မြေတိုင်းတာခြင်းလုပ်ငန်းတွင် အသုံးပြုရန်အတွက် RTK (Real-Time Kinematic)၏ အသုံးဝင်ပုံများ၊ အားသာချက်များနှင့် အားနည်းချက်များ

မြေတိုင်းတာခြင်းလုပ်ငန်းတွင် အသုံးပြုရန်အတွက် RTK (Real-Time Kinematic)၏ အသုံးဝင်ပုံများ၊ အားသာချက်များနှင့် အားနည်းချက်များ

(မြေတိုင်းဦးစီးဌာနမှ တည်းဖြတ်ထားပါသည်။)

****************************************************

Real-Time Kinematic (RTK)၏ အသုံးဝင်ပုံများ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁) မြေပုံရေးဆွဲထုတ်လုပ်ရန်အတွက် ရှိရင်းစွဲမြေပုံတွင် နောက်ထပ်ဖြစ်ပေါ်လာသော အရာဝတ္ထု (ဥပမာ- အဆောက်အဦများ၊ လမ်းနှင့် တံတား) စသည်တို့၏ တည်နေရာကို တိုင်းတာရန်နှင့် ရှာဖွေရာတွင်လည်းကောင်း၊

~

(၂) လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ၊ ရေရရှိရေးစီမံကိန်းနှင့် အခြားသော တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် မြေမျက်နှာသွင်ပြင်မြေပုံ (Topo Map) ရေးဆွဲရန်အတွက် မြေတိုင်းတာခြင်း လုပ်ငန်းများတွင်လည်းကောင်း၊

~

(၃) မြို့မြေကွက်များ ဖော်ထုတ်ခြင်း၊ အဆောက်အဦ တည်နေရာများ သတ်မှတ်ခြင်း၊ အိမ်ရာ စီမံကိန်းများအတွက် (Site Plan)များ ချမှတ်ခြင်းတို့တွင်လည်းကောင်း၊

~

(၄) ကွက်စိတ်တိုင်းတာခြင်း (Cadastral Surveying) လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း အသုံးပြုနိုင်ပါသည်။

~

Real-Time Kinematic (RTK)၏ အားသာချက်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁) Base Station Receiver တစ်လုံးတည်းနှင့် Transmission Antenna မှတစ်ဆင့် Rover Receiver အများအပြား ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊

~

(၂) မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် မြို့ကွက်ဖော်ထုတ်မှု လုပ်ငန်းများ၊ မြို့မြေစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းတာမည့် ဧရိယာသည် သစ်ပင်နှင့် အဆောက်အဦများ အတားအဆီး ရှင်းလင်းမှုရှိပါက Total Station ဖြင့် တိုင်းတာသည်ထက် GPS များအား အသုံးပြု၍ RTK (Real Time Kinematic) နည်းစနစ်ဖြင့် တိုင်းတာခြင်းက ပိုမိုလွယ်ကူ လျင်မြန် စွာ ဆောင်ရွက်နိုင်ခြင်း၊

~

(၃) GPS များအား အသုံးပြု၍ RTK (Real Time Kinematic) နည်းစနစ်ဖြင့် တိုင်းတာခြင်းသည် Computation Adjustment ထပ်မံဆောင်ရွက်စရာ မလိုအပ်ဘဲ မြေပြင်တွင် Coordinate အား တိုက်ရိုက်ရရှိစေနိုင်ခြင်း၊

~

(၄) RTK (Real Time Kinematic) နည်းစနစ်၏ တိကျမှန်ကန်မှု အဆင့်အတန်းမှာ +/- 10 mm + 1 ppm (x Baseline Length) ဖြစ်၍ cm Level အထိ တိကျမှန်ကန်စွာ တိုင်းတာနိုင်ခြင်း၊

~

(၅) Total Station ဖြင့် တိုင်းတာရာတွင် တိုင်းတာသူ၏ အမှား (Human Error) ရရှိနိုင်သော်လည်း၊ GPS များအား အသုံးပြု၍ RTK (Real Time Kinematic) နည်းစနစ်ဖြင့် တိုင်းတာပါက တိုင်းတာသူ၏ အမှား (Human Error) မရှိသလောက် နည်းပါးခြင်း၊

~

(၆) တိုင်းတာမည့် ဧရိယာမှာ သစ်ပင်၊ အဆောက်အဦ အတားအဆီးများ ရှင်းလင်းပါက Base နှင့် Rover ၏ အကွာအဝေးမှာ 10 မှ 20 kilometers အထိ တိုင်းတာနိုင်ခြင်း၊

~

(၇) လူအင်အား အနည်းငယ်မျှဖြင့် မြေတိုင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ခြင်း၊

~

(၈) ရာသီဥတု အချိန်အခါ မရွေး တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊

~

(၉) အခြားသော တိုင်းတာရေး ပစ္စည်းများ အသုံးပြု၍ တိုင်းတာခြင်းထက် ကုန်ကျစရိတ် သက်သာစေခြင်း၊

~

(၁၀) မြေတိုင်းဦးစီးဌာနမှ တည်ဆောက်ရန် စီမံဆောင်ရွက်နေသော စဉ်ဆက်မပြတ်တိုင်းတာ လျက်ရှိသည့် ရည်ညွှန်းမှတ်တိုင်များ (Continuously Operating Reference Station – CORS) များ တည်ဆောက်ပြီးစီးပါက CORS Network ဧရိယာအတွင်းတွင် Base Station ထပ်မံ ထိုင်စရာ မလိုအပ်တော့ဘဲ အဆိုပါ CORS များနှင့် ချိတ်ဆက်၍ လွယ်ကူစွာ တိုင်းတာနိုင်မည် ဖြစ်ခြင်း၊

~

(၁၁) Digital data များ ရရှိပြီး data အချက်အလက်များကို input/output ပြုလုပ်နိုင်ခြင်း။

~

Real-Time Kinematic (RTK)၏ အားနည်းချက်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁) အဆောက်အဦနှင့် သစ်ပင်ကြီးများ ထူထပ်သည့်အောက်တွင် တိုင်းတာ၍ မရခြင်း၊ ရခဲ့လျှင် လည်း မှန်ကန်မှု မရှိနိုင်ခြင်း၊

~

(၂) Radio Transmitter (Internal (သို့) External) အပေါ် မူတည်ပြီး လုပ်ငန်းဆောင်ရွက်နိုင်မှု အကွာအဝေး (10 km (သို့) 20 km) တွင် ထိရောက်မှု အပြောင်းအလဲ ရှိခြင်း၊

~

(၃) Processing Software ကိုင်တွယ် အသုံးပြုနိုင်ရန် ရောင်းချမည့် ကုမ္ပဏီမှ သင်တန်းပို့ချမှုတွင် အချိန်တိုခြင်း/နည်းပညာ အားနည်းခြင်း။


ရွှင်လန်းချမ်းမြေ့ကြပါစေ..

အောင်မိုး(မြေတိုင်း)

(၂၄-၁-၂၀၁၉)

Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long