X-Axis, Y-Axis ဆိုတဲ့ Survey အခြေခံ သဘောတရား
Surveyor တစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင် X-Axis, Y-Axis ဆိုတဲ့ Survey အခြေခံ သဘောတရားလေးတွေ ကိုနားလည်ဖို့ လိုပါတယ်။ဒါလေးတွေက ငယ်ငယ်ကသင်ခဲ့ဖူးပါတယ်။သင်ခဲ့ဖူးပေမယ့် ကျွန်တော် ကောင်းကောင်းနားမလည်ခဲ့ဘူး။အခုလို ဒီပညာ လေးတွေ နဲ့ အသက်မွေး ဝမ်းကြောင်း အနေနဲ့ အသုံးပြုလို့ ရတယ်ဆိုတာ မသိ နားမလည် ခဲ့ဘူး။ကျောင်းပြီးလို့ Survey သင်တန်းပြီးခဲ့ပေမယ့် နားမလည်သေးဘူး။
အလုပ်ထဲရောက်မှ ဆင့်ကာ ဆင့်ကာ လေ့လာပြီးမှသဘောတရား ချိတ်ဆက်မှုတွေ ကို လုပ်ငန်းထဲမှာ စီနီယာတွေ သင်ပြပေးမှု နဲ့ တဖြည်းဖြည်း နားလည်ခဲ့ပါတယ်။X , Y ဝင်ရိုး ကို နားလည်မှ Coordinate ( Northing , Easting , Elevation )သဘော တရားတွေကို နားလည်မှာဖြစ်ပါတယ်။ဥပမာ အားဖြင့်Project တစ်ခုကို Assume တန်ဖိုး (Project North) ဖြင့်ထားမယ်ဆိုရင် ဒီသဘောတရားကို နားမလည်ရင် အလုပ်လုပ်ဖို့ ခက်ခဲ နေပါလိမ့်မယ်။
တစ်ကယ်လို့ Project North ⭐️အထားမှားရင်Coordinate တွေ Minus(-) တွေနဲ့ထွက်လာမှာဖြစ်ပါတယ်။ကျွန်တော်တို့ လုပ်မယ့် Project ကိုအမြဲတမ်း First Quadrant 1 ( + , + ) ထဲမှာထည့်ပြီး တွက်ချက်ပါ မှ အလုပ်လုပ်ရတာ လွယ်ကူမှာဖြစ်ပါတယ်။
ဒီသဘောတရား လေးတွေကို နားလည်အောင် သင်တန်း
တွေမှာလည်း သေချာသင်စေချင်ပါတယ်။စာတွေ့နားလည်ထားရင် လက်တွေ့ မှာ သိပ်မခက်တော့ပါဘူး။နည်းပညာတွေအရမ်းတိုးတက်နေပေမယ့် ဒီလို Manual လက်တွက်တွေကို လုံးဝ လက်လွတ်လို့မရသေးပါဘူး။ဒါကြောင့် တိုင်းတာရေး အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင် ကျွန်တော် အခု ပြောတဲ့ အခြေခံ သဘောတရား လေးတွေကို လုပ်ငန်း ခွင် ထဲ မဝင်ခင် ကတည်းက သေချာလေ့လာထားကြပါလို့ တိုက်တွန်းလိုပါတယ်။
Survey အခြေခံ သဘောတရားတွေကို လေ့လာချင်တယ်
ဆိုရင် ကျွန်တော်တို့ Surveyors in Myanmar ဆိုတဲ့
Group လေးကို Join ထားပြီး ဝင်ရောက် လေ့လာပြီး မသိ
တာတွေ ရှိရင် မေးပြီး သိတာလေးတွေ ရှိရင်လည်း
Knowledges sharing လုပ်လို့ရကြောင်း အသိပေးအပ်ပါ
တယ်ခင်ဗျာ။
ဒါလေးက ကျွန်တော်တို့ ဆာဗေး Group Link လေးပါ
ဒါလေးက X Y သဘောတရားကို အင်္ဂလိပ်လို ရေးထားတဲ့
Web link လေးပါ
http://www.ekshiksha.org.in/eContent-Show.do?documentId=133
စေတနာ များစွာဖြင့်
ဆန္ဒမောင် 😊
Land Surveyor
Singapore ( 6 . 9 . 16)
Photo Credit to GooGle
Comments
Post a Comment