မြေဧက ဖွဲ့နည်း တွက်နည်း ….


*** မြေဧက ဖွဲ့နည်း တွက်နည်း ….
( ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ….. )

တစ်ဧက = ၄၃၅၆၀ စတုရန်းပေ 
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

တြိဂံ =  .၅xအခြေxအမြင့်  ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့်  = ရလာဒ် ÷ ၂ ÷ 43560

စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560 
ပုံသေ မြှောက်ကိန်း .၇၈၅၄ 
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။ 

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း 
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။

(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄ 
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် 
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂ 
၄၁၆ + ၆၂= ၄၇၈ ပင် 

( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင် 
 စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
 စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁ 
 ၄၃၅၆၀ ÷  ၃၆၁ = ၁၂၀
 ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်



Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း