Android ဖုန်းတစ်လုံးနဲ့မပည တွေကိုအသုံးပြုပြီး ဧရိယာ အလွယ်တကူတွက်လို့ရတဲ့အ ကြောင်းလေးပါ
group ထဲက မသိသေးသောသူများအတွက် Android ဖုန်းတစ်လုံးနဲ့မပည တွေကိုအသုံးပြုပြီး ဧရိယာ အလွယ်တကူတွက်လို့ရတဲ့အ ကြောင်းလေးပါ-
* ပထမဆုံးမိမိရဲ့ဖုန်းမှာ WPS Office .apk (or) office suit .apk တစ်ခုခု run ထားရပါမယ်။
**အခုတင်ပေးလိုက်တဲ့ Area By Coordinate Method လို့ အမည်ရတဲ့ .xls Excel ဖိုင်လေးကို sd cardထဲထည့်ပြီး WPS office.apk ကနေတဆင့် ဖွင့်လိုက်ယုံပါဘဲ။
***အဲဖိုင်လေးကိုတော့ မနှစ်က မြေတိုင်းအဖွဲ့ကလို့ထင်ပါတယ်။
ဆရာတစ်ဦးတင်ပေးထားတာပါဆရာ့အမည်ကိုတော့မမှတ်မိတော့ပါ(လေးစားလျက်)
****အဲတာလေးနဲ့ မပည ၆ လုံး သို့မဟုတ် ၁၀ လုံးပါတဲ့ waypoint တွေကို ဆက်စပ် ရိုက်ထဲ့ပြီး ဧရိယာတွက်လို့ရပါတယ် ဘာမြေပုံ ဘာအင်တာနက် ဘာ satellite image မှမလိုပါဘူး။
*****တွက်နည်းကတော့-ပုံ မှာပြထားတဲ့အတိုင်း ရမမ တွေကိုအရင်ရိုက်ပြီး၊
သူနဲ့ကပ်လျက်အကွက်မှာ မမမ တွေကိုထဲ့ရမှာဖြစ်ပါတယ်။
နောက်ဆုံး point ကိုထဲ့ပြီးတာနဲ့ ပထမဆုံး point ရဲ့ မပညကိုပြန်ထည့်ပေးရမှာဖြစ်တယ်။ ပြီးညာဘက်ကိုကြည့်လိုက်ပါ Acres နဲ့ sq.meter တို့နဲ့ဧရိယာတန်ဖိုးပြနေမှာဖြစ်တယ်။
****** အကယ်၍ Lambert မပည ဖြစ်နေပါက sq.meter နေရာတွင် sq.yards အဖြစ်မှတ်ယူပြီး ဧက ပြန်ဖွဲ့ ပေးရပါမည်။
(4840 sq.yards= 1Acre)
*******computer မှာလဲထဲ့သွင်းအသုံးပြုလို့ရသလို ပုံစံအတိအကျရှိတာတွေကော ပုံစံ အတိအကျမရှိတာတွေပါတွက်လို့ရပါတယ်။
အနီးစပ်ဆုံးမှန်ကန်ပါတယ် အသုံးလဲဝင်ပါတယ်
လိုအပ်တဲ့ဆရာများအောက်လင့်ခ်မှာ down-
https://www.mediafire.com/download/k74dbtzlqojclvi
## မူရင်း .xls excelဖိုင်လေး တင်ပေးသော ဆရာအား Credit ပါ ##
## အားလုံးအဆင်ပြေကြပါစေ##
Ko Saung Nway
(31-7-2019)
Comments
Post a Comment