#Traverse and Adjustment နည်းများအကြောင်း👈👈👈
သင်​ခန်းစာ 
NO.5 
#Traverse and Adjustment နည်းများအကြောင်း👈👈👈
Traverse ဆိုသည်​မှာ Occupy Backsight Foresight လုပ်​ဆောင်​ခြင်းလို့ တော်​တော်​များများသိပြီးဖြစ်​ပါတယ်​။ နိုင်​ငံအများစုအနေနဲ့  Traverse ကို Close and Open ဟူ၍(၂) မျိုးသာ ခွဲခြားထားသော်​လည်းGoogle မှာတော့ Close, Open, Link Traverse ဟူ၍တွေ့ရပါတယ်​။ ကျနော်​တို့ကတော့ Close ရော Open ရော First CP(close) သို့မဟုတ်​ Other CP(open) သေချာပေါက်​ ပြန်​ပိတ်​ပေးရပါတယ်​။ Japan Company တချို့က Close, Open, Connected Traverse ဟူ၍ (၃)မျိုးခွဲခြားထားသည်​။ Known Point ကို ပြန်​ပိတ်​ရင်​ Connected Traverse ဟုခေါ်ဆိုပြီး Known Point ကိုပြန်​မပိတ်​ဘဲ ကြုံရာထားခဲ့ရင်​ Open ဟုခေါ်ဆိုသတ်​မှတ်​ကြပါသည်​။ 
လုပ်​ငန်းခွင်​တစ်​ခု သို့မဟုတ်​ Site တစ်​ခုမှာ Project ကြီးကြီးမားမားလုပ်​ရမည်​ဆိုရင်​ အရင်​ဆုံး မိမိတို့ Siteရဲ့ မြေမျက်​နှာပြင်​အနေထား Terrain တို့ Ground Features (EG) အားလုံးကိုသိရမှာမို့ Topographic Survey တိုင်းရပါတယ်​။ Topo မတိုင်းခင်​မှာ Control Point ၂ခုကိုသုံး၍ ပထမဆုံး Traverse ပြေးရပါတယ်​။ မရှိရင်​ Assume ပေါ့လေ။ ထို့သို့ Traverse ပြေးရမှာ Close ဖြစ်​စေ Open ဖြစ်​စေ Known Point မှာ ပြန်​ပိတ်​ပေးရမှာ ဖြစ်​ပါတယ်​။
ထိုကဲ့သို့ပြန်​ပိတ်​ရာမှာလည်း  Traverse Accuracy Ratio ကို 1 : 10000 / 1: 15000 နှင့်​အထက်​ရမှ သာလျှင်​ Traverse Result ကိုလက်​ခံကြပါတယ်​။ 1:10000 (or) 15000 မရခဲ့ Adjustment လုပ်​ပေးရမှာဖြစ်​ပါတယ်​။ ဤတွင်​ 1:10000 ဆိုသည်​မှာ 1 သည်​ Error ဖြစ်​ပြီး 10000 သည်​ Distance ကိုဆိုလိုပါသည်​။  10000 ပုံပုံ 1 ပုံသာ အမှားလက်​ခံခြင်းဖြစ်​သည်​။ 
1 : 10000 ဆိုသော Rule အား England နိုင်​ငံ Survey Team တစ်​ခုမှ အတည်​ပြု သတ်​မှတ်​ခဲ့တယ်​လို့သိရပါတယ်​။ 
အဖွဲ့အစည်းရဲ့ အမည်​ကိုတော့ သိခဲ့ရင်​ ပြန်​လည်​တင်​ပြပေးပါမယ်​။ သင်​ခန်းစာ အခု ၂၀ ပြီးဆုံးသွားရင်​တော့ အားလုံးအတွက်​ ဖြည့်​ဆွက်​ချက်​၊ ပြင်​ဆင်​ချက်​အနေနဲ့ ပြန်​လည်​တင်​ပြပေးမှာပါ။
Ac Ratio Calculation ပုံစံမှာ 
Example ; Find Total Error and Accuracy Ratio. 
If Total HD=150, 
Control Point N = 500.000 , E=500.000
End Point N= 500.005 , E= 499.995 
N Er=0.005 , E Er=0.005
Total Error= Squ Root(0.005^2+0.005^2)=0.007
Acc Ratio=T Er/ T HD= 0.007/150=1/21428
1:21000 > ဖြစ်​ပါတယ်​။ (တစ်​အချိုးဖြစ်​စေရန်​ ပိုင်းဝေ ပိုင်းခြေ၂ခုလုံးကို T Er ဖြင့်​စားခြင်းဖြစ်​သည်​)
Traverse Adjustment နည်းများ
ပထမဆုံး ပြောချင်​တာကတော့ Formula များသည်​ Adjustment လုပ်​ပေးရမယ့်​ Correction ပေးရမယ့်​ ချေပေးရမယ့်​ အမှားများကို တွက်​ထုတ်​ခြင်းဖြစ်​ပါတယ်​။
( မှတ်​ပါလေ)
(i) Compass or Bowditch Rule
(ii) Transit Rule
(iii) Crandall Method 
(iv) Least Squares Method 
(v) Third Rule
(vi) Gale's Traverse Table Calculation
(vii) Other Arbitrary Methods  
ဟူ၍ဖြစ်​ပါတယ်​။ 
(i) Compass or Bowditch Rule
သူကတော့ အမေရိကန်​ သင်္ချာပညာရှင်​ Nathaniel Bowditch ဆိုသော ပုဂ္ဂိုလ်​အား ဂုဏ်​ပြုထားသော နည်းဖြစ်​ပါတယ်​။ ဒီဘက်​ခေါတ်​မှာ အသုံးအများဆုံးနဲ့ အတိကျဆုံးနည်းပါ။ Formula ကိုအောက်​ပါပုံကို ကြည့်​နိုင်​သလို နောက်​သင်​ခန်းစာမှာ Software နည်းရော Excel နဲ့ တွက်​နည်းပါ Video File နှင့်​တကွ တင်​ပြပေးမှာပါ။ Same Results ဖြစ်​ပါတယ်​။👌
(မှတ်​ချက်​။ ။Departureဆိုသည်​မှာ Eastingဖြစ်​သည်​)
(ii) Transit Rule 
သူကတော့နဲနဲလွယ်​ပါတယ်​။ N Er ကို Total N နဲ့ပြန်​စား E Er ကို Total E နဲ့ပြန်​စားပြီး ရလာသော Result ကို မူလ Nနဲ့ E ကို ပြန်​ပေါင်းပေးခြင်းဖြစ်​ပါတယ်​။ ပုံတွင်​ကြည့်​ပါ။
(iii) Crandall's Method
သူကတော့နဲနဲခက်​သလိုလို ရှိပါတယ်​။ သူ့ကို Semi-Rigorous Single Traverse Method လို့လည်းခေါ်ပါတယ်​။
Down ပါ👇👇👇
https://my.pcloud.com/publink/show?code=XZEMAG7ZN4bygucGwqhRAGavJYhANFUwsXU7
(iv) Least Square Method 
သူကတော့ Matrix တွက်​နည်းများဖြစ်​လို့ နဲနဲခက်​ပါတယ်​။
အပေါ်က link မှာdown ပါ
(v) Third Rule 
သူကတော့ အောက်​ပါပုံကို ကြည့်​၍ သိနိုင်​ပါတယ်​။ 
ပုံတွင်​ Nouth South East West ဆိုပြီးခွဲထားပါတယ်​။ 
သဘောကတော့ Bearing ကြည့်​ပြီး ၄ မျိုးခွဲထားခြင်းဖြစ်​ပါတယ်​။ ဥပမာ။ Azimuth 250° ဆိုရင်​ Bearing က S 70° W ရလာတဲ့ အဖြေကို Sout နဲ့ West မှာရေးရပါမည်​။(Bearing ဖြင့်​ခွဲခြားခြင်း)
(vi) Gale's Traverse Table Calculation
သူကတော့ Third Rule နဲ့ ခပ်​ဆင်​ဆင်​ဖြစ်​ပါတယ်​။ 
Yutube မှာလည်းလေ့လာနိုင်​ပါတယ်​။
(vii) Arbitrary နည်းများ
Error များကို တိုက်​ရိုက်​ပေါင်းပေးခြင်း​မျိုးရှိပါတယ်​။
တခြား Bearing and Distance နည်းများလည်းရှိပါတယ်​။
မှတ်​ချက်​။ ။ ကျွနု​ပ်​ နည်းအားလုံးမကျွမ်းပါ။ မည်​သူမဆို ၀င်​ရောက်​ဖြည့်​ဆွက်​ပေးနိုင်​ပါတယ်​။ 👌👌👌
Credit#Prime Meridian
Comments
Popular posts from this blog
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long