Level Instrument (နိမ့်မြင့်တိုင်းမှန်ပြောင်း)

Level Instrument (နိမ့်မြင့်တိုင်းမှန်ပြောင်း)

**************************************


ကားလမ်းဘေး၊ ရထားလမ်းဘေးမှာတော့ တွေ့ဖူးကြမှာ အလယ်မှာ သုံးချောင်းထောက်နဲ့ မှန်ပြောင်းကလေးတစ်လုံးရယ် ဘေးတစ်ဖက် တစ်ချက်စီမှာတော့ ပေတံရှည်ကြီးတစ်ချောင်းစီနဲ့ အလုပ်များနေကြတာ....


အလယ်ကမှန်ပြောင်းကိုတော့ နိမ့်မြင့်တိုင်း မှန်ပြောင်း (Level Instrument)လို့ ခေါ်ပြီးတော့ ပေတံရှည်နှစ်ချောင်းကိုတော့ Staff လို့ခေါ်ပါ တယ်....


Level မှန်ပြောင်းမှာ အကွာအဝေး အနီးအဝေး အလိုက် Focus လုပ်နိုင်တဲ့ Screw နဲ့ မှန်ပြောင်း ရေချိန် ညီ မညီ သိရှိနိုင်တဲ့ Spirit Level ဆိုတာ ပါတယ်... 


ဒီနေရာမှာတော့ ဘဝရဲ့ အတိတ်တစ်ခုကိုပြောချင် လာပါတယ်... 88 အရေးအခင်း အကျိုးဆက် ကြောင့် 1st Year (Hons:) ဘဝနဲ့ တန်းလန်း ဖြစ်နေတဲ့ အချိန်၊ ဆယ်တန်းအောင် အငယ်တန်း စာရေး လျှောက်ခွင့်ရှိတဲ့ကာလ အိမ်က အစိုးရ အလုပ် လုပ်စေချင်တဲ့အချိန်... အစိုးရအလုပ်ကို ခြေကန်ငြင်းရင်း ပန်းရံဆရာတစ်ယောက်နဲ့ ချိတ် ပြီး လူကြမ်းမင်းသားဘဝနဲ့ ဘဝဇာတ်ခုံပေါ်မှာ ၇ လ၊ ၈ လ လောက် ကပြအသုံးတော်ခံခဲ့သေးပါ တယ်....


ဘာဆိုင်လဲမေးရင်... ပန်းရံတို့ လက်သမားတို့ သုံးတဲ့ Level Pipe ဆိုတာကတော့ Level မှန် ပြောင်းရဲ့ အခြေခံပါ... Pipe ထဲကို ရေထည့်ပြီး

ရေမျက်နှာပြင် ၂ ခုကို ညှိပြီးသုံးတဲ့သဘောတရား ကို အခြေခံပြီး Level မှန်ပြောင်း တီထွင်ထားတာ

ဖြစ်ပါတယ်.... 


အုတ်ရိုးတစ်ခု အနိမ့်အမြင့်ညီ မညီသိချင်ရင် Level pipe နဲ့ အုတ်ရိုးတစ်ဖက်မှာ တစ်ယောက်က ထောက်ထားပြီး နောက်တစ်ယောက်က အုတ်ရိုး အခြားတစ်ဖက်မှာ ရေမျက်နှာပြင်ကြည့်ပြီး နိမ့်တယ် မြင့်တယ် ပြောရတာဖြစ်ပါတယ်...


မြေတိုင်းသုံးတဲ့ Level မှန်ပြောင်းကတော့ Backsight (BS) ကိုလှမ်းဖတ်တယ်... ပြီးတော့ Foresight (FS) ကိုဖတ်တယ်... ပြီးတော့ ခြားနား (BS - FS)တယ်...  အပေါင်းတန်ဘိုးထွက်ရင် ရှေ့ကနောက်ထက်မြင့်တယ်၊ အနှုတ်တန်ဘိုး ထွက်ရင် ရှေ့က နောက်ထက်နိမ့်ခြင်းဖြစ်ပါတယ်...


ဘယ်ရွေ့ဘယ်မျှဆိုတာကတော့ ပေတံကြီးတွေ မှာတန်ဘိုးဂဏန်းတွေပါတာဖြစ်လို့ ဖတ်ယူနိုင် ပါတယ်... 


အဲ့ဒီမှာ ထူးခြားမှုတစ်ခုက Ground Survey သမားအများစု သတိမပြုမိတဲ့ ပေတံ ဇောက်ထိုး တိုင်းတာဖြစ်ပါတယ်.... Construction Survey သမားတွေကတော့ ရင်းနှီးပြီးဖြစ်မယ်ထင်ပါတယ်.. မျက်နှာကျက်တွေ၊ ထုတ်တန်းတွေရဲ့ အမြင့်တွေကို တိုင်းတဲ့အခါမှာ Staff ပြောင်းပြန်လှန်းထောက်ပြီး

တိုင်းတာရခြင်းဖြစ်ပါတယ်...


ရေချိန်မှန်ပြောင်းတစ်လုံးကို သုံးတော့မယ်ဆိုရင်

ပထမဆုံးအနေနဲ့ မိမိအသုံးပြုမည့်မှန်ပြောင်းကို Collimation Error မဖြစ်မနေစစ်ဆေးရမှာဖြစ် ပါတယ်... မြန်မာလိုပြောရင်တော့ မှန်ပြောင်းကို တစ်ဖက်ကနေ တစ်ဖက်လှည့်လိုက်တဲ့အခါမှာ ရေပြင်ညီအတိုင်းမသွားဘဲ နိမ့်နေတာ မြင့်နေတာ တွေကိုဆိုပါတယ်... မှန်ပြောင်းမှာ Error ရှိနေတာ ကို မစစ်ဘဲ သုံးမယ်ဆိုရင် Level Line ရှည်လာ တာနဲ့အမျှ အမှားများမှာဖြစ်ပါတယ်... (Colimation Error စစ်ပုံအား သီးခြားတင်ပေး ပါမည်။)


နောက်တစ်ချက်က ကမ္ဘာ့မျက်နှာပြင်ဆိုတာ ခုံးနေ တာ... မှန်ပြောင်းက ရေပြင်ညီတိုင်းတာ.. ရေပြင် ညီတန်ဘိုးနဲ့ ခုံးနေတဲ့ မျက်နှာပြင်ကြားတန်ဘိုးတို့ အကြားမှာ Curvature Correction ကိုထည့်ပေး ရတယ်... ဒီကြားထဲ အလင်းယိုင်ခြင်းကြောင့်ဖြစ် လာတဲ့ error ကိုတော့ Refraction Correction ထည့်ပေးရပါတယ်...


အလွယ်လုပ်ပြီး မထည့်လည်းဘာဖြစ်လဲကွာ မေးရင်... Level Line ရှည်လာတာနဲ့အမျှ error တွေ စုပုံလာမှာဖြစ်ပါ တယ်... (Curvature Correction နဲ့ Refraction Correction တို့ရဲ့ ပုံသေနည်းတွေကို သီးခြားတင်ပေးပါမည်။)


Level တိုင်းတယ်ဆိုရင် မိမိတိုင်းတဲ့ လုပ်ငန်းရဲ့

Permissible Error နဲ့ အဆင့်အတန်း Order တွေ ကို သိသင့်ပါတယ်... 1st Order, 2nd Order, 3rd Order စသည်ဖြင့်ဖြစ်ပါတယ်... (သီးခြားတင် ပေးပါမည်။)


လွယ်မယောင်နဲ့ ခက်ပြီးတော့... ရိုက်ထည့်တာ အများဆုံးကလည်း Level အလုပ်ဖြစ်ပါတယ်...


အခုခေတ်မှာ Digital Level တွေပေါ်လာလို့ ရိုက်ထည့်တာတွေနည်းလာတယ်ဆိုရပါမည်... ရအောင်ရိုက်ထည့်သူတွေကတော့ ရှိနေသေးပါ သဖြင့် ထိုသူများအား ရိုက်စားဟုသာအမည် ပေးလိုပါသည်...


((Geomax Product လေးတွေထည့်ကြော်ငြာလို့ ကြော်ငြာခတော့ဈေးကြီးသွားပါပြီ.. ဦးညီညီမင်း ခင်ဗျားး))


ရွှင်လန်းချမ်းမြေ့ကြပါစေ...

အောင်မိုး (မြေတိုင်း)

(18-8-2016)


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း