Construction တည်ဆောက်ခြင်းမှ Survey လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ Footing type (၂)
Construction တည်ဆောက်ခြင်းမှ
Survey လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ
Footing type (၂)
ကျနော်တို့Column Casting ပြီး တာ နဲ့
အပေါ် လွှာ Slab ဆင်ဖို့ Column မှာ ခါး Level လို့ခေါ်တဲ့ floor to floor အမြင့်ရဲ့ တဝက် Level သို့အဆင်ပြေတဲ့ Level ပေး ထားရပါတယ် အဲ့ က နေ
ပေထောက်ပြီး နောက်တလွှာဆင်ပါတယ်
တခါတလေမှာလဲColumn လောင်းပြီးတာနဲ့ ပုံခွါပြီး ငြမ်းဆင် Staff ဇောက်ထိုးထားပီး အပေါ် Slab Top level အပေါ် offset ထုတ်ပီး column သံမှာ ပေးပါတယ်
ပေးပုံကတော Column သံမှာ
လက်သမားသုံး စလစ်လယ်ဗယ် ကိုကပ် စလစ်လယ်ဗယ်ရဲ့ အောက်ခြေမှာ staff ကပ်ပီးပေးတာပါ
ခါးLevel ပဲ ပေးရင်တော့
အပေါ်မှာ အထပ်သား ခင်း ပီး အမာကျောရတာနဲ့
Level တတ်ထိုင်ပြီး
ခါး Level မှတ်ကနေ အပေါ်Columnသံတွေမှာlevel မှတ်တွေ ခေါ်တင်ရပါတယ်
ဘာလို့ဆို အပေါ်မှာ Beam တွေ ဆင် ဧရာပြား တွေ ဆင်တဲ့အခါ ကြိုးဆွဲပီး Level ညှိဖို့ပါ
*ကျနော်တို့ အတွက်လည်း Level သိမ်းပြီးသားရပါတယ်
ဒါကတော့ Level စက်သီးသန့်နဲ့ တိတ်တော့သေချာ ပတ်ရပါတယ်
helper ကောင်းဆိုတာ အဲ့လိုနေရာတွေမှာ
စကားပြောပါတယ် Helper မကောင်းရင်လည်း Surveyor ခံရတတ်ပါတယ်
သေချာ စစ်ဆေးဖို့လိုပါတယ်
Totalနဲ့ လည်း BM ကနေ
Level adjust လုပ်ပီး ပေးလို့ရပါတယ်
Beam ဧရာပြားတွေဆင်တဲ့အခါမှာလည်း Alignment တည့်ဖို့ Center Line တွေ
ကြံဖန်ပေးရပါတယ် လောင်းပြီးသားColumnထိပ်တို့ Column သံမှာဘဲ သံချောင်းကန့်လန့်ချည်ပြီးပွိုင့်တင်တာမျိုးတို့ပေါ့
ဟိုဘက် Column ဒီဘက်Columnကြိုးဆွဲချိန်ချ စစ်ပေါ့ အဲ့လိုပေးတဲ့အခါမှ ဧရာပြားတွေမခင်းခင်ကတည်းက ကြိုပေးမှရမယ့် ဟာကိုကြိုပေးရပါတယ်။
တချို့ကျ အောက်မှာ ပွိုင့်ပေးထားပြီး လက်သမားက သူ့ဘာသူချိန်သီးချပြီး အပေါ်ခေါ်တင်ပါတယ် လက်သမားကောင်းရင် ကောင်းသလို Survey အရမ်းသက်သာပါတယ်
ဧရာပြားခင်းထားတဲ့အပေါ်မှာ စက်ထိုင်ပြီး လည်းHole ဖောက်မယ် BMနေရာတို့
Cantilever Beam ဆင်ဖို့ တို့ ပွိုင့်ပေးရတတ်ပါတယ်
အဲ့နောက်မှာတော့
ကျနော်တို့ အလွှာတတ်ပြီဆိုတာနဲ့ လှေကားခွင်
ပါဆင်ပါတယ် လှေကားခွင် ဆင်ဖို့
Level ပေးရပါတယ် တချို့ဆိုက်တွေဆို Surveyor က လှေကားထစ်ဝေပေးရပါတယ်
ဒါကတော့ရှားရှားပါးပါးပါပဲ(ကြားဖူးတာပါ)
အမှန်ကတော့လက်သမားအလုပ်ပါ
Stair မှာဆိုလဲ သူ့အမျိုးအစားအလိုက်
L shape
U shape
Straight
Curve
Spiral စသည်ဖြင့် အမျိုးမျိုးရှိပါတယ်
များသောအားဖြင့်Levelပဲပေးရတာပါ
Alignment ပေးရတာတော့ နည်းပါတယ်
Survey နဲ့ လုပ်မယ် ဆို Survey က အသက်ပါပဲ
အဓိက BM (Benchmark ) တွေကိုသေချာသိမ်းဖို့ပါပဲ နောက်အပေါ်လွှာ ရောက်ရင် အပေါ်ကို
ပွိုင့်ပစ်တင်လို့ရတဲ့အနေအထားရှိလား ဒါမှမဟုတ်
အောက်မှာ ရှိတဲ့ ပွိုင့် ကို ကော
Resection ဆွဲလို့ရနိုင်မလား
ကိုယ်လုပ်ရတဲ့အထပ်ပမာဏအပေါ်မူတည်ပြီး ကြည့်ရပါမယ် လုံးဝ မရတဲ့အနေအထားတွေ မှာ ဆို ကျနော်တို့ Structure သမားနဲ့ညှိ ရပါတယ်
တချို့ Designer တွေကခွင့်မပြုပါဘူး
Slab ကိုအပေါက်ဖောက်ပြီး
စက်ကအောက်ပွိုင့်ဖတ်တဲ့
Eye Piece နဲ့ အပေါ်ခေါ်တင်တာပါ
အပေါက်ဖောက်မယ့်နေရာကို Slab ဧရာခင်းပြီးတာ နဲ့ ပွိုင့်တင်မယ့်နေရာမှာလေးထောင့်အကွက်လေး ချန်ခဲ့ရပါတယ် အထပ်သားနဲ့ဖြစ်ဖြစ် သံပြားလေးခွေပီးဖြစ်ဖြစ်ပေါ့
Slab လောင်းပြီး မှ အဲ့နေရာမှာစက်ထိုင်အောက်ပွိုင့်ကြည့်ရပီဆိုမှ အပေါ် ကိုပိတ်ပီး ပွိုင့်ပြန်မှတ်ရတာပါ
အဲ့တာမျိုး နှစ်ပွိုင့် ခေါ်ရပါတယ် အနည်းဆုံး
အချို့ စက်တွေမှာ တော့အောက်ပွိုင့်က Laser နဲ့ဆိုတော့ပိုအဆင်ပြေပါတယ် Leica လိုမျိုးပေါ့
တချို့ကတော့လည်း Slab လောင်းပြီး မှ အောက်ကနေ Target နဲ့ BM ခုံလှမ်းတင်ပါတယ်
အထပ် မြင့်ရင်တော့
Hole နဲ့သွားတာအကောင်းဆုံးပါ
စက်က Vertical error ရှိနေရင်
အောက်ကပစ်တင်တဲ့ အခါ
ခုံမှာ 𝐞𝐫𝐫𝐨𝐫 ပါသွားနိုင်ပါတယ်
ကျနော်တို့ Slab Rebar Installationပြီးတာနဲ့
Slab Top Level ကို Rebar တွေကြားမှာ သံငုပ်ထောင်တိပ်ပက်ပေးထားရတာရှိသလို
လောင်းပြီး ညှိတဲ့အချိန်မှာ Survey Stand By နဲ့သွားကြတာလည်းရှိပါတယ် Level အတွက် Save ဖြစ်တာပေါ့ ခုနောက်ပိုင်းမှာတော့ Laser Level နဲ့ သွားကြတာလဲရှိပါတယ် ကျတော်တို့ဒီမှာ သုံးတဲ့ Laser Level တွေကတော့ ဧရိယာကျယ်ရင် Save မဖြစ်ပါဘူး ပေ ၄၀ပတ်ဝန်းကျင်လောက်ပဲ ကောင်းပါတယ် အဲ့ထက်ကျော်တာနဲ့
Laser အလင်းတန်းက ဖြာထွက်ပီး
၅မူး ၁၅မီလီလောက်
အပြားကြီးဖြစ်သွားတတ်ပါတယ်
Slab လောင်းပြီးနောက်နေ့ဆို
Water Pouring မလုပ်ခင် Column ဆင်ဖို့
ပွိုင့်တတ်ပေးရပါတယ်
ပွိုင့်ပေးပုံပေးနည်းကတော့
ကျနော်တို့ Column Four Conner ပေးရသလို Offset 50mm(၂လက်မ) or 100mm (၄လက်မ) or 200mm (၈လက်မ) ခွါပေးရတာရှိပါတယ်
တချို့Grid Line ပေးရတာမျိုးလည်းရှိပါတယ်
အာ့တာပြီးရင် Column သံဆင် ပုံးရိုက် ချိန်သီးချပြီး
ကွန်ကရစ်လောင်းပါတယ် ပြီးရင်
နောက်တလွှာဆက်တတ်ပါတယ်
အပေါ်လွှာတွေကိုလည်း အစက ပြောခဲ့သလို ဆက်တတ်ပါတယ် တချို့ တွေ့ကြုံရဖြေရှင်းရတဲ့ အရာလေးတွေလည်းရှိပါတယ်
တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံခြင်းမတူတဲ့အတွက် ပြောရမယ် ဆို လုပ်ပုံလုပ်နည်းတွေက အများကြီးပါ
ယနေ့ခေတ်
ပုံမှန်သွားနေတဲ့မြန်မာပြည်အနေအထားနဲ့ Survey လုပ်ငန်း သွားပုံလေးကို
အတွေ့အကြုံတွေထဲကနေ ကောက်နုတ်ပြီး
ဝေမျှသွားခြင်းပဲဖြစ်ပါတယ်
ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်
ကျွန်တော်တို့ရဲ့ Ability ကို အကျိုးရှိရှိအသုံးချနိုင်ဖို့လိုအပ်ပါတယ်
တစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ Ability တွေရှိပါတယ်
ဘယ်လိုပုံစံပဲကြုံရကြုံရ စိတ်စေတနာ အပြည့်အဝနဲ့
မှန်မှန်ကန်ကန်လုပ်ပါ သင့်ရဲ့အရည်အသွေးဟာအမြဲတောက်ပြောင်လာမှာပါ
အားလုံးကိုကျေးဇူးတင်ပါတယ်
Photo_2016
Pilling Footing Type
#NaingBurmeseSurveyor
Comments
Post a Comment