How can we check column vertical error

How can we check column vertical error

Building Construction ဆိုဒ်တစ်ခုဆိုဒ်မှာ Column တစ်လုံး Grid Line အပြင်သို့ထွက်ပီးအောက်သွားသည်။

 ဖြစ်စဉ်အကျဉ်းမှာ ပထမထပ်ကြမ်းခင်းလောင်းသည် Surveyor မှ

Grid Line များရိုက်ပေးသည်။ လက်သမားနှင့် သံချည်သံကွေးတို့မှ Column များဆင်ပီးColumn တိုင်များ Casting လောင်းကြသည်။ ဒုတိယထပ်ကြမ်းခင်းအတွက်ပြင်ဆင်ပီး

ကြမ်းခင်းထပ်လောင်းသည်။ ဒုတိယထပ်ကြမ်းခင်းလောင်းပီးချိန်တွင် Surveyor မှ Grid Lineများထပ်မံရိုက်ပေးရသည်။ ထိုအချိန်အတွင် Column တစ်လုံး 50mm မျှအောက်သွားသည်။Sub Con များကတော့သူတို့လူတွေက Surveyor 

 ပေးထားသည့် Grid Line များကိုသာFollow လုပ်ပါသည်ဟု ဆိုကြသည်။

 ဒါဆိုအဖြေကSurveyor မှားတာပေါ့။ ဘာကြောင့်အောက်

လည်းဆိုတဲ့ ဖြစ်စဉ်ကိုမသုံးသပ်ပဲ အလွယ်ပြောဆိုခြင်းပါ။ Surveyor ကကျဉ်တွယ်ကျနေသောGrid Line များကိုရိုက်ပေးထားတာ။

 Column တစ်လုံးခြင်း Center Point လေးပွိုင့်စီချပေးထား

တာမဟုတ်ပဲ အဲဒီအထဲက Column တစ်လုံးတည်းအောက်တာဆိုတော့ This is cannot be Survey Error.ထားလိုက်ပါတော့ တစ်ချို့တစ်ချို့လူတွေက 

တစ်ခုခုဆို Surveyor ကိုပြေးပြေးမြင်တက်လို့။

ဒါနဲ့ Project Manager ကအောက်သွားတဲ့ Column ရဲ့ Vertical Error ကို

ပထပ်နဲ့ဒုထပ်ကြားမှာ ဘယ်လောက်အောက်လည်းဆိုတာ အတိအကျတိုင်းပေးဖို့ပြောခဲ့တယ်။

ကျနော်ရဲ့ဆရာသမားသင်ပြပေးထားသော Column Vertical Error အလွယ်စစ်နည်းလေးကိုInstrument ထဲက Offset 

ရိုက်နည်းလေးနဲ့ပေါင်းစပ်လိုက်ခြင်းဖြင့် အတိအကျစစ်လို့ရခဲ့ပါတယ်။

မသိသေးသော Surveyor ညီငယ်လေးများ ဆိုဒ်ထဲတွင် လက်တွေ့အသုံးချစစ်ဆေးကြည့်ပါ။


ဒီနည်းလမ်းလေးက ဆရာသင်ပေးသောအခြခံနည်းလမ်းလေးကို 

2 Ref Points ကိုအသုံးပြုပီးရှာဖွေတွေ့ရှိထားခြင်းပါ။

၁။ အသုံးပြုမယ့် Total Station သည် Non Prism ဖက်နိုင်ရပါမည်။

၂။ ပုံထဲမှာပြထားသည့်အတိုင်း Column များကို အများဆုံးမြင်နိုင်တဲ့နေရာမှာ Setting ထိုင်ပါ။

၃။ ဥပမာအနေဖြင့် C-1 ကိုအရင်စစ်ရအောင်။ C-1 ကိုစစ်ရန် GL 1 & A တို့ရဲ့ Grid Lineအစအဆုံးတန်ဖိုးများသိရန်လိုအပ်ပါသည်။ အသုံးပြုမယ့် Function က 2 Ref Points  ဖြစ်နေလို့ပါ။

၎။ နမူနာအနေနဲ့ အောက်မှပြထားသော ဓါတ်ပုံလေးကိုလေ့လာကြည့်ရအောင်။

   ပထမဦးဆုံး GL1 နဲ့အပြိုင်ဖြစ်နေသော C-1 ရဲ့ပထမမျက်နှာပြင်ကို GL1 ကိုအသုံးပြုပီးစစ်မယ်။ထိုသို့စစ်ရာတွင် Interval 500mm စီလောက်ခြားပီးစစ်ပါ။ GL1 ရဲ့ တန်ဖိုးတွေနဲ့ 2Ref Points Function ကိုသုံးပီး GL1 နဲ့အပြိုင်သွားနေသော Column ပထမမျက်နှာပြင်ကို ဖက်လိုက်ပါ။

 ပီးရင် Offset မှာကြည့်လိုက်ပါ။ + or – 0.500 ဖြစ်ရပါမည်။ Column ရဲ့မျက်နှာပြင်က GL1 နဲ့Distance 0.500 မှာရှိနေတဲ့အတွက်ဖြစ်ပါသည်။ 

အဲဒီပုံစံမျိုးဖြင့် Column တစ်ခုလုံးကို 500 စီလောက်

 ခြားပီး လိုက်ဖက်ပေးခြင်းဖြင့် Column အမြင့်ဘယ်လောက်မှာ ဘယ်လောက် Out တယ်ဆိုတာအတိအကျစစ်နိုင်ပါပီ။

၎။ Column C1 ရဲ့ဒုတိယမျက်နှာပြင်ကိုလည်း GL A ကိုအသုံးပြု၍ အထက်ပါနည်းအတိုင်းအသုံးပြု စစ်ဆေးနိုင်ပါသည်။ 

Offset မှာ + or - 0.250 ဖြစ်ရပါမည်။ 

၅။ ဖက်ချက်တွေအားလုံးက ပထမမျက်နှာပြင်အတွက် + or - 0.500 နဲ့ ဒုတိယမျက်နှာပြင်အတွက်+ or - 0.250 စီရနေလျှင် Column မ Out ပါဘူး။ 

  နမူနာဖက်ချက်ပုံစံလေးကိုဖြည့်ပီး Column အောက်မအောက် စစ်ကြည့်ရအောင်

 For Example  C-1 (First Face)

  1st Reading – Offset + or – 0.500 (RL-105.000)

  2nd Reading- Offset + or – 0.500 (RL-105.500)

  3rd Reading – Offset + or – 0.500 (RL-106.000)

4th Reading – Offset + or – 0.490 (RL-106.500) ( + or – 10mmError)

5th Reading – Offset + or – 0.480 (RL-107.000) ( + or – 20mmError)

ဒါဆိုရင် C-1 ဟာ RL 106.500 နဲ့ RL 107 မှာ 10mm နဲ့ 20mm ထွက်သွားပါသည်။အားလုံးပဲအဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ကြပါစေ။


Geo Surveyor

30.03.2016

6:00 PM


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long