Popular posts from this blog
GPS
GPS လို့ လူသိများတာပေါ့၊ နောက်ပိုင်းစက်တွေကတော့ GPS တွေ Glonass တွေ ခေါင်းပေါ်မိသမျှ Navigation Satellites တွေ ဖမ်းနိုင်နေကြတော့ GNSS ပေါ့၊ GPS စက်ကတိုင်းပေးလိုက်တဲ့ အမြင့်က Ellipsoidal အမြင့်ဖြစ်ပါတယ်၊ သူက orthometric height မဟုတ်ပါဘူး၊ အဲ့ဒါက တကယ့် Topo surface မဟုတ်တဲ့ အတွက် GPS ကရတဲ့ Height တန်ဖိုးတွေကို Ortho Height တွေ ပြောင်းပေးဖို့လိုပါတယ်၊ GPS စက်တွေ၀ယ်တုန်းက ပါလာတဲ့ software မှာပါလာတက်ပါတယ်၊ မပါလာလဲ အပြင်မှာချိန်းယူရပါတယ်၊ သိရမှာက EGM (Earth Gravitational Model) ကရတဲ့ အမြင့်တန်ဖိုးပါ၊ EGM96 ကိုသုံးလို့ရသလို EGM2008 ကိုသုံးလဲ ရပါတယ်၊ ဒီမှာတော့ EGM2008 နဲ့ တွက်ပြပါမယ်၊ လက်တွေ့ အနေနဲ့ ဟားခါးမြို့က GPS Point တစ်ခုကိုတွက်ပြပေးပါမယ်၊ ဟားခါးမြို့ အ၀င်မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ဟားခါးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်နှင့် အထက် ၆၁၂၀ ပေဖြစ်ပါတယ်၊ ကျွှန်တော် GPS ကရတဲ့ Ellipsoidal က ၁၈၃၂.၇၀၄ မီတာပါ၊ ပေပြန်ဖွဲ့ရင် ၆၀၁၂.၈၀၈ ပေလောက်ရှိပါတယ်၊ (တစ်မြို့လုံးအတွက် အမြင့်မဟုတ်ပါဘူး ကျွန်တော် GPS စက်နေရာရဲ့ တန်ဖိုးကိုပြောတာပါ။) ပုံသေနည်းကတော့ Ortho H ...
GPS
GPS အကြောင်းပြောရမည်ဆိုလျင် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် စစ်အေးကာလ အတွင်း ရုရှား(ယခင် ဆိုဗီယက် ပြည်ထောင်စု)မှ ပထမဆုံးဂြိုလ်တု Sputnik ကို လွှတ်တင်လိုက်ခြင်းမှ အစပြုရမည် ဖြစ်သည်။ ပထမဆုံးဂြိုလ်တု Sputnik ထိုနေ့က Sputnik ဂြိုလ်တုမှ ထုတ်လွှင့်နေသော ရေဒီယို အချက်ပြများကို နိုင်ငံတကာမှ ဝါသနာရှင်များ၊ပညာရှင်များက ဖမ်းယူ နားထောင်နေကြသလို အမေရိကန်ပြည်ထောင်စု MIT မှ ပညာရှင်များကလည်း နားထောင်နေခဲ့ကြသည်။ဂြိုလ်တုမှ ထုတ်လွှင့်နေသော အချက်ပြများသည် အခြေစိုက်စခန်းနှင့်နီးလာစဉ်တွင် တိုးလာပြီး၊အခြေစိုက်စခန်းနှင့်ဝေးသွားသည့်အခါ လျော့သွားကြောင်း ပညာရှင်များက သတိထားမိခဲ့ကြသည်။၄င်းမှာ Doppler Effect ကြောင့်ဖြစ်သည်ကို ပညာရှင်များက နားလည်သဘောပေါက်ခဲ့ကြပါသည်။ဂြိုလ်တုတွေကို ၄င်းတို့က ထုတ်လွှင့်နေတဲ့ ရေဒီယို လှိုင်းတွေကို တိုင်းတာခြင်းဖြင့် ဂြိုလ်တုတွေကို မြေပြင်ကနေ ခြေရာခံနိုင်သလို အပြန်အလှန်အားဖြင့် လက်ခံဖမ်းစက်(Receiver) နဲ့ ဂြိုလ်တု တွေရဲ့ အကွာအဝေးကိုသိရင် လက်ခံဖမ်းစက် (Receiver)တွေကိုလည်း ခြေရာခံနိုင်ပါတယ်။လက်ကိုင်ဖုန်းက GPSတွေနဲ့ ကားတွေမှာတပ်ဆင်ထားတဲ့ GPSတွေက ကိုယ့်အပေါ်မှာရှိနေတဲ့ ဂြိုလ်တု ၄ လုံ...

Comments
Post a Comment