Survey ပညာရပ်​ကို အ​ခြေခံမှ ​လေ့လာလိုသူများအတွက်​ Horizontal angle ရေပြင်ညီအမှတ်နှစ်ခု၏ လားရာထောင့်ဖြစ်သည်။ ရေပြင်ညီထောင့်ကို ထိမ်းချုပ်မှတ်များ၏ လားရာအားရယူရာ၌ ၎င်း၊ အဆောက်အဦများ ပန္နက်ရိုက်ရာတွင် လိုသောအမှတ်၏ လားရာချမှတ်ရာ၌၎င်း၊ သုံးစွဲလေ့ရှိသည်။ Vertical angle အမှတ်နှစ်ခုကို ထောင်လိုက်ဖြတ်သွားသော လားရာထောင့်ဖြစ်သည်။ မတ်ရပ်ထောင့်ကို မတ်ရပ်တြိဂံဖွဲ့၍နိမ့်မြင့် တိုင်းတာရာ၌၎င်း၊ ကုန်းစောင်းအကွာအဝေးမှ ရေပြင်ညီသို့ ပြောင်းလဲတွက်ယူရာတွင်၎င်း၊ အသုံးပြုလေ့ရှိသည်။ Zenith angle အမှတ်နှစ်ခုကို ထောင်လိုက်ဖြတ်သွားသော လားရာထောင့်ဖြစ်သည်။ Vertical angle နှင့် (90°) ခြားနားပြီး zenith သို့တိုက်ရိုက်ကျရောက်သော ထောင့်ဖြစ်သည်။ Types of Measured Angles Interior angles နာရီလက်တံ(သို့) နာရီလက်တံပြောင်းပြန် လှည့်တိုင်း၍ polygon တစ်ခုအတွင်းရှိ အတွင်းထောင့်များဖြစ်သည်။ (Theodolite,Totalstation) မြေတိုင်းသုံးကိရိယာဖြင့် မိနစ်၏အစိတ်အပိုင်း (သို့)စက္ကန့်အထိတိုင်းယူနှိုင်သည်။ Exterior angles နာရီလက်တံ(သို့) နာရီလက်တံပြောင်းပြန် လှည့်တိုင်း၍ polygon တစ်ခုအတွင်းရှိ အပြင်ထောင့်များဖြစ်သည်။ (Theodolite,Totalstation) မြေတိုင်းသုံးကိရိယာဖြင့် မိနစ်၏အစိတ်အပိုင်း (သို့)စက္ကန့်အထိတိုင်းယူနှိုင်သည်။ # Interior angle နှင့် Exterior angle ပေါင်းခြင်း 360°ရှိရမည်။ Deflection angles Back sight (B.S) လိုင်းပေါ်ရှိ ဆွဲဆန့်ရေးစွဲထားသော မျဉ်းဖြောင့် ၁၈၀°လားရာမှ Fore sight (F.S) point သို့ သွေဖယ်သွားသော ထောင့်ဖြစ်သည်။ နာရီလက်တံအတိုင်း သွေဖယ်လျှင် deflection right (D.R) ဟုသတ်မှတ်၍ နာရီလက်တံ ပြောင်းပြန်အတိုင်း သွေဖယ်လျှင် deflection left (D.L) ဟုသတ်မှတ်သည်။ Angles to the right Black sight (B.S) လိုင်းမှအခြေပြု၍ Fore sight (F.S) လိုင်းသို့နာရီလက်တံအတိုင်း (သို့) ညာရစ်လှည့်တိုင်းဖြစ် သည်။ Angles to the left Black sight (B.S) လိုင်းမှအခြေပြု၍ Fore sight (F.S) လိုင်းသို့ နာရီလက်တံပြောင်းပြန်အတိုင်း (သို့) ဘယ်ရစ် လှည့်တိုင်း ဖြစ်သည်။ The decimal degree (DD) is equal to DD = d + m/60 + s/3600 ( D.D to D.M.S ) ဒသမအနောက်ကို ၆၀နဲ့ မြှောက် The line of reference (Meridian) မြေတိုင်းလုပ်ငန်းကို ကိုးကားရန်အတွက် သတ်မှတ်ထားသည့် မည်သည့်မျဉ်းကိုမဆို Meridian ဟုခေါ်သည်။ Astronomical or True Meridians ကမ္ဘာကြီး၏တောင်ဝန်ရိုးစွန်းနှင့်မြောက်ဝန်ရိုးစွန်းတို့ကိုဆက်သွယ်ထားသောမျဉ်းကို True meridian ဟုခေါ်သည်။ Magnetic Meridians ကမ္ဘာမြေကြီး၏ သံလိုက်ဓါတ်ဆွဲအားကြောင့် သံလိုက်အိမ်မြှောင်ညွှန်ပြရာ တောင်နှင့်မြောက်အရပ် ဆက်ထားမျဉ်း ကို Magnetic meridians ဟုခေါ်သည်။ Grid Meridians Plane survey အဖြစ်မြေပုံမှ ဖော်ပြထားသော grid line များအညီအမျှပိုင်း၍ X,Y,Z (သို့) E,N,Z ဖြင့်ဖော်ပြသော မျဉ်းကို grid meridians ဟုခေါ်သည်။ Assumed Meridians ဧရိယာသေးငယ်သော project များအတွက်စိတ်ကူးပုံဖော်၍ ရေးဆွဲထားသောမျဉ်းကို assumed meridians ဟု ခေါ်သည်။ True north (geodetic north) True north is the direction along the earth’s surface towards the geographic north pole. မြောက်အရပ်ဖြစ်၍ ဆောက်လုပ်ရေး စီမံကိန်းများတွင် အသုံးပြုခဲသည်။ အမြန်ကားလမ်း၊ ရထားလမ်းများဖေါက် လုပ်ရာတွင်သာ GPS စံနစ်ဖြင့် တွဲဖက်သုံးစွဲလေ့ရှိသည်။ Magnetic north (±15’) The direction a compass point toward the magnetic north pole. သံလိုက်အိမ်မြှောင်သည်±15′အတွင်းတိကျမှုကိုပေးနှိုင်ခြင်းကြောင့်အရေးကြီးသောလုပ်ငန်းများ၌သုံးလေ့မရှိပါ။ Grid north The direction north wards along the grid lines of a map projection. အဖြစ်မြေပုံမှ ဖော်ပြထားသော grid line များ၏ မြောက်အရပ်ဖြစ်သည်။ Arbitrary north The direction is define site location, mostly use small area. မြောက်အရပ်အဖြစ် ယူဆသောလားရာဖြစ်သည်။ တခါတရံစီမံကိန်း၏ အနေအထားအလိုက် မူမှန်သောမြောက် အရပ်မှ တိမ်းစောင်းမှုရှိနှိုင်သည်။
Comments
Popular posts from this blog
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long
Map Projection မြေပုံ ပုံရိပ်ချခြင်း