Surveyor တွေ အသုံးတည့်စေမယ့် Mobile Appllication (၆) ခု
Surveyor တွေ အသုံးတည့်စေမယ့် Mobile Appllication (၆) ခု
(1) Distance and Area Measurment
လယ်ဧက တိုင်းတာတဲ့နေရာမျိုးတွေ ၊ မြေကွက် အကျယ်အဝန်း တိုင်းတာတဲ့နေရာမျိုးတွေမှာ Handheld GPS တစ်လုံးလို အသုံးတည့်စေမှာပါ ။ kml file အဖြစ် Save လို့ ရပြီးတော့ အချိန်မရွေး ပြန်ကြည့်လို့ ရနို်င်မယ့်အပြင် computer နဲ့ ချိတ်ဆက်ပြီး Google Earth မှာပါ ပုံထပ်လို့ ရမှာ ဖြစ်ပါတယ် ။
(2) Degree to UTM
GPS ပိုင်းအသုံးပြုနေရတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ ။ ခေါင်းစဉ်အတိုင်း Degree ကနေ UTM အပြန်အလှန် Convert လုပ်နိုင်မှာပါ ။
(3) Mobile Cogo
အတွက်အချက်သမားတွေအတွက် အသုံးတည့်မှာပါ ။ Bearing,Distance ကနေ Coordinate ၊ Coordinate ကနေ Bearing,Distance အပြန်ပြန် အလှန်လှန်ပြောင်းလို့ရမယ့် အပြင် Degree,Minute,Second ကို decimal နှစ်လုံးအထိ တိတိကျကျ တွက်ချက်ပေးနိုင်တဲ့အတွက် အတွက်အချက်သမားတွေအတွက် ကောင်းကောင်း အသုံးကျစေမှာပါ ။
(4) Surveying
Self-Study လေ့လာလိုတဲ့သူတွေအတွက် အဆင်ပြေမှာပါ ။ Internet ရှိရုံနဲ့ Survey ပညာရဲ့ အခြေခံတွေကို ကောင်းကောင်းလေ့လာလို့ ရစေမှာပါ ။
(5) Unit Converter
အကွာအဝေး ယူနစ်အမျိုးမျိုးကို ပြောင်းလဲနိုင်မယ့်အပြင် ထုထည် ၊ ဧရိယာ အမျိုးမျိုးကိုပါ အလွယ်တကူ ပြောင်းလဲလို့ ရနိုင်မှာပါ ။
(6) Scientific Calculator
Calculator တစ်လုံးကို သွားလေရာ သယ်သွားဖို့ မလွယ်ပေမယ့် ဖုန်းကတော့ သွားလေရာ ပါတတ်စမြဲပါ ။ Casio 991ES တစ်လုံးနီးပါး တွက်ချက်မှု ပြုလုပ်လို့ ရနိုင်မှာပါ ။
#PnPScan
Comments
Post a Comment