Grid Line အလွယ်ရိုက်နည်း
Grid Line အလွယ်ရိုက်နည်း
ညတုန်းက ရန်ကုန်ကညီလေးတစ်ယောက် Grid Line ဘယ်လိုရိုက်ရမလဲဆိုပီးလာမေးတယ်။
အောက်က ဓါတ်ပုံလေးက သူ့ကိုရှင်းပြဘို့အတွက် ပြင်ဆင်ထားတာပါ။
သူ့လိုပဲ လုပ်ငန်းခွင်စ၀င်ပြီးမသိသေးတဲ့ Surveyor ညီလေးတွေရှိမှာပဲဆိုပီး တင်လိုက်တာပါ။သိပီးသားလူတွေများမှာပါ။
အောက်ပါဓါတ်ပုံမှာ GL A ကိုရိုက်မယ်ဆိုပါဆို့။
GL ရိုက်ပုံရိုက်နည်းတွေက Surveyor တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး
တစ်ချို့တွေက Angle ချိုးပီးရိုက်တယ်။ Stake Out ရိုက်တယ်။ Ref Line ရိုက်တယ်။
ကျွန်တော်အခုသုံးနေတာကတော့ အလွယ်ဆုံးလို့ထင်ပါတယ်။
သုံးမယ် Function က Reference Line ကိုသုံးမယ်။
Leica မှာ Ref Line
Topcon and Sokkia မှာ SO Line
Nikkon မှာ 2 Reference Point
Geo Max မှာ 2 Reference Element ဆိုပီး အခေါ်အဝေါ်တွေတော့ နည်းနည်းကွဲပြားပါတယ်။
သုံးပုံသုံးနည်းက အတူတူပါပဲ။ အခုပြောတဲ့ Function ထဲဝင်လိုက်တာပီး
၁။ Pt1 အတွက် GL- A ရဲ့ အစ Coordinates ကိုအရင်ထည့် ပီးရင်
၂။ Pt2 အတွက် GL- A ရဲ့ အဆုံး Coordinates ကိုထပ်ပီးရိုက်ထည့်လိုက်တာနဲ့
၃။ Instrument ကအောက်ပါတိုင်းပြလိမ့်မယ်
1.Line
2.Offset
3.Height
ဒါဆိုရိုက်လို့ရပါပီ။ GL-A ကိုရိုက်ချင်ရင် Offset မှာ 0.000 ကျအောင် ရိုက်ပါ။
ကျန်တဲ့ Line နဲ့ Height ကိုကြည့်စရာမလိုပါဘူး။ Offset ကိုပဲသေသေချာချာကြည့်ပီးရိုက်ပါ။
GL-A ရဲ့ 1M Offset ရိုက်ချင်ရင် Offset မှာ + or - 1.000 ကျအောင်ရိုက်ပါ။
GL-B ကို ရိုက်ချင်ရင် GL-B ရဲ့အစအဆုံး Coordinates ကိုထည့်စရာမလိုပဲ
Offset မှာ + or - 5.000 ကျအောင်ရိုက်တာနဲ့ GL-B ကိုရိုက်လို့ရပီ။
GL-B ရဲ့ 1M Offset ကိုရိုက်ချင်ရင် Offset မှာ + or - 6.000 ကျအောင်ရိုက်တာနဲ့ ရပီ။
ထိုနည်းအတိုင်း GL A, B, C, D, E, F, G ကို GL A ရဲ့တန်ဖိုးတစ်ခုတည်းနဲ့တင်ရိုက်လို့ရပီ။
ရိုက်ရင်တော့ ကိုယ့် Drawing မှာပါတဲ့ GL တွေရဲ့ Distance တွေကို သေသေချာချာတိုင်းပါ
လုံးဝ(လုံးဝ)မှားလို့မရပါဘူး။အထူးသတိပြုပီးရိုက်ပါ။
ဒါကျွန်တော်လက်ရှိအသုံးပြုနေသော အလွယ်ဆုံးနည်းလမ်းပါ။
အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ကြပါစေ
Geo Surveyor
Singapore
28.11.2015
Comments
Post a Comment