30~31 -5-2019 Survey Law တက်ရောက်ဆွေးနွေခြင်း အနှစ်ချုပ်ပါ။
30~31 -5-2019 Survey Law တက်ရောက်ဆွေးနွေခြင်း အနှစ်ချုပ်ပါ။
ဥပဒေကြမ်းအဖွဲ့၊ ရှေ့နေချုပ်ရုံး အပါအ၀င်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ အားလုံး တက်ရောက်ဆွေးနွေး ပါဝင်ကြပါတယ်။
ဥပဒေကြမ်းအဖွဲ့ရဲ့အဆိုပြုမှုကြောင့် ပုဒ်မတစ်ခုချင်းစီ ဆွေးနွေးနိုင်တဲ့ အဆင့်မရောက်ဘဲ၊ Main Frame (မာတိကာ) ပြင်ဆင်ပြီး ဥပဒေတစ်ခုခြင်းစီအား အခန်းအလိုက်ပြန်လည် ခွဲခြားခြင်းဖြင့် အဆုံးသတ်ခဲ့ရပါတယ်။
မေးမြန်းဆွေးနွေးချက်များနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းချက်များအရ အောက်ပါအတိုင်း သိရှိရပါတယ်။
👉 ၁။ မြေတိုင်းဦးစီးဌာန၏ အဓိကရည်ရွယ်ချက်ကတော့ မြေပုံထုတ်မယ်ဆိုရင် National Datum ကိုချိတ်ဆက်ပြီး ရေးဆွဲစေပါမယ်။ Assume , Float တွေနဲ့တိုင်းတာနေမယ်အစား National Datum နဲ့ချိတ်ဆက်ပြီး တိုင်းတာမယ်ဆိုရင် ကိုဆွဲတဲ့မြေပုံက Standard တစ်ခုဖြစ်သွားမှာပါ။ ဒါပေမယ့် WGS84 လား၊ Myanmar Datum 2000 လား၊ လွန်ခဲ့တဲ့ ၁၉ နှစ်ကစတင်ခဲ့တဲ့ Myanmar Datum 2000 က အခုချိန်ထိ Parameter တွေနဲ့ သုံးနေရတုံးပါ။ Unicode System လို GPS တွေ၊ GIS Software တွေမှာ တန်းပြီးရွေးနိုင်အောင် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ဂုဏ်ယူစွာ အသုံးပြုကြမှာပါ။
👉 ၂။ မြေစာရင်း၊ စည်ပင်သာယာမှ ရေးဆွဲနေတဲ့ မြေပုံစနစ်များအား ၀င်ရောက်စွက်ဖက်မှာမဟုတ်ပါ။ ဒါပေမယ့် National Datum နဲ့တော့ချိတ်ဆက်ပြီး ဆောင်ရွက်စေချင်ပါတယ်။
👉 ၃။ မိမိရေးဆွဲထားတဲ့မြေပုံရဲ့ တိကျမှု Accuracy ကိုတော့ Licensed Surveyor or Licensed Company မှ တာဝန်ယူရမှာဖြစ်ပါတယ်။
👉 ၄။ Data Sharing နဲ့ပက်သက်ပြီး Detailed Data မဟုတ်ဘဲ တိုင်းတာနေတဲ့ ဧရိယာ Boundary ကိုတော့ သတင်းပေးစေပြီး၊ နောက် ကုမ္ပဏီတစ်ခုမှ ထိုဧရိယာအား ၀င်ရောက်တိုင်းတာမည်ဆိုပါက ပထမ ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်စေချင်းဖြင့် ဧရိယာတစ်ခုအား ထပ်ခါထပ်ခါ တိုင်းတာသည့် ကုန်ကျစရိတ်များ လျှော့ကျစေရန်။
👉 ၅။ လက်ရှိ UTM, One Inch Map များဖြတ်တောက်သုံးစွဲနေသူများအား အရေးယူမည်မဟုတ်ဘဲ၊ စီးပွားဖြစ် ရောင်းသားနေသူများအား အရေးယူနိုင်ရန်။
👉 ၆။ Instrument Certificate အနေဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ ထုတ်ပေးထားသော Calibration Certificate များဖြင့် ဆောင်ရွက်နိုင်ပါတယ်။
👉 ၇။ Surveyor တိုင်း လိုင်စင် လုပ်ရန်လို /မလို ကိုတော့ နောက် Work Shop မှာ ပြန်ပြီး အသေးစိတ် ဆွေးနွေးပါမယ်။ မြေတိုင်းဦးစီးဌာနအနေနဲ့တော့ တိုင်းတာသူအားလုံး လိုင်စင်ရှိစေချင်ပါတယ်။ မြေပုံရေးဆွဲရေးကို အဓိကထားတဲ့ အတွက် လိုင်စင်ဖြေချင်သူများ Coordinate System တွေ၊ Datum Parameter အကြောင်းများ လေ့လာထားစေလိုပါတယ်။
👉၈။ နောက်တစ်ကြိမ် Work Shop အပြီးမှ လွတ်တော်လုပ်ငန်းစဉ်များနှင့် အပြီးသတ်ဥပဒေထွက်ရန် အချိန်များစွာ ကြာဦးမည်ဖြစ်ပါကြောင်း။
Myint Naing (GAI)
Comments
Post a Comment