ကမ္ဘာစောင်းသလို လိုက်မစောင်းကြစေဖို့ (True North)

ကမ္ဘာစောင်းသလို လိုက်မစောင်းကြစေဖို့ (True North)

******************************************


ကမ္ဘာကြီး ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတယ် ပြောတယ်..

တည့်သွားအောင် ခေါင်းကို ၂၃ ၁/၂ ဒီဂရီ စောင်းပြီး လျှောက်ကြည့်မိတယ်..

ပေစောင်း ပေစောင်း ဖြစ်ခဲ့ရတယ်..


ကမ္ဘာ့ဝင်ရိုးဆိုတာ Vertical တည့်တည့်သွားနေတာမဟုတ်ဘူးလေ..

၂၃ ၁/၂ ဒီဂရီ စောင်းပြီး ဝင်ရိုးပေါ်မှာ တည့်တည့်လေး လည်နေတာ..

တစ်ပတ်ပြည့်ရင် ၂၄ နာရီ.. ၂၄ နာရီ ဆိုတာကလည်း တိတိတော့

မဟုတ်ပြန်ပါဘူး.. နည်းနည်းစွန်းနေပါတယ်.. ၂၄ နာရီကို တစ်ရက်

တစ်နှစ်မှာ ၃၆၅ ရက် နဲ့ ၆ နာရီ..  ၆ နာရီစွန်းလာပြန်တော့ ၄ ခါပေါင်းရင်

၂၄ နာရီဖြစ်ပြန်တော့ ၄ နှစ်မှာ တစ်ရက်ပိုလာတော့ ဖေဖော်ဝါရီလက

၎ နှစ်မှာ တစ်ကြိမ် ၂၉ ရက်ဖြစ်ရရှာတယ်.. ဒါက အားလုံးအသိပါ..


အခုက True North ကိုပြောချင်တာ..

ကမ္ဘာ့ဝင်ရိုးကို တောင် မြောက်တန်းနေတယ်လို့ သတ်မှတ်ထားပါတယ်..

မြောက်ဝင်ရိုးစွန်းတည့်တည့်ကို True North လို့ ခေါ်ပါတယ်..

True North ကို ရှာရန်အတွက်.. 

နေဖမ်းခြင်း (Sun Observation)..

ကြယ်ဖမ်းခြင်း (Star Shooting) စတာတွေကို တွက်ယူကြပါတယ်..


မြောက်ဝင်ရိုးစွန်းနဲ့ တည့်တည့်နီးပါးမှာ ဓူဝံကြယ်ရှိတယ်..

တောင်ဝင်ရိုးစွန်းနဲ့ တည့်တည့်နီးပါးမှာ တံငါကွန်တိုင်ကြယ်ရှိပါတယ်..

တောင် မြောက်ဝင်ရိုးစွန်းက ထွက်လာတဲ့ direction နဲ့

ဓူဝံကြယ်ကြားထောင့်ကို Star Declination လို့ ခေါ်ပါတယ်..

Star Declination ဆိုတာကလည်း နှစ်အလိုက် ရာသီအလိုက်

ပြောင်းလဲနေတာဖြစ်ပါတယ်... Star Declination ကိုတော့

နှစ်စဉ်ထုတ်တဲ့ Star Almanac မှာ ကြည့်ရှုနိုင်ပါတယ်..


ညဘက်မှာ Star Shooting လုပ်ဖို့အချိန်ကိုလည်း

စောင့်ကြရတယ်.. ဓူဝံကြယ်ကို ရှာဖို့အတွက် ခုနှစ်စဉ်ကြယ်

သို့မဟုတ် W ပုံသဏ္ဍာန်ကြယ်စုကို အရင်ရှာကြရပါတယ်..

ခုနှစ်စဉ်ကြယ်ရဲ့ ထိပ်ဦးနှစ်လုံးရဲ့ ၄ ဆ လောက်မှာ 

ဓူဝံကြယ်ရှိပါတယ်.. မှိတ်တုတ် မှိတ်တုတ်ဆိုပေမယ့်..

အတောက်ပ ဆုံးပါပဲ... မြေတိုင်းသားတွေအတွက်ကတော့

ကျက်သရေအရှိဆုံး ကြယ်တစ်လုံးပါပဲ...


ညဘက် သတ္တလောကကြီးအိပ်ပျော်နေတဲ့အချိန်မှာ

မှန်ပြောင်းတစ်လုံးနဲ့ ဓူဝံကြယ်ကြည့်ရတဲ့ အချိန်ဟာ

အချစ်ဆုံးတို့ သံယောဇဉ်အရှိဆုံးပါတို့ ဆိုတာအကုန် မေ့ပါတယ်..

(မှားရင်ပြန်တိုင်းရမှာ ကြောက်လို့ပါ..)


အခုတော့ ဒီဒုက္ခတွေငြိမ်းပါပြီ...

GPS position Coordinate တန်ဖိုးက

Star Declination တန်ဖိုးများရော Formula တွေပါ

တွက်ချက်ပြီးပေးထားတာဖြစ်ပါတယ်.. 

ကိုသြဒိနိတ် ၂ ခု ကနေ တွက်လို့ရတဲ့ Bearing က

True North Bearing ပဲဖြစ်ပါတယ်..


True North ကို ကမ္ဘာကနေ Observe လုပ်ပါတယ်..

ကမ္ဘာဆိုတာက ပုံသဏ္ဍာန်အမှန်မဟုတ်လေတော့

မြေပုံရေးဆွဲဖို့အတွက် ကမ္ဘာကို ကိုယ်စားပြုမယ့်

Ellipsoid ကို သင်္ချာပညာရှင်တွေက အသုံးပြုလာကြပါတယ်..

မြန်မာနိုင်ငံအနေနဲ့ Everest 1830 Ellipsoid ကို

အခြေခံပြီး မြေပုံရေးဆွဲထားတာဖြစ်ပါတယ်...


(မသိသေးတဲ့သူများ အမှတ်မှားနေတဲ့ Surveyors ညီငယ်များ

အတွက် ဗဟုသုတဖြစ်စေရန် အလို့ငှာ ရည်ရွယ်ခြင်းဖြစ်ပါကြောင်း)

(17-7-2016)


အောင်မိုး(မြေတိုင်း)




Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း