ဆောက်လုပ်ရေးသုံး ပုံများ ( Types of Construction Drawing)

ဆောက်လုပ်ရေးသုံး ပုံများ ( Types of Construction Drawing)

Construction Drawing တွေကိုအမျိုးအစားအားဖြင့် (5) မျိုးခွဲခြားနိုင်ပါသည်။
1. Architectural Drawing
Architectural Drawing တွေမှာတော့ 
- Site Plan (မြေပြင်ပေါ်မှာစလုပ်ဖို့ အတွက်ကနဦး Drawing ပဲ Location , Site’s  topography တွေပါ၀င်ပါတယ်။)
- Working Plan ( အဆောက်အဦးတွေရဲ့ ရေပြင်ညီအတိုင်းအတာတွေ ၊ နံရံအထူတွေ၊ column တွေရဲ့ တည်နေရာတွေ ၊ တံခါးပေါက် ပြတင်းပေါက်တွေ ကိုပြသပါတယ်။)
- Section Drawing ( ဆောက်လုပ်ရာမှာ အသုံးပြုမဲ့ ပစ္စည်းတွေ ၊ အဆောက်အဦးကို ဒေါင်လိုက်အတိုင်း အပိုင်းပြပြီး Detail ပြသထားတာပါ။)
- Elevation Drawing ( အဆောက်အဦးဆောက်လုပ်ပြီး မြင်ရမဲ့ နောက်ဆုံးအနေအထား ၊ အမြင့်တွေ ၊ ပြတင်းပေါက်တည်နေရာတွေ ကို ပြတဲ့ Drawing အမျိုးအစားပါ။)

2. Structural Drawing 

Structural Drawing  တွေမှာတော့ 
- General Note ( အဆောက်အဦး ဆောက်လုပ်ဖို့ စံနှုန်းသတ်မှတ်ချက်တွေ ၊ လိုက်နာရမဲ့ စည်းကမ်းတွေပါရှိပါတယ်။ concrete mix, lapping length, curing time, abbreviation, codes စတာတွေပါရှိပါတယ်။)
- Excavation Drawing (the footing excavation dimension, column position, footing plan and grid lines of column စတာတွေကိုဖော်ပြထားပါတယ်။)
- Column Layout ( Column တိုင်တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Plinth Beam Layout (Plinth Beam တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Lintel Beam Layout (Lintel Beam တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Roof Beam and Shuttering Layout (Roof Beam  နဲ့ Shuttering တွေရဲ့ အနေအထားတွေ ၊ တည်နေရာတွေ ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)
- Roof Slab Layout (Roof Slab တွေရဲ့ အနေအထားတွေ ၊အပေါက်ဖောက်ရမဲ့  တည်နေရာတွေ ၊ လှေကားနဲ့  Skylight တွေထည့်ရမဲ့ နေရာတွေ၊ သံချောင်းဆင်မှုတွေ အတိအကျပါရှိပါတယ်။)

3. Electrical Drawing 
electrical fixtures, location of switches, fan, light , load calculation, tapping for electricity, wiring path , interventions such as AC and UPS စတဲ့  လျှပ်စစ်ပိုင်းဆိုင်ရာ အချက်အလက်တွေပါရှိပါတယ်။

4. Plumbing Drawing 

ရေပေးတဲ့ ပိုက်လိုင်းတွေ ၊ အညစ်အကြေးပိုက်လိုင်းတွေ ၊ ပိုက် ဆင်ပုံတွေ၊ ပိုက်ဆက်တွေ တည်နေရာပြထားပါတယ်။

5. Finishing Drawing 
flooring pattern (ကြမ်းခင်းပုံစံ) , painting color ( ဆေးသုတ်ရမဲ့ အရောင်) , false ceiling shape ( မျက်နှာကြက်ပုံစံ), plastering texture ( အချောသပ်တဲ့ပုံစံ) စတာတွေကို အသေးစိတ်ဖော်ပြထားတာပါ။ တခါတလေ Elevation drawing မှာလဲ ဖော်ပြထားတတ်ပါတယ်။

Nan Aein Yee

























Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long