CHAPTER-11

CHAPTER-11


Glossary of Terms


Benchmark   : မြို့တစ်မြို့၏ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေကို တိုင်းတာသတ်မှတ်ပြီး ၎င်းမြို့၏ တည်နေရာ လောင်ဂျီတွဒ်၊ လတ္တီတွဒ် သတ်မှတ်ထားသော အမှတ်အသားဖြစ်သည်။ နိုင်ငံတကာတွင် ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေကိုသိရှိရန် (low tide, middle tide, high tide) အချိန်သုံးခုကို နှစ်ပေါင်းများစွာ လေ့လာပြီးမှ သတ်မှတ်ကြသည်။


Contour :  မြေပြင်ပေါ်ရှိနိမ့်မြင့်အမှတ်များ၏ တူရာတန်ဖိုးကို ဆက်စပ်ရေးဆွဲထားသောလိုင်းဖြစ်သည်။


Deflection angles :  Back sight (B.S) လိုင်းပေါ်ရှိ ဆွဲဆန့်ရေးစွဲထားသော မျဉ်းဖြောင့် ၁၈၀°လားရာမှ Fore sight (F.S) point သို့ သွေဖယ်သွားသော ထောင့်ဖြစ်သည်။ နာရီလက်တံအတိုင်း သွေဖယ်လျှင် deflection right (D.R) ဟုသတ်မှတ်၍ နာရီလက်တံ ပြောင်းပြန်အတိုင်း သွေဖယ်လျှင် deflection left (D.L) ဟုသတ်မှတ်သည်။


Departure :  အရှေ့အနောက် ပိုင်းခြားထားသော လိုင်းဖြစ်သည်။ အရှေ့ဘက်ကို အပေါင်းဟုသတ်မှတ်၍ အနောက်ဘက်ကို အနှုတ်ဖြင့်သတ်မှတ်သည်။


Height of instrument :   level၏ အမြင့်သီးသန့်တန်ဖိုးမဟုတ်ဘဲ datum surfaceမှ မှန်ပြောင်း၏၀င်ရိုးအထိအ မြင့်ကိုသတ်မှတ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်တန်ဖိုးပါဝင်သည်။


Height of target :  Datum surfaceမှ အမြင့်ပေကိုထည့် သွင်းတိုင်းတာခြင်းမပြုပဲ မြေပြင်အထက်မှ ကိရိယာ၏ သီးသန့်အမြင့်ဖြစ်သည်။


Horizontal Angle : ရေပြင်ညီအမှတ်နှစ်ခု၏ လားရာထောင့်ဖြစ်သည်။ ရေပြင်ညီထောင့်ကို ထိမ်းချုပ်အမှတ် များ၏ လားရာအားရယူရာ၌၎င်း၊ အဆောက်အဦများ ပန္နက်ရိုက်ရာတွင် လိုသောအမှတ်၏ လားရာချမှတ်ရာ၌၎င်း၊ သုံးစွဲလေ့ရှိသည်။


Horizontal Datum : X၀င်ရိုး, Y၀င်ရိုး တည်နေရာနှင့် Z(Ellipsoidal Height)တို့ပါဝင်ပြီး ကမ္ဘာကြီး၏ပုံသဏ္ဍန် ကိုသင်္ချာနည်းအရ တွက်ချက်ဖော်ပြရန်အတွက် ဆက်စပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။


Horizontal Line : ရေပြင်ညီမျက်နှာပြင်တစ်ခုနှင့် ထိစပ်နေသောလိုင်းဖြစ်သည်။ ကမ္ဘာအခုံးမျက်နှာပြင်ကို ဆန့်ကျင်၍ အထူးသဖြင့်ရေပြင်ညီလိုင်းကို ဖော်ပြထောက်ပံ့သောလိုင်းဖြစ်သည်။


Hub : မြေတိုင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေတိုင်းအမှတ်များ၏ တန်ဖိုးများကိုရယူခြင်း ဖော်ပြခြင်းများ ပြုလုပ်ရန်အတွက် ထားရှိသော ငုတ်အချွန်ဖြစ်သည်။ စီမံကိန်းအလိုက် သတ်မှတ်ထားသော သစ်သား(သို့)၀ါးခြမ်း ငုတ်များကို အသုံးပြုကြသည်။

Least count : တိုင်းတာမှုကို တိကျစွာဆောင်ရွက်နိုင်ရန်အတွက် မိနစ်အပိုင်းအခြားနှင့် စက္ကန့်အပိုင်းအခြားများ ပါရှိသော Vernier စကေးတိုင်းတာမှုဖြစ်သည်။


Level surface : ကမ္ဘာမြေဆွဲအားကြောင့် ချိန်သီးကြိုးနှင့်ရည်ညွှန်းသော ရေပြင်ညီမျဉ်းသည် ထောင့်မတ်ကျ အနေအထားတွင်ရှိသည်။တည်ငြိမ်လျက်ရှိသော ရေကန်တစ်ခု၏ မျက်နှာပြင်သည်လည်း level surface ဖြစ်သည်။


Latitude (traverse) : အီကွေတာနှင့်အပြိုင်၊ ကမ္ဘာကြီးကိုဖြတ်၍ အရှေ့နှင့်အနောက်ဆက်ထားသော မျဉ်းများ သည် လတ္တီကျုများဖြစ်သည်။ အီကွေတာသည် သုညဒီဂရီ လတ္တီကျုမျဉ်းဖြစ်သည်။ လတ္တီကျုမျဉ်းများကို ၁၀ဒီဂရီ ခြား၍ ရေးဆွဲထားပြီး အီကွေတာ၏မြောက်ဘက်ရှိမျဉ်းများကို မြောက်လတ္တီကျု၊ တောင်ဘက်ရှိမျဉ်းများကို တောင် လတ္တီကျုမျဉ်းများဟုခေါ်သည်။


Latitude (traverse) : အီကွေတာမှမြောက်ဝင်ရိုးစွန်းအထိလည်းကောင်း၊တောင်ဝင်ရိုးစွန်းအထိလည်းကောင်း ၉၀ဒီဂရီ ခွဲခြားထားသည်။အီကွေတာ၏မြောက်ဘက်ရှိမျဉ်းများကို အပေါင်း၊တောင်ဘက်ရှိမျဉ်းများကို အနှုတ်အဖြစ်

လည်းကောင်းတိုင်းတာကြသည်။


Longitude : မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကိုဖြတ်၍ တောင်နှင့်မြောက်ဆက်ထားသောမျဉ်းများ သည်လောင်ဂျီကျုမျဉ်းများဖြစ်သည်။ လောင်ဂျီကျုမျဉ်းကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနီးနက္ခမျှော်စင်ရှိရာ ဂရင်းနစ် အရပ်ကို ဖြတ်၍ဆွဲထားသောမျဉ်းမှ အစပြုပြီး ထိုမျဉ်းကို သုညဒီဂရီလောင်ဂျီကျုမျဉ်းဟု သတ်မှတ်ကြသည်။ 


Meridian (astronomical) : ကမ္ဘာကြီး၏တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝန်ရိုးစွန်းတို့ကို ဆက်သွယ်ထားသော မျဉ်းကို True meridian (or) astronomical meridian ဟုခေါ်သည်။


Meridian (magnetic) : ကမ္ဘာမြေကြီး၏ သံလိုက်ဓါတ်ဆွဲအားကြောင့် သံလိုက်အိမ်မြှောင်ညွှန်ပြရာ တောင်နှင့်မြောက်အရပ် ဆက်ထားမျဉ်း ကို Magnetic meridians ဟုခေါ်သည်။


Meridian (grid) : Plane survey အဖြစ်မြေပုံမှ ဖော်ပြထားသော grid line များအညီအမျှပိုင်း၍ X,Y,Z (သို့) E,N,Z ဖြင့်ဖော်ပြသော မျဉ်းကို grid meridians ဟုခေါ်သည်။


Pacing : ကွင်းဆင်းတိုင်းတာရာတွင် ခြေလှမ်းအကွာအဝေးကို စံတစ်ခုအဖြစ်သတ်မှတ်၍ တိုင်းတာခြင်း ဖြစ်သည်။ တိကျမှုအားနည်းသော်လည်း topographic survey တိုင်းတာရာတွင် လွယ်ကူလျှင်မြန်သော နည်းဖြစ် သည်။


Plumb Bob : မတူညီသောအမြင့်မှနေ၍ အမှတ်တစ်ခု၏တည်နေရာ (သို့) တန်ဖိုးကိုရယူရန်အတွက် ကြားခံ အကူပစ္စည်းဖြစ်သည့် သံဖြင့်ပြုလုပ်ထားသော ချိန်သီးဖြစ်သည်။


Range pole : မြေတိုင်းရာတွင် သံကြိုး၊ ပေကြိုး၊ လမ်းဖြောင့်တန်းစွာရှိရန်အတွက် တိုင်းတာရာတွင် အထောက် အကူရစေရန်အတွက် မျဉ်းဖြောင့်ချိန်တိုင်ကို စိုက်ထူခြင်းဖြစ်သည်။အကြမ်းသဘော အလျားတိုင်းရန်အတွက် အဖြူ၊ အနီ တစ်ရစ်စီဆေးသုတ်ထားသော သတ္တု၊ သစ်သား၊ ဖိုင်ဘာဖြင့်ပြုလုပ်ထားသော ချိန်တိုင်ဖြစ်သည်။


Stadia : မြေတိုင်းရာတွင် တယ်လီစကုတ်အတွင်းမှ ဆံခြည်မျှင်လိုင်းလေးများ အသုံးပြု၍အကွာအဝေး နှင့်နိမ့်မြင့်တိုင်းတာရန်အတွက်  တန်ဖိုးများဖော်ပြထားသော စာတိုင်ဖြစ်သည်။


Vernier : ဗာနီယာစကေးတွင် မိနစ်အပိုင်းအခြားနှင့်၊ စက္ကန့်အပိုင်းအခြားများပါရှိသည်။ ထောင့်များ၊ အချိုး များကို အသေးစိတ်တိုင်းတာရန်အတွက် ပြုလုပ်ထားသည်။ အခုံးများ အတွင်းထောင့်များပါ တိုင်းတာနိုင်သည်။


Vertical Datum : အနိမ့်အမြင့်တန်ဖိုးကို ဖော်ပြရန်အတွက် Orthometric Ht (သို့) Mean sea level Ht အသုံးပြုပြီး သင်္ချာနည်းအရ တွက်ချက်ဖော်ပြခြင်းဖြစ်သည်။


Vertical Line :ရေပြင်ညီမှ ထောင်လိုက်ကျရောက်သော မျက်နှာပြင်တစ်ခုနှင့် ထိစပ်နေသော လိုင်းဖြစ် သည်။


Vertical Angle : အမှတ်နှစ်ခုကို ထောင်လိုက်ဖြတ်သွားသော လားရာထောင့်ဖြစ်သည်။ မတ်ရပ်ထောင့် ကိုမတ်ရပ်တြိဂံဖွဲ့၍ နိမ့်မြင့်တိုင်းတာရာ၌၎င်း၊ ကုန်းစောင်းအကွာအဝေးမှ ရေပြင်ညီသို့ ပြောင်းလဲတွက်ယူရာတွင် ၎င်း၊ အသုံးပြုလေ့ရှိသည်။


Zenith Angle : အမှတ်နှစ်ခုကို ထောင်လိုက်ဖြတ်သွားသော လားရာထောင့်ဖြစ်သည်။ Vertical angle နှင့် (90°) ခြားနားပြီး zenith သို့တိုက်ရိုက်ကျရောက်သော ထောင့်ဖြစ်သည်။


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း