GPS

 GPS အကြောင်းပြောရမည်ဆိုလျင် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် စစ်အေးကာလ အတွင်း ရုရှား(ယခင် ဆိုဗီယက် ပြည်ထောင်စု)မှ ပထမဆုံးဂြိုလ်တု Sputnik ကို လွှတ်တင်လိုက်ခြင်းမှ အစပြုရမည် ဖြစ်သည်။ ပထမဆုံးဂြိုလ်တု Sputnik ထိုနေ့က Sputnik ဂြိုလ်တုမှ ထုတ်လွှင့်နေသော ရေဒီယို အချက်ပြများကို နိုင်ငံတကာမှ ဝါသနာရှင်များ၊ပညာရှင်များက ဖမ်းယူ နားထောင်နေကြသလို အမေရိကန်ပြည်ထောင်စု MIT မှ ပညာရှင်များကလည်း နားထောင်နေခဲ့ကြသည်။ဂြိုလ်တုမှ ထုတ်လွှင့်နေသော အချက်ပြများသည် အခြေစိုက်စခန်းနှင့်နီးလာစဉ်တွင် တိုးလာပြီး၊အခြေစိုက်စခန်းနှင့်ဝေးသွားသည့်အခါ လျော့သွားကြောင်း ပညာရှင်များက သတိထားမိခဲ့ကြသည်။၄င်းမှာ Doppler Effect ကြောင့်ဖြစ်သည်ကို ပညာရှင်များက နားလည်သဘောပေါက်ခဲ့ကြပါသည်။ဂြိုလ်တုတွေကို ၄င်းတို့က ထုတ်လွှင့်နေတဲ့ ရေဒီယို လှိုင်းတွေကို တိုင်းတာခြင်းဖြင့် ဂြိုလ်တုတွေကို မြေပြင်ကနေ ခြေရာခံနိုင်သလို အပြန်အလှန်အားဖြင့် လက်ခံဖမ်းစက်(Receiver) နဲ့ ဂြိုလ်တု တွေရဲ့ အကွာအဝေးကိုသိရင် လက်ခံဖမ်းစက် (Receiver)တွေကိုလည်း ခြေရာခံနိုင်ပါတယ်။လက်ကိုင်ဖုန်းက GPSတွေနဲ့ ကားတွေမှာတပ်ဆင်ထားတဲ့ GPSတွေက ကိုယ့်အပေါ်မှာရှိနေတဲ့ ဂြိုလ်တု ၄ လုံး(သို့) ၄ လုံး ထက်ပိုတဲ့ ဂြိုလ်တုတွေကနေ ရေဒီယို လှိုင်းတွေ လက်ခံရရှိတဲ့ အချိန်ကို တိုင်းတာခြင်းအားဖြင့် ဖုန်း(သို့)ကား ရဲ့ တည်နေရာမြေပုံညွန်း၊သွားနေတဲ့ အလျင်နှုန်း နဲ့ အမြင့်တွေကို တိုင်းတာ ရရှိနိုင်ပါတယ်။ GPS စနစ် ဖြစ်လာဖို့ ရုရှား ကလွှတ်တင်တဲ့ Sputnik ဂြိုလ်တု က စပြီး ခရီးရှည်ကြီးကို ကျော်ဖြတ်ခဲ့ရပါတယ်။ထင်ရှားတဲ့အဖြစ်အပျက်တွေကတော့- -၁၉၅၉ မှာ အမေရိကန်ရေတပ်က TRANSIT လို့ခေါ်တဲ့ ပထမဆုံး ဂြိုလ်တု လမ်းပြစနစ်ကို စပြီး တည်ဆောက်ခဲ့ပါသည်။ဒီစနစ်က ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာတွေကို ရှာဖွေ ဖို့အတွက်ဖြစ်ပြီး ဂြိုလ်တု အရေအတွက် ၆ လုံးနဲ့စတင် လည်ပါတ်ခဲ့ပါတယ်။အဲ့ဒီ့တုန်းက ရေငုပ်သင်္ဘောတွေဟာ ဂြိုလ်တုတွေဆီက ရေဒီယို အချက်ပြ လှိုင်းတွေရဖို့ နာရီပေါင်းများစွာ စောင့်စားရပါတယ်။ပီပြင် တဲ့ ဂြိုလ်တုတည်နေရာပြစနစ်ဖြစ်လာဖို့ အတွက် အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်ခဲ့ပါတယ်။ -၁၉၆၃ မှာ Aerospace Corporation က စစ်ဘက်အတွက် လေထဲ(သို့)ကုန်းပေါ်မှာ အလျင်အမြန်ရွှေ့လျားနေတဲ့ ယာဉ်တွေရဲ့ တည်နေရာ ရှာဖွေဖို့ အတွက် အာကာသထဲက ဂြိုလ်တုတွေက နေ မြေပြင်က လက်ခံဖမ်းစက်(Receiver)တွေကို ရေဒီယိုလှိုင်းတွေ အဆက်မပြတ်ထုတ်လွှင့်ပို့လွှတ်တဲ့စနစ်တွေ ကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ဒီလေ့လာမှုတွေကနေ ဒီနေ့ ကျွန်တော်တို့သိနေတဲ့ GPSစနစ်ရဲ့ အခြေခံအသိပညာတွေ ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့ပါတယ်။ဂြိုလ်တုတွေက ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်း အကြိမ်အရေအတွက်ကို တွက်ချက်ပြီး မြေပြင်မှာရှိနေတဲ့ လက်ခံဖမ်းစက်တွေက မိမိတို့ တည်နေရာကို အတိအကျ တွက်ချက်နိုင်ပါတယ်။ - ၁၁ နှစ်လောက် GPS စနစ်အတွက် လေ့လာသုတေသနပြုပြီးတော့ ၁၉၇၄ မှာ အမေရိကန်လေတပ်က NAVSTAR (ဂြိုလ်တု ၂၄ လုံးပါ တည်နေရာပြစနစ်….. နောက်ပိုင်းမှာ GPS လို့ပဲခေါ်ဝေါ်သုံးစွဲ) စနစ်အတွက် ရည်ရွယ်တဲ့ ပထမဆုံး ဂြိုလ်တု ကိုလွှတ်တင်ခဲ့ပါတယ်။ - ၁၉၇၈ နဲ့ ၁၉၈၅ အကြားမှာ NAVSTAR (ဂြိုလ်တု ၂၄ လုံးပါ တည်နေရာပြစနစ်….. နောက်ပိုင်းမှာ GPS လို့ပဲခေါ်ဝေါ်သုံးစွဲ) စနစ်အတွက် နောက်ထပ်ဂြိုလ်တု ၁၁ လုံးကို လွှတ်တင်ခဲ့ပါတယ်။ထပ်လွှတ်တင်တဲ့ ဂြိုလ်တုတွေမှာ ထုတ်လွှင့်ချိန်တွေကို တိတိကျကျ တိုင်းတာနိုင်တဲ့ Atomic Clock တွေတပ်ဆင်ထားပါတယ်။ NAVSTAR ဂြိုလ်တု တည်နေရာပြစနစ်(၁၉၈၀ မှာ စတင်လည်ပါတ်) မှာ ဒုံးပျံလွှတ်တင်မှုတွေ၊နူးကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေ ကိုထောက်လှမ်းနိုင်ဖို့ အာရုံခံ စနစ်တွေ တပ်ဆင်ထားပါတယ်။ - ၁၉၈၃ မှာ ရုရှား နိုင်ငံက သူ့ရဲ့ လေကြောင်းပိုင်နက်ထဲကို ၀င်လာတဲ့ ကိုရီးယား ခရီးသည်တင် လေယာဉ်အမှတ် ၀၀၇ ကို မှားယွင်း ပစ်ချခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ အမေရိကန် သမ္မတ ရေဂင် က အရပ်ဖက်လေယာဉ်တွေအားလုံး ကို GPS စနစ်(အဲ့ဒီ့အချိန်မှာ အားလုံး တပ်ဆင်ပြီးစီး)ကို အသုံးချခွင့်ပြုခဲ့ပါတယ်။ - ၁၉၈၅ မှာအမေရိကန်တပ်မတော်က လေကြောင်းချီတပ်တွေအတွက်၊သင်္ဘောတွေအတွက် ပေါ့ပါးပြီးသယ်ဆောင်ရ လွယ်ကူတဲ့ GPS စက်တွေ ထုတ်လုပ်ဖို့အတွက် သီးသန့် ကုမ္ပဏီတွေ နဲ့စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ - ၁၉၈၉ မှာ GPS စနစ်အတွက် ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ပထမဆုံး ဂြိုလ်တုကို အမေရိကန်လေတပ်က လွှတ်တင်နိုင်ခဲ့ပါတယ်။ပထမပိုင်းမှာတော့ ဂြိုလ်တုကို အာကာသ ယာဉ်ကနေတဆင့် လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ၁၉၈၆ ချဲလင်ဂျာ လွန်းပျံယာဉ် ပျက်ကျပြီးနောက်ပိုင်းမှာ အစီအစဉ်ပြောင်းခဲ့ပြီး Delta II ဒုံးပျံနဲ့ပဲ အစားထိုးလွှတ်တင်ခဲ့ပါတယ်။ - ၁၉၈၉ မှာMAGELLAN Corporation က Magellan Nav 1000 ဆိုတဲ့ လက်ကိုင် GPS စက်နဲ့ အမေရိကန်စျေးကွက် ကို စတင်၀င်ရောက်ခဲ့ပါတယ်။ - ရန်သူပြိုင်ဘက်တွေက GPS စနစ်ကို သူတို့ အကျိုးအမြတ်ရရှိဖို့အတွက် အသုံးချလာမှာကို ကြောက်ပြီး ၁၉၉၀ မှာအမေရိကန် တရားရေးဌာနက GPS တွေရဲ့ တိကျမှုကို လျော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ - ၁၉၉၄ မှာ FAA နဲ့ Bill Clinton က တစ်ကမ္ဘာလုံးက လေကြောင်းဆိုင်ရာ နယ်ပယ်တွေမှာ GPS စနစ်ကို အခမဲ့ ဆက်လက် အသုံးပြုနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။ -၁၉၉၅ မှာတော့ ဂြိုလ်တု ၂၇ လုံးပါ၀င်ပြီး အချိန်ပြည့် လုပ်ငန်းဆောင်ရွက် လည်ပတ်နိုင်မယ့် GPS စနစ်အတွက် နောက်ဆုံး ဂြိုလ်တု တစ်လုံး လွှတ်တင်ပြီးတဲ့ နောက်မှာတော့ GPS စနစ်က လုံး၀ ပြီးပြည့်စုံသွားခဲ့ပါတယ်။၂၇ လုံးထဲက ၃ လုံး ဟာ အရံတွေဖြစ်ပြီး ၂၄ လုံးထဲက တစ်လုံးလုံး ပျက်ခဲ့ရင် အစားထိုးသုံးစွဲ နိုင်ဖို့ပဲဖြစ်ပါတယ်။ဂြိုလ်တု တွေဟာ အလေးချိန်အားဖြင့် ပေါင် ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိပြီး ကမ္ဘာကို တစ်နေ့မှာ ၂ ပါတ်နှုန်း နဲ့ ပါတ်ပါတယ်။ကမ္ဘာပေါ်က နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာမဆို ကျွန်တော်တို့ ခေါင်းပေါ်မှာအနည်းဆုံး ဂြိုလ်တု ၄ လုံး ရှိနေမှာဖြစ်ပါတယ်။ - ၁၉၉၈ မှာအမေရိကန် ဒုတိယ သမ္မတ Al GORE က GPS စနစ် ဂြိုလ်တုတွေက နေ အရပ်ဖက်အသုံးပြုနိုင်ဖို့ နောက်ထပ် အချက်ပြလှိုင်း နှစ်ခု ထပ်တိုးမယ့် အစီအစဉ်ကို ကြေငြာပါတယ်။ရည်ရွယ်ချက်ကတော့ လေယာဉ်တွေ အန္တရယ် ကင်းဖို့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေ တိုးတက်လာစေဖို့ဖြစ်ပါတယ်။ - ၁၉၉၉ မှာ မိုဘိုင်းဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ Benefon က GPS အသုံးပြုနိုင်တဲ့ Benefon Esc လို့ ခေါ်တဲ့ ပထမဆုံး ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ဥရောပ စျေးကွက်ကို အဓိကထား ရောင်းချခဲ့ပြီး နောက်ပိုင်းမှာ အခြား ဖုန်း ကုမ္ပဏီ တွေကလည်း GPS အသုံးပြုနိုင်တဲ့ဖုန်းတွေ ထုတ်လုပ်လာခဲ့ပါတယ်။ - ၂၀၀၀ ခုနှစ်မှာ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာနက GPS တွေရဲ့ တိကျမှုလျော့ချတဲ့ အစီအစဉ်တွေကို အဆုံးသတ်ကြောင်း ကြေငြာပါတယ်။အရပ်ဖက်အတွက် တည်နေရာတွက်ချက်မှုက ၁၀ ဆ ပိုမိုတိကျလာပြီး နယ်ပယ်ပေါင်းစုံမှာလည်း အသုံးချနိုင်ခဲ့ပါတယ်။လွှတ်တော်က GPS III ဆိုတဲ့ အစီအစဉ်ကို ဆောင်ရွက်ဖို့ အတည်ပြုခဲ့ပါတယ်။ - ၂၀၀၁ မှာ လက်ကိုင် GPS ထုတ်လုပ်တဲ့ နည်းပညာတွေ တိုးတက်လာလို့ GPS တွေဟာ ပိုမို သေးငယ်၊ပေါ့ပါး စျေးပေါလာပြီး TomTom နဲ့ Garmin တို့လို ကုမ္ပဏီတွေက တစ်ကိုယ်ရည်သုံး GPS စက်တွေ ရောင်းချလာခဲ့ပါတယ်။ - ၂၀၀၄ မှာ Qualcomm ကုမ္ပဏီ က Assited GPS လို့ခေါ်တဲ့ ဖုန်းတာဝါတိုင်က လွှင့်တဲ့ အချက်ပြလှိုင်းနဲ့ GPS ကရတဲ့ အချက်အလက်တွေပေါင်းစပ်ပြီး အသုံးပြုသူရဲ့ တည်နေရာကို ပိုမိုတိကျလွယ်ကူအောင် တွက်ချက် ရှာဖွေပေးနိုင်တဲ့ နည်းပညာကို စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ - ၂၀၀၅ BLOCK II လို့ ခေါ်တဲ့ မျိုးဆက်သစ် GPS ဂြိုလ်တုတွေရဲ့ ပထမဆုံး ဂြိုလ်တုကို လွှတ်တင်ခဲ့ပါတယ်။ - ၂၀၁၀ နဲ့ ၂၀၁၁ အတွင်းမှာ အမေရိကန် လေတပ်က ဂြိုလ်တု အသစ်တစ်လုံးစီ လွှတ်တင်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ ၂၀၁၄ မှ စတင် လွှတ်တင်နိုင်မယ့် BLOCK III လို့ခေါ်တဲ့ မျိုးဆက်သစ် ဂြိုလ်တု တွေ မတိုင်မှီ GPS စနစ်ကို အရှိန် အဟုန် မပျက် လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် နေနိုင်ဖို့ပဲ ဖြစ်ပါတယ်။BLOCK III ဂြိုလ်တုတွေမှာ အရပ်ဖက်အတွက် လှိုင်နှုန်း အသစ်တွေ ထပ်ထည့်ပေးထားပြီး အရင်ရှိပြီးသား GPS စနစ်ထက် အရည်အသွေးပိုကောင်းလာမှာဖြစ်ပါတယ်။ GPS ဂြိုလ်တု ထိန်းချုပ်ရေး ဌာနများ - ၂၀၁၂ မှာ အမေရိကန် လေတပ်ဟာဂြိုလ်တု ၃၁ လုံးပါ၀င်တဲ့ GPS ဂြိုလ်တု အစုအဝေး ကြီးကို စီမံခန့်ခွဲ နေပြီး အဲ့ဒီ့ ဂြိုလ်တု အစုအဝေးကြီး ထဲမှာ အသုံးမပြုပဲထားတဲ့ နောက်ထပ်ဂြိုလ်တု ၃ လုံးရှိပါတယ်။အဲ့ဒီ့ ၃ လုံးက လိုအပ်ရင် သုံးဖို့ အရံထည့်ထားတာပါ။GPS စနစ် အပြည့်အ၀ လည်ပါတ်အသုံးချနိုင်ဖို့ အတွက် အနည်းဆုံး ဂြိုလ်တု ၂၄ လုံးကို အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေပါတယ်။အောက်တိုဘာလ ၄ ရက်မှာ GPS IIF-3 လို့ ခေါ်တဲ့ ဂြိုလ်တု ကိုထပ်ပြီးလွှတ်တင် ခဲ့ပါတယ်။ လက်ရှိနဲ့ နောက် လာမယ့်ဂြိုလ်တု မျိုးဆက်သစ်များ -GPS စနစ်အတွက် အသုံးပြုနေတဲ့ ဂြိုလ်တု အစုအဝေးကြီး မှာ ဂြိုလ်တု အဟောင်းများ၊အသစ်များရောနှော ပါ၀င် နေပါတယ်။BLOCK IIA(ဒုတိယ မျိုးဆက်)၊BLOCK IIR(M)၊BLOCK IIF(Follower)နဲ့ GPS III လို့ခေါ်တဲ့ ဂြိုလ်တုတွေပါ၀င်နေပါတယ်။၁၃-၅-၂၀၁၆ စာရင်းအရ GPS စနစ်အတွက် လည်ပါတ်နေတဲ့ ဂြိုလ်တု ၃၂ လုံးရှိနေပါတယ်။အသေးစိတ်လေ့လာလိုပါက www.gps.gov မှာလေ့လာနိုင်ပါတယ်။ အခြားနိုင်ငံသုံး ဂြိုလ်တု တည်နေရာပြစနစ်များ -ရုရှား GNSS -ဂျပန် QZSS -တရုတ် Bauidu Navigation App များကို သုံးစွဲခြင်း အကျိုးနှင့်အပြစ်များ အကျိုး -GPS Chip(Hardware)သည် Smart Phone အတွင်း ထည့်သွင်းတည်ဆောက်ထားပြီး Navigation App(Software) အမျိုးမျိုးကို ထည့်သွင်း အသုံးပြုနိုင်ခြင်းကြောင့် သီးခြား GPS တစ်လုံးကို ထပ်မံ၀ယ်ယူရန်မလိုအပ်ခြင်း။ - အင်တာနက်ချိတ်ဆက်ပြီး ဂြိုလ်တု ဓါတ်ပုံများရယူနိုင်ခြင်း နှင့်offline အသုံးပြုရန် သိမ်းဆည်းထားနိုင်ခြင်း။ - Update ထွက်လာသည့် Software ကို အင်တာနက်မှ တဆင့် အလွယ်တကူ Download လုပ်ပြီး အသုံးပြုနိုင်ခြင်း။ - Waypoint များ ၊Track များကို သာမန် GPS စက်များထက် ပိုမို သိမ်းဆည်းနိုင်ခြင်း၊အခြားဖုန်းများနှင့် အလွယ်တကူ ဝေမျှသုံးစွဲနိုင်ခြင်း -ဖုန်းလိုင်းမိသောနေရာများတွင် မိမိတည်နေရာအား အခြားသူများထံ ပေးပို့နိုင်ခြင်း၊အခြားသူများ၏ တည်နေရာများကို လက်ခံရယူပြီး မြေပုံတင် ကြည့်ရူ့နိုင်ခြင်း။ -Assited GPS စနစ်ရသောဖုန်းများတွင် ဖုန်းလိုင်းမိပါက တည်နေရာကို ပိုမိုလွယ်ကူတိကျစွာ ရယူနိုင်ခြင်း။ အပြစ် -Navigation App ကို အသုံးပြုနေစဉ်အတွင်း Screen ကို ဖွင့်ထားခြင်း၊Track Recording များပြုလုပ်ပါက အားကုန်လွယ်ခြင်း။ 





Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

ဧရိယာတွက်နည်းလေး…