665.9171 N ကိုရရှိသည်ကိုတွေ့မြင်ရမည်ဖြစ် ပါသည်။

ဥပမာ(၂)။   lambert မပည (T.033 534 ) 
------------
မိုင်းပန်အနောက်တောင်ဘက် မြိုနှင့်မနီးမဝေး  ကိုပြောင်းလဲကြည့်ပါက၊ UTM  မပည  0424494 E,  2240358 N ကိုရရှိမည်ဖြစ်ပါသည်။ မြေပုံနှစ်မျိုးစလုံးတွင်ကြည့်ရှု့ပါက Loi Makkontok တောင်ကုန်းကို တွေ့ရှိရမည်ဖြစ်ပါသည်။

မှတ်ချက်။ internet data, GPS Sensor  ဖွင့်ရန်မလိုပါ။ Lambert မြေပုံနှင့် UTM မြေပုံကြည့်ရှု့ပြီးမှပြောင်းလဲရန်မလိုပါ။ AQ .apk တစ်ခုတည်းသာသုံးစွဲ လုပ် ဆောင် သွားရန်။

# အားလုံးအဆင်ပြေကြပါစေ#

# Ko Saung Nway
(2- 6- 2018)












Comments

Popular posts from this blog