Coordinate Master.apk
ပထမဆုံးအနေနဲ့
(1) Coordinate Master.apk File
(2) user_projections.txt File
နှစ်ဖိုင်ကို ဖုန်းအချင်းချင်း Bluetooth နဲ့ဖြစ်စေ
Zapya နဲ့ဖြစ်စေ email နဲ့ ဖြစ်စေ ရယူပါ..
apk file ကို install လုပ်ပါ..
apk file install လုပ်ပြီးတဲ့အခါ
မိမိရဲ့ ဖုန်းမှာ
Coordinate Master ဆိုတဲ့ ကမ္ဘာလုံးပုံလေးရယ်
Point scale factor ဆိုတဲ့ ကမ္ဘာလုံးပုံလေးရယ်
တက်လာမှာဖြစ်ပါတယ်..
နောက်တစ်ချက်က My Files အောက်က
Device storage အောက်မှာ
CoordinateMaster Folder တစ်ခု
အလိုအလျှောက်ပေါ်လာမှာဖြစ်ပါတယ်..
မပေါ်ဘူးဆိုရင် Coordinate Master ဆိုတဲ့
ကမ္ဘာလုံးပုံလေးကို ဖွင့်လိုက်ပါ..
From: အကွက်တို့ To: အကွက်တို့ကို ဖွင့်ကြည့်ပါ..
ထပ်ပြီးတော့ Category အကွက်တို့
Member အကွက်တို့ကိုဖွင့်ကြည့်ပါ..
အထက် အောက် လိုင်းတွေပွတ်ကြည့်ပါ..
အဲ့ဒီလို ဖွင့်ကြည့်ပြီး ထပ်မံ၍
My Files အောက်က Device storage ကို
ပြန်ဖွင့်ကြည့်ရင် CoordinateMaster Folder
အလိုအလျှောက်ပေါ်လာတာ တွေ့ရပါမယ်..
အဲ့ဒီ Folder ကို ဖွင့်ကြည့်လိုက်ရင်
user_projections.txt ဖိုင်ကို တွေ့ရပါလိမ့်မယ်..
အဲ့ဒီ ဖိုင်ကို Delete လုပ်ပစ်လိုက်ပါ..
ပထမဆုံးစာပိုဒ်မှာ ပါတဲ့ user_projections.txt
ဖိုင်ကို Delete လုပ်တဲ့ နေရာကို ပြန်ကူးပေးပါ..
ဘာကို ဆိုလိုချင်တာလဲဆိုတော့ Auto ပေါ်လာတဲ့
txt ဖိုင်က Myanmar Datum 2000 တို့
Lambert စနစ်တို့ မပါသေးပါဘူး..
ပြန်ပြီး Copy ကူးထည့်လိုက်တဲ့ txt ဖိုင်ကတော့
Myanmar Datum 2000 တို့ Lambert စနစ်တို့ရဲ့
Configuration Data, Parameter တန်ဖိုးတွေကို
ဖြည့်စွက်ထားပြီးဖြစ်လို့ပါပဲ..
ဒါဆို စတင်အသုံးပြုနိုင်ပါပြီ..
From: အကွက် To: အကွက်တွေမှာ လိုသလို
အထက်အောက် Coordinate Transform လုပ်
နိုင်ပါတယ်..
Decimal ကလည်း တစ်လုံးထားမလား
နှစ်လုံးထားမလား ငါးလုံးထားမလား လိုသလို
ထားပြီးသုံးနိုင်ပါတယ်..
Get location from GPS ကို Mark မလုပ်ခင်မှာ
ဖုန်းမှာ Location တို့ Internet တို့ဖွင့်ဖို့လိုပါတယ်..
အဲ့ဒါပြီးမှ Get location from GPS ကို Mark
လုပ်ပါ.. Get location from GPS ကို သုံးရင်
From: အကွက်မှာ WGS84 ကိုပဲသုံးလို့ရပါမယ်..
To: အကွက်ကိုတော့ မိမိအသုံးပြုချင်တဲ့ Lambert
ဖြစ်ဖြစ် UTM ဖြစ်ဖြစ် ထားသုံးနိုင်ပါတယ်..
Get location from GPS ဖွင့်ပြီး ရတဲ့ Data က
မိမိရောက်နေတဲ့နေရာရဲ့ Own Position တန်ဖိုး
ဖြစ်ပါတယ်..
((တချို့ဖုန်းတွေအတွက်ကတော့ အပြင်ထွက်ပြီး
Satellite ဖမ်းပေးရသလို.. တချို့ဖုန်းတွေက
Indoor အတွင်းမှာပဲ အဆင်ပြေပါတယ်..))
အဲ့ဒါပြီးရင်တော့ From: အကွက်ရဲ့အထက်က
အကွက်သေး ၅ ကွက်ရဲ့ ညာအစွန်ဆုံးအကွက်ကို
နှိပ်လိုက်ပါ.. Google Map မှာ မိမိရောက်နေတဲ့
တည်နေရာကို ဖော်ပြပါလိမ့်မယ်..
လမ်းဆုံ လမ်းခွတွေ ချောင်းနဲ့ လမ်းအဆုံတွေကတော့
ကွက်တိပါပဲ..
လယ်တိုင်းတာတို့ ပိုင်ဆိုင်မှုတိုင်းတာတို့တော့
မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်..
ရွှင်လန်းချမ်းမြေ့ကြပါစေ..
အောင်မိုး(မြေတိုင်း)
(၃-၁၂-၂၀၁၇)
DOWNLOAD Apk
Comments
Post a Comment