AZIMUTH
သင်​ခန်းစာ 
NO.2
AZIMUTH  👈👈👈
ပထမဆုံး Azimuth သမိုင်းကိုပြောရမည်​ ဆိုလျှင်​ USA Southern Californiaက Mount Allen(Sandstone Peak) တောင်​ပေါ်မှာ Azimuth Marker အနေနှင့်​ Hiker Groupတစ်​ခုက ကျောက်​တိုင်​တစ်​ခုနဲ့ အမှတ်​အသားလုပ်​ခဲ့ပါတယ်​။ သူက True North ကိုအခြေခံထားတယ်​ဗျ။ ကျောက်​တိုင်​မှာ လူပုံထွင်းထုထားတယ်​။ နာမည်​က W.Herbert Allen တဲ့။  သူ့ကို ဂုဏ်​ပြု ပြီး အထိမ်းအမှတ်​ လုပ်​ခဲ့တယ်​လို့ထင်​ပါတယ်​။ ပုံကို Ment မှာဝင်​ကြည့်​ပါ။ 
သူ့ရဲ့ Loaction ကတော့ 
N  3777182
E  321825
Z  949 ဖြစ်​ပါတယ်​။ 
Ok ပြန်​စရအောင်
Meridian တစ်​ခုကို အခြေခံပြီး ထောင့်​တစ်​ခု ခံဆောင်​နေသောထောင့်​ ကို Azimuth လို့ခေါ်ပါတယ်​။ Fig 1. .ကိုကြည့်ပါ။ North တစ်​ခု ကစပြီး Horizontal Right လည်​နေတဲ့ထောင့်​တွေမှန်​သမျှကိုခေါ်တာပါ။
A မှ North ကို အခြေခံ (Backsight) သဘောထားပြီး
B ကို Foresight ပစ်​လိုက်​တဲ့ ထောင့်​ 68° ဟာ For Az ဖြစ်​ပြီး B မှ A သို့ Backsight ပြန်​ကပ်​ပြီး ရလာတဲ့  ထောင့်​ 248° ဟာ Back Az ဖြစ်​ပါတယ်​။  ဒါကြောင့်​ For Az နှင့်​ Back Az မှာ Angle ဟာ အမြဲတမ်း 180± အပေါင်းအနှုတ်​ကိုက်​နေရမှာ ဖြစ်​ပါတယ်​။
For Az  ဟာ 180 ထက်​ငယ်​ရင်​ ပေါင်းပြီး 180ထက်​ ကြီးရင်​နှုတ်​ပေးရမှာဖြစ်​ပါတယ်​။ Surveyor တိုင်းအတွက်​ အရေးကြီးဆုံးအချက်​ဖြစ်​ပါတယ်​။ သဘောကတော့ North to South ကို အရပ်​မျက်​နှာမလည်​စေရန်​ 180 Alignment ချထားခြင်းပါ။ 
တချို့ Japan Survey Company များကတော့ Backsight ကို 180 ± နဲ့ Back မကပ်​ဘဲ Zero(0) Set ထားပြီး HR(Az) လှည့်​ပြီးတိုင်းတာမျိုးရှိပါတယ်​။ Interior Angle Calculation ခေါ်ပါတယ်​။ Excel နဲ့ Format Frame ဆောက်​ပြီး Traverse Adjustment ရော Topo Data ရော တွက်​ကြပါတယ်​။ တော်​တော်​ကြောက်​စရာကောင်းတဲ့ Format ကြီးပါ။ အခါသင့်​ရင်​ Linkဆောက်​ပြီးဗဟုသုတအနေနှင့်​ တင်​ပေးလိုက်​ပါမယ်​။
>> ကျနော်​ Pro Surveyor တစ်​ယောက်​မဟုတ်​တဲ့အတွက်​မှားတာရှိရင်​ ပြင်​ကြပါလို့ 👌👌👌
Comments
Popular posts from this blog
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long