HOW TO CALCULATE SCALE FACTOR IN LAND SURVEYING!

HOW TO CALCULATE SCALE FACTOR IN LAND SURVEYING!


👉Surveyor တစ်ယောက်က Scale Factor တွက်နည်း လာမေးလို့ တခြား Juniors တွေလည်း သိစေခြင်းအလို့ငှာ ပြန်လည် တင်ပြလိုက်ပါတယ်

👉 ရှေးဦးစွာ ကမ္ဘာမြေပြင်အခုံးကို သိထားရပါမယ်၊ ကမ္ဘာမြေပြင်ပေါ်က အနိမ့်အမြင့် မညီညာတဲ့ တောင်တန်းတွေ၊ ချိုင့်ဝှမ်းတွေကို ပယ်ပြီး စံသတ်မှတ်ချက် ( Standard) အနေနဲ့ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့် ( Mean Sea Level) or 'MSL'  ဆိုတာ ကမ္ဘာ့ ဘယ်နေရာမှာ ဖြစ်ဖြစ်

ကမ္ဘာ့ဗဟိုကနေ Distance တွေ (Approximately) တူညီပါတယ် ( အီကွေတာအချင်းနဲ့ ဝင်ရိုးစွန်း အချင်း ၂၇ မိုင်ကွာပေမဲ့ ကမ္ဘာ့အရွယ်အစားနဲ့ နှိုင်းစာလျှင် မပြောပလောက်တဲ့အတွက် ကမ္ဘာကြီးကို Near perfect Sphere လို့ပဲ ယူပါတယ်) 

👉အဲဒီ ကမ္ဘာ့ MSL တွေကို စိတ်ကူးယဉ်မျဉ်း ( Imagery Line) တစ်ခုနဲ့ ဆက်လိုက်တဲ့အခါ ရလာတဲ့ Near Perfect Sphere ( စက်လုံး) ကို GEOID လို့ခေါ်ပါတယ်

👉ကမ္ဘာ့မြေပုံ 3D features တွေဟာ အကြမ်းဖျင်းအားဖြင့် အဲဒီ Geoid Surface ( စက်လုံး)ပေါ်မှာ  တည်ရှိနေတယ်လို့ နားလည်လို့ရပါတယ်

 👉အဲဒီ လက်တွေ့မှာ အခုံး မျက်နှာပြင် CURVE SURFACE ကို 

FLAT PLANE ဖြစ်တဲ့ စာရွက်ပေါ်က မြေပုံအပြန့် FLAT SURFACE အနေနဲ့ တင်ပြတဲ့အခါ On-ground တိုင်းထားတဲ့ Points ( i.e Locations) တွေနဲ့ မြေပုံစာရွက်ပေါ်

အပြန့်မှာ ကိုးစားပြု တင်ထားတဲ့ Points ( Locations) တွေ အနည်းငယ် ကွဲလွဲမှုဖြစ်သွားပါတယ်၊ 

👉Curved surface ပေါ်က Data ကို  Flat surface ပေါ် ( သင့်တော်တဲ့ စကေးချုံ့ပြီး )  တင်လိုက်တဲ့အခါ/ တစ်နည်း Map Projection ချ လိုက်တဲ့အခါ /တစ်နည်း အခုံးမျက်နှာပြင်ပေါ်က ပုံရိပ်တွေကို အပြန့်မျက်နှာပြင်ပေါ်မှာ----ရုပ်ရှင်ဖလင်အခုံးပေါ်က ပုံရိပ်တွေကို နောက်က ရုပ်ရှင်ပြစက် မီးဆလိုက်ထိုးသလို ( Projector မီးထိုးသလို Projection ချ) ကြည့်တဲ့အခါ ပုံရိပ်တွေ ယုံရွဲ့မှု ( DISTORTION)ဖြစ် သွားပါတယ်

👉အဲဒီလို ယုံရွဲ့သွားတဲ့အခါ (အထူးသဖြင့် ဧရိယာကြီးကြီးတိုင်းထားတဲ့အခါ ) On-ground Data ကို Map ပေါ်တင်တဲ့အခါ နေရာလွဲ ( displacement) ဖြစ်သွားတာတွေ

တိုင်းတာတဲ့ ဧရိယာ ကျယ်လျှင်ကျယ်

သလောက် ပြန်ညှိတဲ့( Correction ) မလုပ်လျှင် ပိုမို Displacement error များတတ်ပါတယ်

👉လိုရင်းကို ပြန်ကောက်ပါမယ်၊

ကမ္ဘာ့ Geoid Surface / MSL တလျှောက်မှာ တစ်မိုင်သွားတိုင်း  ၈ လက္မခန့် အခုံးရှိပါတယ် ( မြင်သာအောင်ပြောရလျှင်တော့ ကွန်တော်တို့ဟာ ပင်လယ်ပြင် ရွက်လွှင့်သွားတဲ့ သင်္ဘောတစ်စီးရဲ့ ရွက်တိုင်ထိပ်ကို အဝေးကြည့်မှန်ပြောင်းနဲ့ ကြည့်နေတဲ့အခါ တစ်မိုင်သွားအပြီးမှာ သူ့ရွက်တိုင်ထိပ်က အောက်ကို ၈ လက္မမြုပ်သွားမယ့် သဘောပါပဲ၊ 

👉ကမ္ဘာမြေကြီးက လုံးဝန်းနေလို့ပါ)

👉အဲဒါဆို ကျွန်တော်တို့ Highway or Large Area Map အတွက် တိုင်းတာတဲ့အခါ On-ground data ကို Grid Map ပေါ်တင်တဲ့အခါ Distance တွေ အနီးစပ်ဆုံးတူအောင် ရှေးဦးစွာ တိုင်းတာ တွက်ချက်ပြီး On-ground Distance နဲ့ Grid Map Distance ၂ မျိုးကို အပြန်အလှန် မှန်ကန်စွာ ချိတ်ဆက်ပေးမယ့် သူ့သက်ဆိုင်ရာ ဧရိယာအတွက် Constant ( ကိန်းသေ)တစ်ခု လိုအပ်လာပါပြီ

👉အဲဒီ Constant ဟာ တကယ်တော့ SCALE FACTOR ပါပဲ၊ 

👉ယနေ့ခေတ်မှာ အများလက်ခံထားတဲ့ UTM Map လိုမျိုးပေါ်က Point ၂ ခု အကွာအဝေးနဲ့ အဲဒီ the same points ၂ ခုရဲ့ မြေပြင်ပေါ်က အကွာအဝေး ၂ ခုကို ညှိယူ ( Adjust) လုပ်တာပါပဲ

👉ရှေးဦးစွာ မိမိတိုင်းတာနေတဲ့ ဧရိယာ ထဲက ထင်ရှားတဲ့ မြေပြင်အမှတ်အသား Land Marks ၂ ခုကို Google map / Update one-inch map မှာ ရှာထားပါ--(ဥပမာ  လမ်းမီးတိုင် ၂ တိုင်လိုမျိုး/ building corners လိုမျိုး ) 

👉Google ပေါ်မှာဆိုလျှင် အဲဒီ Distance ကို Ruler နဲ့တိုင်းပါ၊ 

✌36.03 m ဆိုပါစို့၊ 

👉Map ပေါ်မှာဆိုလျှင် သက်ဆိုင်ရာ Point A , B ( e.g.) ရဲ့ Coordinates တွေကို Polar နဲ့ Calculator မှာတွက်ရှာ( သို့မဟုတ်) ကော်ပေတံနဲ့ချတိုင်းပြီး သူ့မြေပုံစကေးနဲ့မြောက်(multiply)ရင် ရပါတယ်၊

👉Map ပေါ်က distance ရပြီးတဲ့အခါ တဖန် အဲဒီ Land marks ၂ ခုအကွာအဝေးကို Total staion နဲ့တိုင်းပြီးမှတ်ထားပါ၊ ✌36.00 m ဆိုပါစို့၊ ( T.S ရဲ့ Prism constant ကို T.S screen ဖတ်ချက်နဲ့ On-ground Tape measure  ကွက်တိလောက်ညီအောင် ညှိထားရပါမယ်)

👉နောက်ဆုံးအဆင့်အနေနဲ့ အဲဒီ Grid Map ပေါ်က Distance ကို On-ground ပေါ်က Measured Distance

နဲ့စားလျှင် (divide) ကျွန်တော်တို့ လိုချင်တဲ့ SCALE FACTOR ဆိုတာရပါပြီ

👉 

Scale Factor= Map dist/Ground dist

👉S.F.= 36.03/ 36

         =  1.0008333

✌S.F = M.D/ G.D


👉အထက်က ပုံသေနည်းကို အနှစ်

ချုပ်သော် ကျွန်တော်တို့မှာ ground distance distance သိထားပြီး 

Map distance ကို သိလိုလျှင် အဲဒီ ground distance ကို Scale factor နဲ့ မြောက်( multiply) ရမှာဖြစ်ပြီး ၊ 

သိထားတဲ့ Map distance တစ်ခုကို ground distance ဘယ်လောက်လဲ သိချင်လျှင်တော့ အဲဒီ Map distance ကို Scale factor နဲ့စား ( divide) ရပါမယ်၊

👉အထက်ကတင်ပြချက်ဟာ ဥပမာသာဖြစ်ပြီး လက်တွေ့ 

On-ground မှာတော့ Test distance ဟာ ပေ ၁၀၀၀ ခန့် ( ~ 300m) 

T.S တစ်ခါ ကောင်းကောင်းဖတ်နိုင်တဲ့ Distance မျိုးဆိုလျှင် သင့်တော်မယ် ထင်ပါတယ်၊

👉အောက်ဆုံးမှာ Scale Factor တွက်နည်း --Googling လုပ်ထားတဲ့ English version ကိုလည်း Link ပေးထားပါတယ်

👉ကျွန်တော်လည်း လေ့လာဆဲမို့ 

လိုအပ်ချက်များရှိလျှင် ပညာရှင်များထောက်ပြဆွေးနွေးစေချင်ပါတယ် 

     လေးစားလျက်-Than Soe Aung 


HOW TO CALCULATE SCALE FACTOR IN LAND SURVEYING!


http://www.gpslandsurveying.com/how-to-calculate-scale-factor/

Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

BM