Meridian
သင်​ခန်းစာစတင်​ပါပြီ
No.(1) 
Meridian (4) Types 👈👈👈
Prime Meridian ဆိုတာကတော့ ကမ္ဘာလုံးရဲ့Zero Degree (0°)တန်​ဖိုးရှိတဲ့ Centre မျဉ်းကြီးဆိုတာ အများစုသိကြမယ်လို့ထင်ပါတယ်။
North Pole နဲ့ Sourth Pole အခြေခံထားခြင်းပါ
North Pole ကိုတော့ Zenith Direction လို့ခေါ်ပြီး South Pole ကိုတော့ Nadir Direction လို့ခေါ်ပါတယ်​။
Survey နဲ့ပတ်သက် လို့ Meridian ကို ခွဲခြားသိဖို့လိုအပ်ပါတယ်​။ ကျနော်​တို့ Surveyor တွေကအရပ်​မျက်​နှာတွေ သတ်​မှတ်​ပြီး မြေပြင်​ပေါ် စက်​ပစ္စည်းကရိယာ တွေနဲ့ တိုင်းတာနေကြလို့လေ ၊ ဘာပဲဖြစ်​ဖြစ်​ Meridian လို့ကြားလိုက်​တာနဲ့ မြောက်​ဆိုတာသိပြီပေါ့၊ ဘာလို့သိရမှာလည်း ဆိုပြန်​တော့ မြေပြင်​ပေါ်မှာ တိုင်းတာတဲ့အခါ အရပ်​မျက်​နှာ သတ်​မှတ်​ဖို့ လိုတယ်​လေ၊ ငယ်​ငယ်​ကသင်​ခဲ့သလိုပေါ့ မြေပုံဆိုသည်​မှာ အထက်​ကိုမြောက်​ အောက်​ကိုတောင်​ လက်​ယာအရှေ့ လက်​၀ဲအနောက်​ လို့ကျက်​မှတ်​ခဲ့တာကိုး။ အဲ့တော့ Meridian ကို (၃)မျိုးကို အောက်​ပါပုံကိုကြည့်​ပြီး သိနိုင်​ပါတယ်​၊ 
နောက်​တစ်​မျိုးကတော့ Assumed or Arbitrary ပေါ့၊ 
(1) True or Astronomical
စကြ်ာဝဠာ၊ ကြယ်​တာယာတို့နဲ့ဂြိုတွေနဲ့ ပတ်​သက်​ခြင်းပါ။ 
ပုံမှာတော့ ဓူဝံကြယ်​ပေါ့၊ အရင်​ခေါတ်​ Surveyor များကတော့ True North ရှာချင်​ရင်​ မနက်​ ၈:၃၀ ၀န်းကျင်​ခန့်​မှာ နေဖမ်းရတယ်​၊  နေဖမ်းတဲ့အခါ နေရဲ့ တည်​နေရာကို ကြည့်​နိုင်​ဖို့ Sun Glass ကိုသုံးရပါတယ်​၊ Sunglass ကိုကြည့်​ True North ကိုရှာ၊ (0°) ရရန်​ဖြစ်​သည်​။  ပြီးမ RO (Reference Origin) Point ကိုရှာပြီးမ Angleနဲ့ Distance 
ကနေ NE တွက်​ရပါတယ်။
(2) Magnetic Meridian 
ဒါကတော့ လူတိုင်းသိနိုင်​ပါတယ်​။ သံလိုက်​အိမ်​မြောင်ပေါ့၊ 
Chinese Han Dynasty ဆိုတဲ့ ပုဂ္ဂိုလ်​က (BC 206)ခန့်​က Navigation အတွက်​တီထွင်​ခဲ့ခြင်းပါ။
Marine ဆိုင်​ရာရေကြောင်းရော အခြားနေရာတွေမှာပါ သုံးကြတယ်​လေ။
(3) Gird Meridian 
Central Meridian(Reference )Meridian ကနေ အပြိုင်​ ရှိနေတဲ့ Line တွေပါ။ ဒီခေါတ်​မှာ တကယ့်​ Official သုံးနေကြပြီပေါ့။ UTM or Lat Long ကနေ Auto North ကိုအခြေခံပြီးသားပဲ၊  ကမ္ဘာလုံးကို Grid ချထားတာပါ၊ Handheld GPS, Phone GPS, DGPS အားလုံး GRID ပါ။ အားလုံးသိပြီး ထင်​၏။ (အကျယ်​အနေနဲ့ Projection အကြောင်းလေ့လာရန်​လိုပါတယ်​)
(4) Assumed or Arbitrary
သူကတော့ Site တစ်​ခုအတွက်​ လမ်းကိုဖြစ်​စေ အဆောက်​အဦးတစ်​ခုကို အပြိုင်​ယူထားခြင်းပါ
North ကို အဆင်​ပြေသလို ခန့်​မှန်းထားခြင်းဖြစ်​ပါတယ်​။ 
ဒီနေရာမှာ တလက်​စတည်းပြောချင်​တာကတော့ Anlge အမျိုးအစားပါ။ DMS ,Grad, Gon,Mils ဆိုပြီးကြားဖူးကြမှာပါ ။
ဒီနေရာမှာ mils
 360°=6400 mils 
90° ရှိတဲ့ Quardart လေးခုမှာ 1600 mils ရှိပါတယ်
အားလုံးကျေးဇူးတင်​ပါတယ်​ 👌👌👌
စာရှည်​ရင်​ ပျင်းမှာစိုးလို့ အတိုးချုံးတင်​ပြခြင်း
မှတ်​ချက်​။ ။ လိုအပ်​ချက်​မှားယွင်းချက်​များရှိခဲ့သော်​ ၀င်​ရောက်​ဖြည့်​ဆွက်​ဆွေနွေး ပေးကြပါကုန်​။ 
#PM
Comments
Popular posts from this blog
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long