Construction Survey Basic

ကျွန်တော်သိထားသော Construction Survey လုပ်ငန်းအတွေ့အကြုံနည်းနည်းလေးကို 

မသိသေးသောညီငယ်လေးတွေအတွက်ပြန်မျှဝေခြင်းဖြစ်ပါသည်ခင်ဗျာ။ 

ဘာကြောင့်ကျွန်တော်ရေးသားရန်စိတ်ကူးရလဲဆိုတော့ လွန်ခဲ့သောသုံးနှစ်ကျော်က ကျွန်တော်

စလုံးကိုလာဖို့စီစဉ်နေသောအချိန်ကာလတုန်းက ကျွန်တော်ဒီမှာအလုပ်လုပ်ပုံလေးတွေ

အတွေ့အကြုံလေးတွေကို မေးမြန်းတာပေါ့ဗျာ။ ဘယ်သူကမှအဖက်လုပ်ပီးသေသေချာချာမပြော

ပြဘူး။ ဒါပေမယ့်ယောကျာ်းပဲဆိုတာ့စိတ်နဲ့ရောက်အောင်လာခဲ့တယ်။ ရောက်တော့အခက်အခဲတွေ

များကြီးရှိခဲ့တယ်။ ဒီအတွေ့အကြုံတွေအားလုံးက အဲဒီအခက်အခဲတွေကိုကျော်ဖြတ်ပီးရထားတာပါ

ညီငယ်လေးတွေကို ကိုယ့်လို့မကြုံကြိုက်စေဖို့စေတနာတစ်ခုကိုရှေ့တန်းတင်ပီးရေးတာပါ။


ကျွန်တော်အခု Sg မှာ Land Surveyor position

 ဖြင့် အလုပ်လုပ်နေပါတယ်ကျွန်တော်ရဲ့ပထမဦးဆုံးအတွေ့အကြုံက

Commercial Building 20th Storey Project ဖြစ်ပါတယ်.ဒါကြောင့် Building Surveyor 

လို့ခေါ်လဲရပါတယ်။ဒီနိုင်ငံရဲ့ Construction Company အသေးတွေမှာ Surveyor 

တစ်ယောက်ပဲခန့်ပါတယ် Chief Surveyor ဆိုတာမရှိပါဘူး။ တစ်ယောက်တည်းအကုန်လုပ်ရပါမယ်။ 


၁။ Drawing အပိုင်းကိုစပီးလေ့လာရမယ်။

Surveyor အတွက်လိုတဲ့ Drawing က Pre-com လို့အလွယ်ခေါ်တဲ့ Precomputation Plan Drawing

Soft Copy ပါ။ Pre com အဓိကက Grid Line တွေပါမယ်။ ပီးရင် Piling , Structure and Archi နဲ့လိုအပ်ရင်

M&E Drawing Soft Copy တွေလိုပါတယ်။ 1st storey ကစပြီးအလွှာတိုင်းအတွက်လိုအပ်တာပါ။

ဒါဆိုရင်ကျွန်တော်တို့အလုပ်လုပ်လို့ရပီ။ကျွန်တော်တို့ရဲ့အဓိက Pre-com ပါ။ အဲဒီ Pre-com drawing 

ပေါ်မှာအလုပ်လုပ်မဲ့ ခုနက drawing တွေနဲ့ထပ်ရမယ် Auto cad အခေါ်အဝေါ်နဲ့ပြောမယ်ဆိုရင် 

Superimpose လုပ်တယ်လို့ခေါ်တယ်။ အဲဒါမှ ကိုယ် Stake Out ချမယ့် points တွေအတွက် Data ထုတ်

လို့ရမှာဖြစ်ပါတယ်။အလွှာတိုင်းအတွက်ကို တစ်ခုချင်း Superimpose လုပ်ထားပါ။ ဘာကြောင်လဲဆိုတော့

တစ်ချို့Column တွေက 1st Storey မှာမပါပဲ တခြားအထပ်တွေကျမှ ပါလာတက်လို့ဖြစ်ပါတယ်။ 

Structure drawing ကိုသေသေချာချာလေ့လာပါ။ Small Column လေးတွေ Stair case 

တွေကို ကြမ်းခင်းမလောင်းခင် Rebar ဆင်ဖို့ Points ချပေးရမှာပါ။ ကိုယ်ကမေ့ကျန်ခဲ့ရင်ပီးမှ Hacking 

ထိုးရမှာဖြစ်တယ်။ အဲဒါဆိုရင် Surveyor ကိုအပစ်ပုံချလိမ့်မယ်။ ဒါကြောင့် Drawing

အပိုင်းအရမ်းအရေးကြီးပါတယ်။

ဆက်လက်ဖော်ပြပေးပါမည်။


၂။ Control Points 

ဒါကတော့ Surveyor တစ်ယောက်အတွက်မရှိမဖြစ်အလိုအပ်ဆုံးပါ။ ကျွန်တော်တို့ဒီမှာအလုပ်လုပ်ပီဆိုရင်

လိုင်စင် Surveyor ဆီက အနည်းဆုံး NEZ Control Points နှစ်ပွိုင့် (သို့) သုံးပွိုင့် 

ဝယ်ရပါမယ်။ကိုယ်ရဲ့သူဌေးကိုပြောပီးသူက စီစဉ်ပေးပါလိမ့်မယ်။ 

လိုင်စင် Surveyor ပေးတဲ့ ပွိုင့်ဆိုပီး အထင်မကြီးပါနဲ့။ ပြန်စစ်ရပါမယ်။ မှန်မမှန်စစ်ဖို့ လိုပါတယ်။

ဘယ်လိုစစ်မလဲဆိုတာတော့ Surveyor တွေဖြစ်နေပီဆိုတော့သိမှာပါ။ ဒါကတော့ကျွန်တော်ပြန်စစ်တဲ့

ပုံစံလေးပါ။ အရင်ဆုံးပေးထားတဲ့ ပွိုင့်တန်ဖိုးတွေကိုယူပီး Distance နှင့် Bearing တွက်ထုတ်ပါတယ်။

ပီးတော့ Traverse ပတ်လိုက်ပီးစစ်လိုက်ပါတယ်။ သူပေးထားတဲ့ ပွိုင့်ကိုပဲပါတ်တာပါ။ ဒါဆိုသူပေးထားတဲ့

ပွိုင့်တွေမှာရှိရမယ့် Dist; နှင့် Bearing တွေမှန်လား မမှန်ဘူးလားဆိုတော့စစ်လို့ရပီပေါ့။ ကျွန်တော့်ဆရာတွေ

ပြထားတဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးပါ။ ကျန်တဲ့နည်းလမ်းတွေလည်းရှိမှာပါ။ ကိုယ်အားသန်ရာပေါ့။ အင်တာဗျူး

ဖြေတဲ့အခါမှာလည်း Survey အကြောင်းနားလည်တဲ့ သူဌေးတွေကမေးတက်ပါတယ်။ မင်းမှာ Control Points

ရှိပီဆိုရင် ဘာစလုပ်မလဲလို့မေးတက်ပါတယ်။ သူရဲ့ Control Points တွေက အသုံးပြုလို့ရပီဆိုရင်

ကိုယ်သုံးဖို့အတွက် ဆိုဒ်ထဲကို Control Points တွေပစ်ထားရမယ်။ Traverse ပါတ်ထားရမယ်။

Elevation အတွက်ကိုလည်း Auto Level နဲ့ Level Traverse ပါတ်တာပိုကောင်းမယ်လို့ထင်ပါတယ်။

ကျွန်တော်သည် ဆရာကြီးမဟုတ်ပါခင်ဗျာ။ ကျွန်တော်ကြုံခဲ့သော Survey လုပ်ငန်းအတွေ့အကြုံများကို

ပြန်မျှဝေသော သဘောသာဖြစ်ပါသည်။ လိုအပ်ပါက ဖြည့်စွက်ရေးပေးခြင်းဖြင့် အချင်းချင်းမျှဝေစေလိုပါသည်။

ဆက်လက်ဖော်ပြပေးပါမည်။


၃၊ Piling Work

ကိုယ့်ရဲ့ဆိုဒ်လုပ်ငန်းတွေမစခင်မှာ  Control Points တွေအသုံးပြုလို့အဆင်ပြေပီဆိုရင် ဆိုဒ်ရဲ့ Horading

ပေါ်မှာ Grid Line တွေကို ပစ်ထားပြီး Grid Line နံမည်တွေရေးထားပါ။ အရမ်းအသုံးဝင်ပါတယ်။ Stake Out 

ချရင်အဆင်ပြေမှာမဟုတ်ပါဘူး။ Instrument တွေအားလုံးမှာပါတဲ့ Points နှစ် points ကိုသုံးပီး လိုင်းရိုက်တဲ့

နည်းကိုသုံးပါ။ Reference line လိုင်းလို့ခေါ်ပါတယ်။ Instrument အမျိုးအစားပေါ်မူတည်ပီးအခေါ်အဝေါ်

တော့မတူပါဘူး။သုံးပုံသုံးနည်းကအတူတူပါပဲ။ ပွိုင့်နှစ်ပွိုင့်ကိုအခြေခံတာပါ။ ဥပမာ Grid Line-A ကိုရိုက်မယ်

ဆိုပါဆို့ Gird Line-A ရဲ့အစ Coordinates နဲ့အဆုံး Coordinates တွေထည့်ပီး Offset မှာ 0.000 ကျအောင်

ကျအောင်ရိုက်ရမှာပါ။ အလွယ်တကူရိုက်နိုင်ပါတယ်။ အဲဒီနည်းလမ်းက အဆောက်အဦးတစ်ခုလုံးအတွက်

အသုံးအ၀င်ဆုံးနည်းလမ်းပါ။ Grid Line တွေကို Hoarding ပေါ်မှာရိုက်ထားခြင်းဖြင့် Engr Plan ဆွဲထားတဲ့

အစီအစဉ်အကိုအလွယ်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ A လိုင်းမှာ Bore Plie တူးမယ်၊ ဖော်မယ်ဆိုရင် အလွယ်တကူ

သိနိုင်တာပေါ့။ 

Piling Work ကတော့ ကိုယ့်ရသူဌေးဖြစ်သူနဲ့ Sub-con နဲ့စာချုပ်ချုပ်တဲ့ပေါ်မူတည်ပါတယ်။ တစ်ချို့တွေက

စာချုပ်မှာ Main-con က Surveyor ကပွိုင့်ချရပေးမယ်ဆိုရင်တော့ ကိုယ်တိုင်ချရမှာပေါ့။ Sub-con က 

Surveyor က ချပေးတာများပါတယ်။ Piling Work ပီးလို့ အလုပ်စပီဆိုရင် Pile ဖော်မယ်။ ဒါဆိုရင် Pile 

Cut Level စပေးရမယ်။ တစ်ခါတစ်လေမှာ မြေကြီး Back fill လုပ်ထားတယ်ဆိုရင် Pile ကို Stake Out

နဲ့ပြန်ရှာရမယ်။ ဖော်မယ့် Pile ကို excavation လုပ်နေရင်း Pile ကိုမြင်ရပီဆိုရင် Ref Level တစ်ခုအရင်

မှတ်ပေးရမယ်။ ဒါမှာသာ Cut Level ကျော်ပီး excavation မလုပ်နိုင်မှာဖြစ်တယ်။ Cut Level ကိုတွက်ပေးမယ့်

Ref Level တစ်ခုပေါ့။ဖော်ပီးသွားပီဆိုရင် Cut Level ကို Final မှတ်ရေးရမယ်။ဒါဆိုရင် Cutting တို့ Hackin 

တို့အလုပ်သမားကလုပ်ပေးပါ လိမ့်မယ်။ တစ်ချို့တွေက သူတို့ပီးသွားရင် လင်းန်ကွန်ကရစ် Level ကိုတောင်း

တက်တယ်။ အဲဒီ Level ကိုတွက်တာက မခက်ပါဘူး။ သာမန်အားဖြင့် Pile Cutting Level ကနေ 75 mm 

ချတာများပါတယ်။ ဥပမာ Pile Cut Level က 102.500 ဆို လင်းန်ကွန်ကရစ် Level က 102.425 ပေါ့။

Pile Cutting Level က ဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွက်ပေးတာများပါတယ်။ ဘာကြောင့်လဲဆိုတော့

Beam Size တွေထည့်တွက်ရလို့ပါ။ Pile Cut Off Level တွေပေးတဲ့အခါမမှားစေရန်သတိတော့ထားပါ။

ကိုယ် Level ပေးတာမှားသွားရင် မလိုအပ်တဲ့ပြသနာတွေဖြစ်လာနိုင်တယ်။ Pile ကိုပြန်ဆက်တာတို့ ဘာတို့

ဖြစ်လာနိုင်တယ်။ HDB Building တွေမှာသာမန်အားဖြင့် Pile Cut Off Level တွေကတူနိုင်ပါတယ်။

Commercial Building တွေမှာတော့ မတူတာများပါတယ်။ အဲဒီတော့ အရမ်းသတိထားရပါမယ်။

ဒါဆို Piling Work က ပီးသလောက်ရှိပီလို့ထင်ပါတယ်။

အလုပ်အားချိန်မှာရေးသောကြောင့် တစ်ခါတည်းအားလုံးမရေးနိုင်တာနားလည်ပေးပါခင်ဗျာ

ဆက်လက်ဖော်ပြပေးပါမည်။


၎၊ Survey Work for Pile ECC, Pile Cap, Column, Slab

Pile Cap အတွက်လင်းန်ကွန်ကရစ်လောင်းပီးပီဆိုရင် Piling Sub-con Surveyor က ECC လာကောက်ပါမယ်

ကိုယ်ကလည်း ECC အကြောင်းကိုသိထားရပါမယ်။ ECC ရဲ့အရှည်ကောက် eccentricity ဆိုတဲ့ ဗဟိုချက်မှ 

သွေဖယ်ထွက်ခြင်းလို့ခေါ်ပါတယ်။ ECC ကောက်မယ်ဆိုရင် Bore Pile အတွက် Circle ဆွဲလို့ရအောင်

အနည်းဆုံး ၃(သို့)၄ ပွိုင့်လောက်တော့ကောက်ပါမယ်။ Square RC Pile အတွက်တော့ထောင့်လေးထောင့်

ကိုကောက်တော့ပိုသေချာတာပေါ့ဗျာ။ ကောက်ထားတဲ့ Coordinates ကို Download လုပ်ပီး Piling Plan

Drawing ထဲပစ်ထည့်လိုက်ပါတယ်။ ECC ဘယ်လောက်အောက်တယ်ဆိုတာ သိပါလိမ့်မယ်။ ဒီမှာတော့

ECC ကို 75mm ထိခွင့်ပြုထားပါတယ်။ 75mm ကျော်ရင် Pile Cap Size ကို ဒီဇိုင်နာက လိုအပ်ရင်ပြောင်းပါ

လိမ့်မယ်။ ECC ကအလီဘာဘာလုပ်တာများပါတယ်။ ECC အပိုင်းပီးပီရင်ဆိုရင် Pile Cap ရိုက်မယ်

Surveyor တစ်ဦးနဲ့တစ်ဦးရိုက်တဲ့ပုံစံခြင်းမတူကြဘူး။ တစ်ချို့က Pile Cap ပုံစံအတိုင်း ပုံစံပေါ်အောင်

Stake Out ချတယ်။ တစ်ချို့က Center Line ကို ရိုက်တယ်။အဆင်ပြေသလို့သုံးလို့ရပါတယ်။ 

အဓိကကတော့ Formwork ဆင်မယ့်လက်သမားက ကိုယ့်ပေးတဲ့ပွိုင့်ကိုသုံးပီး Pile Cap ပုံစံဖော်နိုင်ရင်ရပါပီ။

Pile Cap Formwork ပီးပီဆိုရင် Column Center Line ကို Pile Cap ပေါ်မှာတင်ပေးလိုက်ပါ။ Rebar ဆင်ပါ

လိမ့်မယ်။ပီးရင် Pile Cap Casting Level ပေးရမယ်။မမှားစေပါနဲ့။ဘာဖြစ်လို့လဲဆိုတော့ ကြမ်းခင်းမလောင်း

ခင် Rebar ဆင်ဖို့လောင်းမယ့် လင်းန်ကွန်ကရစ် level နဲ့ Pile Cap Top Level ကအညီဖြစ်ရမှာမိုလို့ပါ။

Pile Cap တွေအားလုံးလောင်းပီးပီဆိုရင် ကြမ်းခင်းအတွက် Rebar ဆင်ဖို့ လင်းန်ကွန်ကရစ်အရင်လောင်း

ပါတယ်။ ပီးရင် ကြမ်းခင်းအတွက် Rebar ဆင်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်က 1st St ရဲ့ Structure Drawing 

ကိုသေသေချာချာကြည့်ရမယ်။ Small Column လေးတွေ၊ လှေကားတွေပါတက်ပါတယ်။ ပွိုင့်ချပေးဖို့မမေ့ပါနဲ့

ကြမ်းခင်းအတွက် Rebar ဆင်ပီးပီဆိုရင် Slab Level ပေးရမယ်။ Floor Level ကိုများသောအားဖြင့် 25mm 

လောက်လျော့ပေးတက်ပါတယ်။ Finishing အတွက်ပါ။ Level Tape ကိုကပ်ပေးလျှင် အောက်ခြေကိုပေးပါ

အဲဒါမှ Casting လောင်းပီးရင် ကိုယ်ပေးတဲ့ Level ကို Follow လုပ်လား၊ မလုပ်ဘူးလားဆိုတာ ပြန်စစ်လို့ရ

တာပေါ့။ Casting လောင်းပီးရင် နောက်နေ့မှ Grid Line ရိုက်မှာဆိုတော့ ဒီညတော့စောစောအိပ်ပီဗျို့

ဆက်လက်ဖော်ပြပေးပါမည်


၅၊ Grid Line and Other Survey Work For Building 

ပုံမန်အားဖြင့် ကြမ်းခင်း Casting လောင်းပီးနောက်နေ့ဆိုရင် Gird Line တွေကိုရိုက်ရပါတယ်။ HDB နဲ့ 

Commercial Building တွေမှာ သာမန်အားဖြင့် Grid Line နဲ့ Column Center Line တွေကတစ်ထပ်တည်း

ကျတာများပါတယ်။ တစ်ချို့ Commercial Building တွေမှာတော့ နည်းနည်းကွဲလွဲတက်တယ်။ အဲဒီကျွန်တော်

က Grid Line တွေပဲရိုက်တာများတယ်။ Grid Line ကို 1 meter offset ပဲရိုက်ပေးပါတယ်။ ဘာကြောင့်လဲဆို

တော့ မျဉ်းရိုက်တဲ့အခါအဆင်ပြေအောင်လို့ပါ။ လိုင်းအမှန်ကိုရိုက်ရင် အဆင်မပြေဘူး။ အဲဒီ Grid Line တွေ

ရိုက်တဲ့အခါ ကျွန်တော်ကြုံတွေခဲ့သောပြသနာလေးတစ်ခုရှိခဲ့ပါတယ်။ သုံးတဲ့နည်းကတော့ Ref line ကိုပဲသုံး

တာပါ။ အဆင်အပြေဆုံးနည်းလမ်းပါ။ Error တစ်ခုကိုကိုယ်တွေ့ကြုံခဲ့ဘူးတယ်။ Grid Line-A ကိုရိုက်တယ်ပေါ့

အဲဒီလိုင်းမှာ Column 1,2,3,4,5,6 ဆိုပီး ၆ လုံးရှိတယ်ဆိုပါဆို့။ တစ်လုံးနဲ့တစ်လုံး ၅ မီတာလောက်ဝေးတယ်

 ကျွန်တော်ကအလွယ် C-4 ရဲ့ Data နှစ်ခုကိုသုံးပီးရိုက်လိုက်တယ်။ Drawing ထဲမှာ C-4 ရဲ့ Center Line နဲ့

GL-A နဲ့က တစ်ထပ်တည်းကျတယ်လေ။ ရိုက်လိုက်တယ်။Column တွေအောက်ကုန်တယ်။ ကျွန်တော်စဉ်းစား

တယ်။ ဘာကြောင့်အောက်တာလဲဆိုတာ။ တစ်ခုခုလွဲနေတယ်ဆိုတာ သိတာနဲ့ ဒီတစ်ခါ C-4 Dွata ကိုမသုံးပဲ

GL-A ရဲ့အစနဲ့အဆုံး Data ကိုသုံးပီးပြန်ရိုက်တယ်။ အဲဒါမှ အဆင်ပြေသွားတယ်။ မအောက်တော့ဘူး။

ကျွန်တော်အမြင်လေးပေါ့နော် အတိအကျတော့သိပ်နားမလည်ဘူး။ လွဲနေတယ်ဆိုလည်း ရှင်းပြပေးပါဦး

အကိုတို့။ Distance အတိုကိုယူပီးရိုက်ရင် ယိုင်သွားတဲ့ Error တစ်ခုကိုရလိုက်တယ်။ အကိုတို့လည်း စဉ်းစား

ကြည့်ပေးပါဦး။ ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာ။ GL တွေရိုက်လို့ပီးရင် Column တွေဆင်ထားတဲ့ Rebar 

တွေမှာ Ref Level လေးတွေပေးရတယ်။ တစ်ချို့ Site တွေတော့မပေးရဘူး။ ဒါဆို Column တွေ Casting

လောင်းဖို့၊ RC Wall တွေ Casting လောင်းဖို့ Rebar တွေဆင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ Surveyor က

အေးဆေးပေါ့ဗျာ။ အလုပ်မရှိ။ တစ်ချို့ Site တွေက Column, RC wall တွေရဲ့ Casting Level ကိုတောင်း

တယ်။ အင်ယာတွက်ပေးပါလိမ့်မယ်။ တစ်ခါတစ်လေမတွက်ပေးတဲ့ အင်ယာတွေလည်းရှိပါတယ်။ Surveyor

ကိုညစ်တာပေါ့။ ကိုယ့်ဘာသာတွက်ဆိုတဲ့သဘော။ သိပ်အခက်ကြီးတော့မဟုတ်ပါဘူး ။ Drawing ပိုင်ရင်

ရပါတယ်။ Floor Level, Beam Height , Floor Thickness တွေကို Drawing မှာပြထားပါတယ်။ အဲဒါကို

ကြည့်ပီးတွက်ရုံပါပဲ။ အောက်က ဓါတ်ပုံမှာလေ့လာနိုင်ပါတယ် ဥပမာအနေနဲ့ပေါ့။ Column, Wall တွေရဲ့

Reabr တွေမှာCasting Level Tape ကိုအတိအကျ မှတ်ပေးဖို့ဆိုတာအဆင်မပြေနိုင်ဘူး။ Formwork

ဆင်ပီးသွားရင် ပိုဆိုးတယ်။ အဲဒီတော့ Formwork Top Elevation ကိုရအောင်ဖက်ပီး ဘယ်လောက်

Down ဆိုတာနဲ့တင်အဆင်ပြေပါတယ်။ ဒါပေမယ့်တိကျမှနော်။ မတိကျလို့မြင့်သွားရင် Hacking ပဲ။

နိမ့်တာကသိပ်ပြသနာမရှိ။ 

သိပ်တော့မကျန်တော့ပါဘူး။ ပီးပါတော့မယ်။အားလုံးပီးသွားရင် တစ်စုတစ်ဝေး

တည်း Surveyor in Myanmar Group မှာထပ်တင်ပေးပါမယ်ခင်ဗျာ။

ဆက်လက်ဖော်ပြပေးပါမည်။ 


၆၊ Survey Work For Building 

Column Casting လောင်းပီးသွားတာနဲ့ Columns တွေမှာ Ref Level လေးတွေမှတ်ပေးရမယ်။ 

Column တစ်လုံးကို တစ်ပွိုင့်လောက်ပဲပေးပါ။ များရင် Error ရှိတယ်။ Column တွေတစ်လုံးနဲ့

တစ်လုံး ရှိရမယ့် Dist; လေးတွေကိုအားနေရင် ပြန်စစ်ပေးပါ။ တစ်ချို့အဆောက်အဦးတွေမှာ

Lift က သပ်သပ်တက်သွားပါတယ်။ Lift ကြီးယိုင်နေလား မယိုင်နေဘူးဆိုတာလည်း အားနေရင်

ပြန်စစ်ပေးရပါမယ်။ ပီးတော့တစ်ခါတစ်လေ M&E နဲ့ Archi က၀င်လာရင် လိုအပ်တာလေးတွေ

တောင်းတက်တယ်။ ကိုယ့်မှာ Superimpose လုပ်ထားပီးသား Drawing တွေရှိရင် အဆင်ပြေတာပေါ့

တော်တော်များများကတော့ Column တွေကို Ref ယူပီးအလုပ်လုပ်ကြပါတယ်။ အထပ်မြင့်တွေမှာ

Control Points Carry ယူတဲ့အခါ Laser ပါတဲ့ TS တွေကတော့အဆင်ပြေတာပေါ့။ Leica, Geo Max

တိုလိုပေါ့။ 2nd Floor casting မလောင်းခင် Survey Control Points Hole လေးတွေလုပ်ပီး

ဒုတိယထပ်ကို Carry ယူပါတယ်။ Laser မပါတဲ့ TS တွေအတွက်တော့ လက်သမားသုံး Laser Plumb

တွေကိုသုံးပီး Carry ယူပါတယ်။ အထပ်တိုင်းမှာ အဓိကလုပ်ရမှာတွေက Floor ကြမ်းခင်းလောင်းပီးရင်

Grid Line, Column Center Line တွေရိုက်ပီး Column တွေမှာ Ref Level လေးတွေပေးခြင်းကိုပဲ

အဓိကလုပ်ရမှာပါ။ အထူးသတိပြုရမှာပ Floor Casting မလောင်းခင် Drawing ကိုသေသေချာချာ

ကြည့်ပါ။ ကိုယ်မေကျန်ခဲ့လျှင် ကိုယ့်ကိုပဲအပစ်တင်မှာပါ။ Small Column, Stair Case တို့လို့

အသေးအဖွဲလေးတွေကအစ အရေးကြီးပါတယ်။ ဒီလောက်ဆိုရင်တော့ Building တစ်ခုအတွက်လို

အပ်သော Survey Work တွေပြည့်စုံပီလို့ထင်ပါတယ်။ အကယ်လို့များကျန်ခဲ့သည်ရှိသော 

ဖြည့်စွက်ပေးပါဦးဗျာ. Surveyor ညီအကိုများအားလုံးအဆင်ပြေချော့မွေ့စွာလုပ်ကိုင်နိုင်ကြပါစေ

ဒီမှာအလုပ်လာရှာရန် စီစဉ်ထားသောညီငယ်များအားလုံးလည်း အလုပ်ချက်ချင်းဆိုသလိုရပါစေဗျာ

အားလုံးကျန်းမာပျော်ရွှင်အလုပ်အကိုင်တွေအဆင်ပြေကြပါစေလို့ ဆုတောင်းရင်း။


ဘာကြောင့်ကျွန်တော်ရေးသားရန်စိတ်ကူးရလဲဆိုတော့ လွန်ခဲ့သောသုံးနှစ်ကျော်က ကျွန်တော်

စလုံးကိုလာဖို့စီစဉ်နေသောအချိန်ကာလတုန်းက ကျွန်တော်ဒီမှာအလုပ်လုပ်ပုံလေးတွေ

အတွေ့အကြုံလေးတွေကို မေးမြန်းတာပေါ့ဗျာ။ ဘယ်သူကမှအဖက်လုပ်ပီးသေသေချာချာမပြော

ပြဘူး။ ဒါပေမယ့်ယောကျာ်းပဲဆိုတာ့စိတ်နဲ့ရောက်အောင်လာခဲ့တယ်။ ရောက်တော့အခက်အခဲတွေ

များကြီးရှိခဲ့တယ်။ ဒီအတွေ့အကြုံတွေအားလုံးက အဲဒီအခက်အခဲတွေကိုကျော်ဖြတ်ပီးရထားတာပါ

ညီငယ်လေးတွေကို ကိုယ့်လို့မကြုံကြိုက်စေဖို့စေတနာတစ်ခုကိုရှေ့တန်းတင်ပီးရေးတာပါ။


Geo Surveyor

27.08.2015

Singapore

(ဆက်လက်ဖော်ပြရန် ရှိပါသည်)



Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long