Total Station နဲ့ Level ********************* ပေးနည်းလေးပေါ့ဗျာ၊

Total Station နဲ့ Level

********************* ပေးနည်းလေးပေါ့ဗျာ၊

********************** သတိထားသင့်တာလေးတွေ

***********************

 လည်း တင်ပြထားတယ်

*********************

၁/ Coordinate ဖတ်တဲ့ page ဝင်ထားပါ

၂/ Non-prism mode နဲ့ reference level တစ်ခုကို လှမ်းဖတ်ပါ၊ ဥပမာ - 18.75( 1m offset) level ဆိုပါစို့၊( အကယ်၍ မြေပြင် average level သိချင်လို့ random ကောက်တာမျိုးဆိုရင်တော့ အစကတည်းက reference lvl မှာ prism lvl ကပ်ပြီး ဖတ်ရပါမယ်----TS နဲ့ prism အမျိုးအစား မတူလျှင် prism mode နဲ့ non-prism mode constant မတူတတ်ပါ၊ အမျိုးအစားတူလျှင်လည်း ပြန်စစ်ထားမှ စိတ်ချရပါမည်) 

၃/Non-prism နဲ့တိုင်းနည်း အရင်ပြောပါမည်---Measure လုပ်ပါ

၎/ N, E, Z မှာ Z က _0.473 ရတယ်ဆိုပါစို့ ၊ အဲဒီ _ 0.473 ကိုမှတ်ထားပါ

၅/ Setting > Station data ထဲဝင်ပါ၊ ( ဘယ်စက်မှာ ဖြစ်ဖြစ် Station ထိုင်ထားတဲ့ Occupy point data ထဲဝင်ဖို့ဆိုလိုတာပါ) 

၆/ Station data ---N , E, Z ထဲက Z value မှာ ခုနက မှတ်ထားခဲ့တဲ့ 0.473 လာပေါင်းပါ( ဆိုလိုတာက Coordinate Z value reading က minus ဆိုလျှင် Station data Z value မှာ + ရမည်။ Coordinate Z value က plus နဲ့ထွက်လျှင် Station data Z value မှာ minus ရမည်)

၇/ အခုအခါ Station data Z value အသစ်တစ်ခု ရလာပါပြီ၊အဲဒါကို Z နေရာမှာ ပြန်ရိုက်ထည့်ပါ

၈/  မူလ NE Z ထဲ ပြန်သွားပြီး

Measure လုပ်ပါ

၉/  Z lvl က 0.000 ဖြစ်နေလိမ့်မယ်

၁၀/ ဒါပေမယ့် backup ထားတဲ့ lvl က 18.75 ပါ၊ sreen မှာဖတ်ရတာက 0.000ဖြစ်နေလို့

အဲဒါကို 18.75 lvl ရအောင်ထပ်ပြောင်းရဦးမယ်၊

၁၁/ ဒီမှာ သဘောတရားက ရိုးရိုး random ဖတ်လိုက်တဲ့ Z value နဲ့ Station data( Occ point) ထဲက Z value က တိုက်ရိုက်ဆက်စပ်နေတယ်

၁၂/ အဲဒါကြောင့် ခုနက 0.000ဖတ်လို့ရတာကို 18.75 ရအာင် 0.000+18.75 သဘောဖြစ်သွားအောင် Station dataမှာ ခုနက ပြင်ထားခဲ့တဲ့ Z value မှာ 18.75 ထပ်ပေါင်းပေးရမယ်၊ ရတဲ့ Z value အသစ်ကို ပြန်ရိုက်ထည့်ရမယ်

၁၃/ ပြီးတဲ့အခါ ရိုးရိုးNEZ နဲ့ ပြန်ဖတ်ပါ၊ 

၁၄/ အခုအခါ backup lvl Z value က 18.75 ဖြစ်သွားပါပြီ၊အပြင် Existing reference lvl 18.75 မှန်သွားပါပြီ၊

၁၅/ စက်ကပြတဲ့ level နဲ့ on-ground reference level ကိုက်ညီသွားတဲ့ အတွက် laser ထိုးပြီး မိမိပေးချင်တဲ့ level တွေ ပေးလို့ရပါပြီ

၁၆/ နောက်တစ်မျိုးအနေနဲ့ prism pole နဲ့ မြေပြင်မှာ random lvl ကောက်တာ၊  L.S အတွက် level ကောက်ချင်တာမျိုးဆိုရင်တော့ ခုနက ပြင်ဆင်မှု Steps တွေထဲမှာ Zvalue ကို မြေပြင် level အတိုင်းရစေချင်လို့ offset ကို ပြန်နှုတ်ပေးရပါမယ်၊ ဥပမာ အခု 18.75 ခါးစည်း lvl မြေပြင်/base lvl ရဲ့ 1m offset ရှိနေတာဖြစ်လို့ Zvalue ပြင်ရာမှာ Actual level 17.75 ပဲထားပြီး အဲဒီခါးစည်းမှာ prism  level ကပ်ဖတ်ရပါမယ်( prism lvl ဆိုတာက နံဘေးနှစ်ဘက်က အချွန်းလေး ၂ ခုနဲ့ ညီတဲ့ lvlပါပဲ) 

၁၇/ reference lvl 18.75 ကို prism နဲ.ဖတ်ရာမှာ  17.75 ရရင် 1m မှာ ချိန်ထားတဲ့ prism pole နဲ့  level ဆက်ကောက်လို့ ရပါပြီ

၁၈/ Total station နဲ့ lvl ကောက်ရာမှာ စက် မှန်/မမှန် စစ်ထားဖို့လိုပါတယ် ၊ Tilt error စစ်တာပါ (  မီတာ 100လောက် ရှိတဲ့တစ်နေရာက ထင်ရှားတဲ့ point တစ်ခုကို လှမ်းချိန်ပါ---ဥပမာ --တိုက်မြင့် နံရံတစ်နေရာ က  Cornerမျိုး) 

Horizontal angle( HR) နဲ့  Vertical angle ( VH) ရေးမှတ်ထား။

ပြီးတဲ့အခါ စက်ကို 180 လှည့်၊ မှန်ပြောင်း ပြောင်းပြန်နဲ့ ခုနက pointကို ပြန်ကြည့်။

HR, VH တွေမှတ်ထား၊

HR1_ HR2 =180 နီးပါးရှိရမယ်( Allowable error က +/_ 20 second အတွင်းဝင်ရမယ်)

VH1+VH2=360နီးပါးရှိရမယ်( Allowable error က +/_ 40 second အတွင်းဝင်ရမယ်)

မရရင်တော့ အဲဒီ  Totalစိတ်မချရပါ၊ Service မှာ Calibrate လုပ်ဖို့လိုလာပါပြီ)

👉👉👉နောက်အရေးကြီးတာတစ်ခုက non_ prismနဲ့ level ဖတ်ရာမှာ ဖတ်တဲ့ မျက်နှာပြင်က ချောမွေ့ညီညာနေသင့်တယ်၊ 

Ts မှန်ပြောင်းနဲ့ဖတ်တဲ့ surface နဲ့လည်း စောင်းမနေသင့် ၊ signal rayက ချော်ထွက်ပြီး error ရှိတတ်တယ်

👉👉 distanceတိုတိုလေး backupပြီး အရှည်ကြီးလည်း လှမ်းမဖတ်သင့်၊ backup point နဲ့ shooting point က half by half ထက်မကျော်သင့်၊ အတိုမှာ  backup ပြီး အရှည်မှာ shoot နိုင်အောင် TS က ဘယ်လောက်လောက်မှာ error များလာမလဲ သိအောင် မှန်ကန်တဲ့ Level စက်နဲ့ကြိုစစ်ထားရပါမယ်

👉👉👉အခုဖော်ပြခဲ့တာတွေကတော့ Total Stationနဲ့ Level တိုင်းရာမှာ ဆောင်ရန်၊ရှောင်ရန်တွေပဲ ဖြစ်ပါတယ် ခင်ဗျာ။

 ကျေးဇူးတင်ပါတယ် TSA


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း