🕰️မြန်မာနိုင်ငံ၏ စံတော်ချိန် လောင်ဂျီကျူ့ မျဥ်း🕰️

 đŸ•°ď¸á€™á€źá€”á€şá€™á€Źá€”á€­á€Żá€„á€şá€„á€śá စံတော်ချိန် လောင်ဂျီကျူ့ မျဥ်း🕰️


မြန်မာနိုင်ငံသည် အရှေ့ လောင်ဂျီကျူ ၉၂•၁၀ ဒီဂရီနှင့် ၁၀၁•၁၁ ဒီဂရီ အကြား၊ မြောက်လတ္တီတွဒ် ၀၉•၃၂ ဒီဂရီနှင့် ၂၈•၃၁ ဒီဂရီ အကြားတွင် တည်ရှိသည်။


ကမ္ဘာကြီးကို ၃၆၀ဒီဂရီ ပိုင်းခြားသတ်မှတ်ထားပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၏ ဂရင်းနစ် အရပ်ကို ၀ဒီဂရီ လောင်ဂျီကျူ့ မျဉ်းအဖြစ် သတ်မှတ်ထားပါသည်။


၀ဒီဂရီ လောင်ဂျီကျူ့မျဥ်း၏ အရှေ့ဘက်ခြမ်းရှိ ကမ္ဘာ့ဒေသများကို ၁၈၀ ဒီဂရီ ပိုင်းခြား သတ်မှတ်၍ အရှေ့ လောင်ဂျီကျူ့မျဥ်းများဟု ခေါ်ပြီး အနောက်ဘက်ခြမ်းရှိကမ္ဘာ့ ဒေသများကိုလည်း ၁၈၀ ဒီဂရီ ပိုင်းခြား သတ်မှတ်၍ အနောက်လောင်ဂျီကျူ့မျဥ်းများဟု သတ်မှတ်သည်။


လောင်ဂျီကျူ့ တူသော အရပ်ဒေသများတွင် နေဝင်ချိန် နေထွက်ချိန် မွန်းတည့်ချိန် တူသော်လည်း ကမ္ဘာ့တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း နီးသော နိုင်များတွင် နေဝင်ချိန် နေထွက်ချိန် မတူညီကြပါ။ 


လတ္တီတွဒ်မျဥ်း တူလျှင် ကြယ်နက္ခတ် ထွက်ခြင်း ဝင်ခြင်း တူပါသည်။


✍️အရှေ့လောင်ဂျီကျူ့ ၉၇ဒီဂရီ ၃၁မိနစ် မျဉ်းသည် မြန်မာနိုင်ငံ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းကို ဖြတ်သန်းပြီး ထိုမျဉ်းကို မြန်မာနိုင်ငံ၏ စံတော်ချိန်မျဥ်းအဖြစ် သတ်မှတ်ထားကြောင်းကို ဆရာမ ငြိမ်းစန္ဒာ (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ ) ရေးသားထားသည့် post တွင် ဖတ်ရှုခဲ့ရပါသည်။ 


✍️ပညာရှင်တဦးက မြန်မာနိုင်ငံ၏ စံတော်ချိန်သည် GMT +6.5 အဖြစ် သတ်မှတ်ထားသောကြောင့် 6.5 / 24 x 360 = 97.5 ဖြစ်ပြီး ထို 97.5* လောင်ဂျီကျူ့မျဉ်းသည် ဘီလူးကျွန်းကို ဖြတ်သွားသည်ဟု ရေးသားပါသည်။ 


မြန်မာနိုင်ငံ ဘီလူးကျွန်း coordinate: 16.369383°N 97.517714°E

အချိန်ဇုန်: မြန်မာစံတော်ချိန် UTC  +6:30


အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် မြန်မာနိုင်ငံ စံတော်ချိန်သည် ၆နာရီ၃၀မိနစ်ကွာခြားသည်။


မြန်မာ့အသံ ရေဒီယိုက မြန်မာစံတော်ချိန် နံနက် ၈နာရီ ရှိပါပြီ ဟု ကြေညာလျှင် လည်းကောင်းအချိန်သည် ဘီလူးကျွန်း စံတော်ချိန် ဖြစ်သည်။ 


ရန်ကုန်မြို့ coordinate

16.8409*N, 96.1735*E


ဘီလူးကျွန်း longitude = 97.5177*

ရန်ကုန်မြို့ longitude = 96.1735*

ကွာခြားချက် = 1.3442

1.3442* = 5minute 23second


ထို့ကြောင့် ၅မိနစ် ၂၃စက္ကန့် နုတ်မှသာ ရန်ကုန်မြို့၏ တိကျသော အချိန်ကို ရမည်ဖြစ်သည်။


ဘီလူးကျွန်း စံတော်ချိန် နံနက် ၈နာရီဆိုပါက ရန်ကုန်မြို့အတွက် ၅မိနစ် ၂၃စက္ကန့်နုတ်လျှင် ရန်ကုန်မြို့၏ အချိန်သည် ၇နာရီ ၅၄မိနစ် ၃၇စက္ကန့် ဖြစ်ပေမည်။


(စာရေးသူသည် ဆရာမ ငြိမ်းစန္ဒာ (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့) ရေးသားထားသည့် ဘီလူးကျွန်း သည် မြန်မာနိုင်ငံ၏ စံတော်ချိန်မျဉ်း ဖြစ်သည် ဟူသော အကြောင်းအရာ ပို့စ်ကို ကိုးကားထားခြင်း ဖြစ်သည်။ အကယ်၍ ထိုဒေသ မဟုတ်ပဲ အခြားနေရာ ဖြစ်နေပါက အထောက်အထားပြ၍ ပြင်ဆင်ပေးစေလိုပါသည်။)


Credit to Aung Ngwe Latt










Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

BM