Constructionတည်ဆောက်ခြင်းမှ Survey လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ  Footing Type (၁)

 Constructionတည်ဆောက်ခြင်းမှ

Survey လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ 

Footing Type (၁)


Construction တည်ဆောက်ခြင်းမှာ ကျနော်တို့

1 storied , 2storied , 12storied အစရှိသဖြင့် 

အလွှာ လွှာ အထပ်အထပ် ရှိကြတဲ့ကြားမှာ

သူ့ရဲ့ အဆောက်အဦး အမျိုးအစား Super Market, လူနေအိမ်,ကျောင်း,ရုပ်ရှင်ရုပ်နဲ့စူပါမားကပ်

အစရှိတဲ့အမျိုးအစားအလိုက် Load တွက်ချက်မှု့

Engineering သဘောတရားအရ တွက်ချက်မှု့တွေ

မြေနေရာအနေအထား အထပ်အနှိမ့်အမြင့်ပေါ်မူတည်ပီး

 Footing ,Pilling , Bored Pile  types စဖြင့် 

အမျိုးမျိုးရှိကြပါတယ်


ကျနော်တို့ Survey အနေနဲ့ အစပြု ရတာပါ

အဆောက်အဦး စ ဆောက်မယ့်

 မြေဧရိယာအတွင်းမှာ အရင်ဆုံး 

Station(STN) or Temporary Bench Mark (TBM)

Assume နဲ့လား North ထောင်ပြီးတော့လား သတ်မှတ်ပါမယ် ပြီးတာနဲ့ 


Edit(တချို့ ဆိုက်တွေဆို Universal Transverse Mercator (UTM) နဲ့ international ဆန်ဆန်သွားကြပါတယ် 


ကျနော်တို့ Boundary ကောက်မယ်Topo ကောက်မယ် 


အဲ့နောက်မှာ အစိုးရ အဆောက်ဦးဆို (အဆင်ပြေလို့  တင်ဒါ ရရင်လဲ ဆက်လုပ်ပေါ့😁) မရလဲ တခြားတိုင်းပေါ့


ကန်ထရိုက်အဆောက်အဦးဆိုလဲ Client(အဆောက်အဦးပိုင်ရှင်က Building အနေအထားဘာညာကြိုက်တယ်ဆိုရင်) ကြိုက်တဲ့အနေအထားမှာ 

လုပ်ကြမယ် လုပ်ကြ တယ်ပေါ့


အဲ့နောက်မှာမှ Boundary အနေအထားနဲ့ Existing Building အနေအထား ကို ကြည့် လမ်းအနေအထားကို ကြည့် ပြီး Proposed Building ကို ကျနော်တို့ TOPO plan ပေါ်မှာ ချ တယ် 

ဒီဇိုင်းဘာညာကွန်ဖန်း ဖြစ်ပီး နောက်သကာလ


အဲ့မှာ မှ FourConner Point တွေကောက် 

မြေပြင်မှာ (four Conner or New Building  Design ပေါ်မူတည်ပြီး ) Pointsရိုက်

ဆိုက်အနေအထားပေါ်မူတည်ပြီး 

မြေရှင်းတန်သင့်ရင်ရှင်း  ညှိတန်သင့်ညှိ ဖို့တန်သင်ဖို့

မြေဖို့တယ်ဆို Working Platform လိုခေါ်တဲ့ 

လုပ်ငန်းလုပ်မယ့် သတ်မှတ်မြေအမာ *Levelတစ်ခု ဂရုတစိုက်ပေးဖို့လိုပါတယ် 

မြေဖို့ ပြီးရင်တော့ မြေကြီး အမာ ရအောင်ကြိတ်

ဘာညာပြီးတာနဲ့ 

ကျနော်တို့ Survey ပြန်ဝင်ရပါပီ


အဲ့မှာ ကျနော် ယခု ပြောပြမှာတော့


(1) Footing Type နဲ့ 

ဟိုအပေါ်လွှာထိဘယ်လိုတတ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် 


-ကျနော်တို့ Survey ပြန်ဝင်ကြတဲ့အခါမှာ

ဆိုက်အနေအထားပေါ်မူတည်ပြီး ပတ်တန်း (Patterm) နဲ့ သွားတာရှိသလို Survey Stand By နဲ့ သွားတာလဲ ရှိပါတယ် 

-တချို့ကြ Survey Stand By ရှိပေမယ် မယ့် လိုင်းကျင်း ခေါ်  Footing ကျင်းတွေ တူးဖို့ အတွက် ပက်တန်း ပေါ် က Grid Line နဲ့ပဲသုံးပြီး Survey က Level လောက်ပဲ စစ်ပေးရတာမျိုးလဲရှိပါတယ် 

-Footing ကျင်း levelရပြီဆိုမှ သေချာမြေညှိပြီးရင်


ဆိုက်တော်တော်များများကတော့

Hardcore မချခင် 

Dynamic plate load test

တို့ Soil test တို့ဘာတို့ညာတို့စစ်ကြတယ်ပေါ့


တို့မြန်မာပြည်ကတော့အဆောက်အဦးသေးသေးဆိုမစစ်တာများပါတယ်😁


ပီးရင်

Hard Coreခင်းဖို့ Lean လောင်းဖို့

Pointချပေးရပါတယ် Four Conner ပေါ့

များသောအားဖြင့်

4” (or) 100mm offset ထုတ်ပြီး ပွိုင့်ပေးရပါတယ်

ရိုက်တဲ့ငုပ်မှာ ပဲ Lean Top Level ပေးရပါတယ် 

Hard Core ခင်း သဲကြပ် ရေထိုးပြီး Level ရပီဆိုမှ

Lean လောင်း ပါတယ် ပြီးတာနဲ့ Lean ပေါ်မှာ 

footing သံဆင်ဖို့ နဲ့  from work ထောင်ဖို့ 

Four Conner သို့ Grid Line သို့ 

Footing Center Line ရိုက်ပေးရပါတယ် 

ဒါကတော့ ပွိုင့် တောင်းတဲ့ Engineer (or) Site Supervisor အပေါ်မူတည်ပြီးပေးရတာပါ 

-အဲ့Footing Pointsတွေ ပေးပီးရင် သံဆင် Formwork ဆင် ပြီး ရင်

ဘဲခြေထောက် ခေါ်တဲ့ Columnသံ ပါတစ်ခါတည်း ဆင်တာမို့ Formwork ပေါ်မှာ Column Alignment ညှိဖို့ နဲ့ Formwork ကိုပေကြိုးဆွဲစစ်ဖို့

 Grid Line သို့ Center Line ပြန်ပေးရပါတယ် 


- [x] *Design အပေါ်မူတည်ပြီး တချို့ ကျ Column *တဖက်ကပ်တာ တွေ Grid နဲ့ Center 

- [x] တစ်ထပ်မကျတာတွေရှိတတ်ပါတယ် ဒါကတော့ Drawing Design ပေါ်မူတည်လို့ပါပဲ


-တခါတည်းမှာ ပဲ 

Footing လောင်း Levelကို Formwork မှာပဲ ဖြစ်ဖြစ် ဆင်ထားတဲ့ Columnမှာပဲ ဖြစ်ဖြစ် ပေကြိုးထောက်ပြီး ညှိလို့ရအောင် ခွါပေးထားရပါတယ် 

တခါတည်း လောင်း Levelတန်းပေးတဲ့သူတွေလဲရှိကြပါတယ် 

Formworkမှာတော့တခါတည်းလောင်းLevelသံရိုက်သံကိုတိပ်လေးပတ် ကော်ရရှင်နဲ့ဝိုင်းပေးထားရပါတယ် ဘာလို့ဆို Formwork က လိုအပ်တဲ့ဆိုဒ် ထက်ပိုမထုတ် ကြလို့ပါပဲ အဲ့လို Footing မှာတော့ပိုလည်းနည်းနည်းပဲပိုထုတ်တာပါ


မိမိလုပ်တဲ့ဆိုက်ပေါ်လည်းမူတည်ပါတယ် 


-Footing လောင်း ပြီးတဲ့အခါမှာ Footing depth အနိမ့်အမြင့်ပေါ်မူတည်ပြီး 

(မြေပျော့လို့အမာကြောထိတူးလို့ 

Depth များသွားရင် )Ground Beam ဆင်ရတဲ့ 

ဒီဇိုင်းရှိသလို 

မြေကြောကောင်းလို့ Short Column လောင်းပီး 

Plinth Beam တန်းတတ်တာလည်းရှိပါတယ် 


(တချို့ဒီဇိုင်းမှာ တော့ Tie Beam လို့ခေါ်တဲ့ Footing တစ်ခုကနေ တစ်ခုကို လှမ်းချိပ်တဲ့ Beam အမျိုးအစားလည်း သုံးကြပါတယ်

ကျနော် တွေ့ဖူးတာတော့ Pilling Work Scope တွေမှာ သုံးကြပါတယ် )


 ကျနော်တို့ က Footing လောင်းပီးတာနဲ့ 


-Ground Beam ဆင်ဖို့ဆို သူ့ရဲ့ 

Beam လိုင်းကျင်းတွေတူးဖို့ 

Alignment or Grid Line ပေးရပါတယ် 

ဘာလို့လဲဆိုတော့ကျနော်တို့ Footing ကျင်းတူးတုန်းက Footing နေရာတင် ကွက်တူးထားလို့ပါ 

တချို့လည်း တပြင်လုံးတူးပစ်တာပါ 

ပုံထဲကလိုပေါ့

ပီးရင် Beam Top Level ပေးရပါတယ် 

ပီးမှ Short Column တတ် ပီး မှ Plinth Beam ပေါ့


-Plinth Beam only ဆိုရင်တော့ Short Column တန်းဆင်ပါတယ် အဲ့မှာ လည်း Column ဆင်ဖို့ 

Grid Line or Column Center Line ပေးရပါတယ် Column ပုံး သို့ Column Formwork Installation အတွက်ပေါ့ တချို့ဆိုက်တွေမှာ စစ်ဆေးသူ(QC)ရှိတယ်ဆိုရင်တော့ column Formwork ထိပ်မှာ Center Line သို့ Grid Line တင်ပီး 

ပေကြိုးထောက်စစ်ပါတယ် 

QC မရှိတဲ့ ဆိုက်ဆိုလည်း မှန်ကန်ဖို့ အရေး 

စစ်သင့်ပါတယ် ချိန်သီးကြိုး ချပြီး သေချာစစ် တာမျိုး ပွိုင့်တင်ပီး Checking 

လိုက်တာပဲဖြစ်ဖြစ်ပေါ့

ပြီးရင် တော့ Column Rebar မှာပဲ

Column လောင်းဖို့ 

Plinth Beam Top level သို့ သတ်မှတ်Levelပေးရပါတယ် 

-Short Column လောင်းပီးတာနဲ့

မြေဖို့ ပီး Plinth Beam တန်းဆင်သလို 

နည်းနည်း မြင့်တယ်ဆို Footing Topကနေ

ဘေးပတ်ပတ်လည်ကို Retaining Wall ပုံစံမျိုး အဆောက်အဦးအပြင်Columnပတ်ပတ်လည်ကို

အုတ်ပတ်စီပီးမှအတွင်းထဲကိုမြေဖို့ပါတယ်   

အုတ်စီရာမှာ လဲဘေး ပတ်ပတ်လည်ကို Plinth Beam Bottom Level ထိ စီပါတယ် 

ပြီးမှ အတွင်းမှာ မြေဖို့ပါတယ်

မြေဖို့ နေစဉ် မြေညှိဖို့ Column သံတွေမှာ Level ပေးထားရပါတယ် ဒါမှ ကြိုးဆွဲ ပေထောက်ပီးမြေညှိလို့ရမှာ ပါ 

သတ်မှတ် Level ရောက်ရင် မြေကြီးကို vibration ပေးပီး အမာဖြစ်အောင်ကြိတ်ပါတယ် ပီးမှ Plinth Beam လိုင်း ကျတဲ့ နေရာတွေ မှာ Lean ခုံလောင်းပါတယ် 

အဲ့Lean ခုံပေါ်မှာ Alignment ပေးရပါတယ် 

အဲ့Alignment အတိုင်း သံဆင် ဘေးထောင် Formwork ကာပြီး  ရင် beam မှာ နေရာ ကျဲကျဲ သို့ စိတ်စိတ် လောင်းLevel ပေးရပါတယ် 

Beam လောင်းပြီးတာ နဲ့ အတွင်းထဲ ကို သဲကြပ်ရေထိုး ပြီး Slab ပြင် လောင်းပါတယ် 

တချို့ကျ အပေါ် Column နဲ့ Slab ကိုအရင် လုပ်ပါတယ် 

မြေ ကြီးကို ရေထိုးလို့အသားကျပြီးမှ 

လိုအပ် Level ကို သဲဖြည့် Slab လောင်းပါတယ် 


တချို့လဲ အုတ်ခဲကျိုးတွေဖြည့် သဲကျပ်ပြီး ပလပ်စတစ်တို့ ဘာတို့ ခင်း သံဆင်ပီး

Slab လောင်းကျပါတယ် 


တချို့ဒီဇိုင်းမှာတော့ Plinth Beam ကို အပြည့်မလောင်းဘဲ ထိပ်ကလေး ချန်ပီး မှ 

Floor Slab သံဆင်တာနဲ့တွဲလောင်းကြပါတယ် 


ဒါတော့ ဗဟုသုတအနေနဲ့ပါ 


ကျနော်တို့ Survey အနေနဲ့ကတော့ Slab လောင်းရင် လောင်းLevel ပေးရပါတယ် သံဆင်ထားတဲ့ နေရာမှာ သံငုပ်လေးတွဲချည်ပီး ပေးရသလို တခါတလေ ကျလဲ Stand By ထိုင်စောင့်ပေးရပါတယ် 

ပါရာပေးတဲ့အခါ Level လေး ဖတ်ပေးလိုက်ရတာမျိုးပေါ့ 


-Ground Floor ကနေ Column တတ်ဖို့ ဆို Column ကို Grid Line or center line ပေး ရပါတယ် Column Formwork တွေဆင်ပြီးရင် Formwork ပေါ်မှာ ပွိုင့်တင်ပီး 

ပြန်စစ်ပေးရတာတွေလည်းရှိသလို 

အောက်မှာ ပေးထားတဲ့ ပွိုင့်တွေ ကို

မျဉ်းကြိုး သို့ မာတောက် ရိုက်ထားပြီး အပေါ်ကနေချိန်သီးချစစ်တာလည်းရှိပါတယ် ပြီး ရင် သူတို့ သတ်မှတ်ထားတဲ့ Level လောင်း ပါတယ် 

အဲ့Level ကတော့ အောက်Slab Topကနေ ပေထောက်ပီး သတ်မှတ်သလို Survey ပေးရတာလည်းရှိပါတယ် 


စာတွေရေးထားတာများနေလို့ဖတ်ရပျင်းမဆိုးလို့ ဒီနေရာမှာပဲ ခဏ နား ထားပါဦးမယ် 

နောက်ရက်မှ အပေါ် Floor ဆက်တတ်ကြတာပေါ့ဗျာ😊


ဘာပဲလုပ်လုပ် အဓိက က စေတနာပါပါနဲ့သာ လုပ်ပါ ပညာဆိုတာယူတတ်ရင်ရစရာတွေချည်းပဲမို့ ရသလောက်ယူနိုင်ကြပါစေ

ပညာကိုဖြည်းဖြည်းချင်းစုပြီး ရဲရဲလုပ်ပါ😎


အချို့အရာတွေကို ကိုယ်နားလည်သလို

ဖြည့်ဖတ်ပေးကြပါ ဗျ စာရေးတာဆိုတော့ လိုအပ်ချက်တွေတော့ရှိလို့ပါဗျ 


အားလုံးကိုကျေးဇူးတင်ပါတယ် 


Photo_2019Jan


#NaingBurmeseSurveyor






Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

ဧရိယာတွက်နည်းလေး…