ဧရိယာတွက်နည်းလေး…
ဧရိယာတွက်နည်းလေး…
*******************
ဘူမိသိပ္ပံအသင်းမှာတော့ ပြောပြီးသားဖြစ်ပါတယ်…
မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်…
ဧရိယာဆိုတာကတော့ တချို့နေရာတွေမှာ တော်တော်လေးကို အရေးပါတယ်လို့ ဆိုနိုင်ပါတယ်…. ဥပမာတစ်ခုအနေနဲ့ ဧရိယာတူ ရွှေတောင်ကြားက ခြံကွက်တစ်ကွက် အကျယ်အဝန်းဧရိယာတန်ဖိုးနဲ့
ကျောက်တန်းက ခြံတစ်ကွက်တန်ဖိုး မတူသလိုပါပဲ…
ဆက်စပ်ပြီးပြောချင်လာတဲ့ ဘဝအတွေ့အကြုံလေးတစ်ခု
ကတော့ ကျွန်တော် ဦးစီးအရာရှိဘ၀ ၁၉၉၉ ခုနှစ်
လောက်က အတွေ့အကြုံလေးပါ… လပွတ္တာမြို့နယ်ထဲက
သစ်တောကြိုးဝိုင်းတွေထဲ နီးစပ်ပတ်သက်ရာရွာကလူတွေ
က လယ်ဝင်စိုက်ရာကနေ သစ်တောကြိုးဝိုင်းကျူး
လယ်များဆိုပြီး အမည်ပေါ်ပေါက်လာပါတယ်… သစ်တောကြိုးဝိုင်းထဲ လယ်ဘယ်နှဧက(ဧရိယာ)ဝင်ပြီး
ကျူးကျော်နေသလဲဆိုတာကို မြေတိုင်းကိုတာဝန်ပေးတာနဲ့
ကျွန်တော်တို့မြေတိုင်းအဖွဲ့တွေ ဝင်ပြီးတိုင်းပေးခဲ့
ရပါတယ်…
အဲ့ဒီမှာ လယ်ပိုင်ရှင်တစ်ယောက်ကကျွန်တော့်ကိုလာ
ညှိပါတယ်… သူ့လယ်ကို ဧရိယာလျော့တိုင်းပေးပါတဲ့…
ကျွန်တော်လည်း ခင်ဗျားလယ်ကဘယ်လောက်တောင်
ရှိသလဲ ဆိုပြီး အမှတ်မထင်မေးခွန်းထုတ်လိုက်တော့
ဧက(၁၀၀)ကျော်ပါတယ်တဲ့… ကျွန်တော်လည်း ခေါင်းထဲမှာ ဧက(၁၀၀)ကျော်ကို အသေရိုက်မှတ်
ထားလိုက်ပါတယ်… မြေတိုင်းစာရေးတွေကတိုင်း၊ ကျွန်တော်ကပုံထုတ်နဲ့ အဲ့ဒီပြောခဲ့သူရဲ့ လယ်ကို ပုံထုတ်ကြည့်တဲ့အခါမှာ လယ်ဧက (၇၀)လောက်သာ
တွေ့ရတဲ့အတွက် တိုင်းလာတဲ့မြေတိုင်း စာရေး(၂)ယောက်ကို မင်းတို့ ကိုယ့်အလုပ်ကိုယ်တာဝန် မကျေဘူး… မင်းတို့အလုပ်က အရှိအရှိအတိုင်းတိုင်းခဲ့
ရမှာလို့ ပြောခဲ့ပါတယ်… နောက်တော့ လုံခြုံရေးအခြေ
အနေကြောင့် အခြားတစ်ဖွဲ့က ဝင်တိုင်းမှပဲ ပြဿနာပြီး
သွားပါတယ်…
အဲ့ဒီမှာ အသုံးပြုတဲ့ Instrument က T2 Theodolite နဲ့ Distancer (DI-3000)ကို အသုံးပြုတိုင်းတာပါတယ်…
Theodolite ကနေ ထောင့်တန်ဖိုးရပြီး၊ DI ကနေ Distance ရတဲ့အတွက် Distance နဲ့
Bearing ကနေ Coordinate တွက်ပါတယ်…
တစ်ခါ Coordinate တွေကနေမှ ဧရိယာကို တွက်ချက်ယူရတာဖြစ်ပါတယ်..
ဧရိယာတွက်တာမှာ ထောင့်မှန်စတုဂံတစ်ခုရဲ့ ဧရိယာဆိုတာကတော့ အလျား x အနံ ဖြစ်တယ်
ဆိုတာလူတိုင်းသိပြီးသားဖြစ်မယ် ထင်ပါတယ်…
ထောင့်မှန်စတုဂံကို ထောင့်ဖြတ်မျဉ်းနဲ့ ကန့်လန့်ပိုင်းလို့ နှစ်ပိုင်းရပြီဆိုရင်တော့ တြိဂံတစ်ခု၏ ဧရိယာက
နှစ်ပိုင်း တစ်ပိုင်း အမြှောက်အခြေ အမြှောက် အမြင့် ဆိုတာပါပဲ… နောက်ဆုံး Coordinate နဲ့ လှည့်တာမှာ တစ်ပတ် ပတ်မိတယ်ဆိုရင် ဧရိယာတွက်နိုင်ပါတယ်…
ပုံသဏ္ဍန်မှန်တဲ့ ဧရိယာဖြစ်ဖြစ်၊ ပုံသဏ္ဍန်မမှန်ဘဲ
တွန့်ခေါက်နေတဲ့ ဧရိယာဖြစ်ဖြစ် အဲ့ဒီ ပုံသေနည်းကိုပဲ အသုံးပြုနိုင်ပါတယ်… မြေတိုင်းသင်တန်းမှာ Survey-16
ပုံစံ ထဲ ထည့်သွင်းတွက်ချက်တာက အဲ့ဒီသဘောတရားပါပဲ… Easting နှစ်ခုအတွက် အပေါင်းဖြစ်ရင် Northing နှစ်ခုအတွက် အနှုတ်ယူရမှာဖြစ်ပါတယ်… Northing နှစ်ခုကို ပေါင်းရင်တော့ Easting တန်ဖိုး နှစ်ခု နှုတ်ပေးရမှာ
ဖြစ်ပါတယ်…ပေါင်းပေါင်းနှုတ်နှုတ်၊ အပေါင်း- အနှုတ်
ဖြစ်ဖို့သာ အရေးကြီးတာပါ…. နောက်ဆုံး ထွက်လာတဲ့ ဧရိယာတန်ဖိုးမှာ အနှုတ်ထွက်လာရင် ဧရိယာဆိုတာ အနှုတ်မဖြစ်တာဖြစ်လို့ Sign ကို Neglect လုပ်
လိုက်ရင်ဖြစ်ပါတယ်…. ((Program ထည့်လို့ ရတဲ့ Calculator နဲ့ ဆိုရင်တော့ မြန်မြန်ဆန်ဆန် တွက်နိုင်ပါတယ်))
ရွှင်လန်းချမ်းမြေ့ကြပါစေ…
အောင်မိုး(မြေတိုင်း)
(၂၀-၁၂-၂၀၁၆)
Comments
Post a Comment