Map Projection မြေပုံ ပုံရိပ်ချခြင်း 

Map Projection မြေပုံ ပုံရိပ်ချခြင်း ======================== မြေပုံများသည် ပထဝီဝင်ဘာသာရပ်၏ အရေးကြီးဆုံး လက်နက်ကိရိယာဖြစ်သည်။ မြေပုံများကို လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ကျော်ခန့်ကပင်စ၍ ရေးဆွဲခဲ့ကြသည်။ Map projection မြေပုံ ပုံရိပ်ချခြင်းဆိုသည်မှာ ကမ္ဘာလုံးမျက်နှာပြင်ပေါ်တွင်ရှိသော မရီဒီယန်များ၊ မျဉ်းပြိုင်များကို ပြင်ညီဖြစ်သောစက္ကူပေါ်တွင် ကူးယူရေးဆွဲခြင်းဖြစ်သည်။ မြေပုံပုံရိပ်ချခြင်းများကို အောက်ပါအတိုင်းခွဲခြားနိုင်သည်။ (၁) Zenithal or azimuthal projection ဇယ်နီသယ် သို့ အက်ဇီမြူသယ်ပုံရိပ်ချခြင်း = ကမ္ဘာလုံးပေါ်သို့ စက္ကူ သို့ ပြင်ညီတခုကို တနေရာတွင်ထား၍ ၄င်း tangent တန်းဂျင့် ပြင်ညီပေါ်သို့ ကမ္ဘာ၏ မရီဒီယန်မျဉ်းများ(လောင်ဂျီကျု) နှင့် လတ္တီကျုများကို အရိပ်ချ ပုံထုတ်ခြင်းဖြစ်သည်။ ဤနည်းဖြင်ဆွဲသားသောမြေပုံများတွင် စကေးသည် ဗဟိုမှ ဘေးဘက်သို့ ပြန့်ကားသွားသောကြောင့် မြေပုံ၏ အနားစွန်တလျောက်တွင် ပုံသဏ္ဍန်ပျက်ယွင်းလျက်ရှိသည်။ ထို့ကြောင့် ဧရိယာကျယ်ဝန်သောဒေသများကိုဤနည်းဖြင့်ဆွဲရန်မသင့်လျော်ပေ။ ဗဟိုမှနေ၍ ၃၀ ဒီဂရီပတ်လည် ဧရိယာအကျယ်အဝန်းရှိသောဒေသများအတွက်အထူးသင့်လျော်သည်။ မြေပုံတွင် အီကွေတာအပါအဝင် လတ္တီကျုမျဉ်းများကို စက်ဝိုင်းကြီးများအနေဖြင့်တွေ့မြင်ရပြီး၊ လောင်ဂျီကျုမျဉ်များကို မျဉ်းဖြောင့်များအဖြစ်မြင်တွေ့ရရာ၊ zenithal နည်းဖြင့်ဆွဲသားသောမြေပုံများကို ရေကြောင်းနှင့် လေကြောင်းသွားလာရေးလုပ်ငန်းများတွင်အဓိကအသုံးပြုကြသည်။ (၂) Conic projection လုံးချွန်ပုံရိပ်ချခြင်း = ကမ္ဘာလုံးပေါ်တွင် စွပ်တင်ထားသော cone လုံးချွန် မျက်နှာပြင်ပေါ်၌ ကမ္ဘာ၏ မရီဒီယန်နှင့် မျဉ်းပြိုင်များ အရိပ်ချပုံထုတ်ခြင်းဖြစ်သည်။ ထိုပုံကို အရှေ့နှင့်အနောက်အတိုင်းအတာသည် တောင်မြောက် အတိုင်းအတာလောက်မကျယ်ပြန့်သော လတ္တီကျု ၆၀ ဒီဂရီပတ်ဝန်းကျင်ရှိ (temperate regions) သမပိုင်းဒေသများရေးကိုဆွဲရာတွင် အသုံးပြုလေ့ရှိသည်။ ပုံတွင် လောင်ဂျီကျုမျဉ်းများကို ဖြာထွက်နေသောမျဉ်းဖြောင့်များအဖြစ်တွေ့ရပြီး၊ လတ္တီကျုမျဉ်းများကို အဝန်းပိုင်းများအဖြစ်တွေ့ရသဖြင့် ယက်တောင်ပုံသဏ္ဍန်နှင့်ဆင်တူသည်။ ယက်တောင်ပုံရှိ လတ္တီကျုမျဉ်းများ၏အလယ်မျဉ်းကို standard parallel သို့ standard latidute ဟုခေါ်၍၊ လောင်ဂျီကျုမျဉ်းများ၏ အလယ်မျဉ်းကို central meridian သို့ central longitude ဟုခေါ်သည်။ (၃) Cylindrical projection ဆလင်ဒါပုံရိပ်ချခြင်း = ကမ္ဘာလုံးတခုကို ပတ်ထားသော ဆလင်ဒါ၏မျက်နှာပြင်ပေါ်ကို ကမ္ဘာ၏ မရီဒီယန်နှင့် မျဉ်းပြိုင်များ အရိပ်ချပုံထုတ်ခြင်းဖြစ်သည်။ မြေပုံတွင် လတ္တီကျုမျဉ်းများကို အလျားလိုက်မျဉ်များအဖြစ်တွေ့မြင်ရပြီး၊ လောင်ဂျီကျုမျဉ်းများကို ဒေါင်လိုက်မျဉ်းများအဖြစ်တွေ့ရသည်။ ဂရစ်ကွက်များကို စတုရန်းကွက်ငယ်များအဖြစ်တွေ့ရသည်။ ဤနည်းနှင့်ဆွဲသောပုံများတွင် (directional indication) လာရာအရပ်မှန်ကန်ခြင်းအားသာချက်ရှိသည်။ လတ္တီကျုများ၏အလျား စကေးသည် အီကွေတာတွင်မှန်ကန်သော်လည်း အလုပ်သုံးကမ္ဘာလုံးနှင့်နှိုင်းယှဉ်လျင် အီကွေတာနှင့်ဝေးလေ လတ္တီကျုများ၏အလျားစကေးကြီးလေဖြစ်သည်ကိုတွေ့ရသည်။ မြေပုံတွင် ဝန်ရိုစွန်းကိုဖော်ပြခြင်းမရှိပေ။ (၄) General projection အထွေထွေပုံရိပ်ချခြင်း = အထက်တွင်ဖော်ပြခဲ့သော မြေပုံ ပုံရိပ်ချခြင်းများတွင် အကျုံးမဝင်သော မြေပုံအရိပ်ချပုံအားလုံး စုပေါင်းပါဝင်သော ပုံများဖြစ်သည်။ ဒေါက်တာနိုင်နိုင်အေး ကထိက၊ ပထဝီဝင်။








Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long