Extract the coordinate from AutoCad dwg (Command dx )

Extract the coordinate from AutoCad dwg
(Command dx )

ကျွန်တော် ဒီနေ့ပြောချင်တဲ့ အကြောင်းကတော့ Acadမှာ
ဘာ lsp မှ မသုံးဘဲ Autocad ထဲက Data တွေကို Excel
ထဲသို့ အမြန်ကူးပြောင်းနည်းဖြစ်ပါတယ်၊အားသာချက်တစ်
ခုရှိပါတယ်၊Excel သာ မက Acad ထဲမှာလည်း X , Y , Z
တွေကို ဇယားကွက်နဲ့ပြပေးပါတယ်။အရင်တင်ထားတဲ့
နည်းတွေထက် ပိုမြန်ပြီး လွယ်ပါတယ်။Built in Command
လေးက တော့ dx ဖြစ်ပါတယ်....✍️️✍️️✍️️

အရင်ဆုံးလုပ်ရမှာ က ကိုယ် NEZ လိုချင်နေရာမှာ Points
လေးတွေတင်ထားရပါမယ်....
ဥပမာ Pile points တွေ ကောက်ချင်တယ်ဆိုပါတော့
command bar မှာ PO လို့ရိုက်...ကိုယ်ကောက်ချင်
တဲ့ Pile center နေရာမှာ click ချပြီး points လေးတွေအ
ရင်တင်ထားရမှာဖြစ်ပါတယ်...
တစ်ကယ်လို့ line တစ် line ကိုရိုက်ချင်တယ်ဆိုရင်လည်း
line ပေါ်မှာ me enter ခေါက်ပြီး ကိုယ်ချင်တဲ့ distance
ကိုရိုက်လိုက်ပါ...
ဒါမှ မဟုတ် div နဲ့ ကိုယ်ပိုင်းချင်သလောက် ပိုင်းလိုက်ပါ...
Points လေးတွေရပြီဆိုတာနဲ့....
Commad bar မှာ dx enter လို့ရိုက်လိုက်ပါ...
ပေါ်လာတဲ့ Box လေးမှာဘဲ ဘာမှ မနှိတ်ဘဲ Next ကို click
ပေးပါ...
ပြီးရင် file save လုပ်ဖို့ location ရွေးခိုင်းပါတယ်...
ကိုယ်သိမ်းချင်တဲ့ နေရာမှာ file name ပေးပြီး Save လုပ်ပါ
ပြီးရင် Drawings/Sheet set အောက်မှာ [] လေးထောင့်
ကွက်လေးမှာ အမှန်ခြစ်လေးပေါ်နေပါလိမ့်မယ်...
Include current drwaing ဆိုတာတော့ လက်ရှိ Points
တွေအကုန်လုံးကို NEZ ကောက်မယ်လို့ဆိုလိုတာပါ...
Select object in the current dwg ဆိုတာက Points
အကုန်လုံးထဲက ကိုယ်လိုချင်တဲ့ Pt ကိုဘဲ select လုပ်မယ်
လို့ပြောတာပါ....ကျွန်တော်က Pts အားလုံးကို လိုချင်တဲ့
အတွက်ဘာမှ မပြင်ဘဲ next ကိုထပ်နှိပ်ပါမယ်...
ပြီးရင် ဇယားကွက် နဲ့ အမှန်ခြစ်ထားတဲ့ box လေးတွေ
ပေါ်လာပါလိမ့်မယ်...
အဲဒီဇယားကွက် အမှန်ခြစ်တွေကို အားလုံးဖြုတ်ပါမယ်...
ဇယားကွက်လေးပေါ်မှာ Right Click ထောက်လိုက်တာ
နဲ့ uncheck All ကိုနှိပ်ပြီး ကိုလိုချင်တဲ့ Point ကိုဘဲ အမှန်
ခြစ်လိုက်ရင် ရပါပြီ....
scroll bar လေးကိုအောက်ဆွဲချလိုက်ရင် Point အကွက်
လေးတွေ့ပါလိမ့်မယ်...အဲဒီ Point နေရာလေးကို အမှန်
ခြစ်ပေးလိုက်ရင် အဆင်ပြေပါပြီ...
ဘာလို့ဆိုတော့ Acad မှာ Points နဲ့ NEZ ကောက်မယ်
လို့ လုပ်ထားလို့ပါ....
အမှန်ခြစ်တွေ ဖြုတ်ပြီးတာ နဲ့ Next ကိုထပ်နှိပ်ပါ...
အဲဒီမှာ နောက်တစ် ဇယားကွက်တွေပေါ်လာလိမ့်မယ်...
Position X , Position Y , Position Z ကိုဘဲ ချန်ထားပြီး...
ကျန်တာတွေအားလုံးကို အမှန်ခြစ်ဖြုတ်ပေးပါ...
ကျွန်တော်တို့လိုချင်တာက NEZ ဘဲမိုလို့ပါ...
အားလုံးအမှန်ခြစ် ဖြုတ်ပြီးပြီဆိုတာ နဲ့ Next ကိုထပ်နှိပ်ပါ...
ပေါ်လာတဲ့ ဟာကို Next ကိုထပ်နှိပ်ပါ...
Output Options
အောက်က ပထမ အကွက်ကို အမှန်ခြစ်ပါ...
ဒုတိယ ကို လည်းအမှန်ခြစ်ပေးပါ...
အမှန်ခြစ်ပြီးတာ အဲဒီအကွက်အောက်က လေးထောင့်ကွက်
လေးကို click နှိပ်ပေးပြီး Excel file save ရမည့် location
ကိုထပ်ရွေးပေးပြီး Save လိုက်ပါ...
ပြီးရင် next ကိုထပ်နှိပ်ပါ...
ဘယ်ဘက် box မှာ title ဆိုပြီးပေါ်နေပါလိ့မ်မယ်...
Acad မှာ ပေါ်မယ့် ဇယားကွက် title ပေးခိုင်းတာပါ...
မပေးချင်လည်းရပါတယ်...ပြီးရင် Next finish နှိပ်ပေးပါ...
Cursor မှာ ဇယားကွက်လေးပေါ်နေပါလိမ့်မယ် Dwg မှာ...
လွတ်တဲ့နေရာကို ကလစ်ချလိုက်တာနဲ့ Acad မှာ ဇယား
ကွက်လေးနဲ့ ပေါ်လာမှာဖြစ်ပါတယ်....
Topo ကောက်ပြီး သား Data တွေကို လည်း excel နဲ့
သိမ်းထားချင်တယ်ဆိုရင်လည်း အပေါ်ကနည်းအတိုင်း
လုပ်လိုက်ရုံပါဘဲ...N E Z ပါတစ်ခါတည်းပြပေးပါတယ်...
ကျွန်တော်အရင်က NLD lsp လေးသုံးပြီးတော့ လုပ်နည်း
လေးတင်ဖူးပါတယ်။အစ်ကိုတစ်ယောက်က မလုပ်တတ်ဘူး
ဆိုလို့ ဆရာZaw Moeတင်ထားတဲ့ post ကို video
recording လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ဒီကောင်မှာ
အားနည်းချက် Acad မှာ Points no တပ်မပေးပါဘူး...
Pointa နံပါတ်လေးနဲ့ပါ လိုချင်ရင်တော့ အရင်တစ်ခါတင်
ထားတဲ့ NLD lsp နည်းလေးကိုသုံးကြည့်ပါ...

အောက်က ပေးထားတဲ့ link လေးကတော့ အရင်တင်ထား
တဲ့ NLD lsp post အဟောင်းပါ...

ဒီlink က dx command သုံးထားတဲ့ Youtube link လေးပါ

တင်ထားတဲ့ video လေးကို HD နှိပ်လိုက်ရင် ကြည်လင်စွာ
ကြည့်ရှုနိုင်ပါတယ်...
အခုလို အသုံးပြုတတ်အောင် သင်ပေးတဲ့ ဆရာzawmoe
ကိုကျေးဇူးတင်ပါတယ်....

အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်
စေတနာများစွာဖြင့်
ဆန္ဒမောင်
9.12.2016
10:40 PM

Credit;ဆန္ဒမောင်





Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

ဧရိယာတွက်နည်းလေး…