Survey ပညာရပ်​အ​ခြေခံမှ ​လေ့လာလိုသူများအတွက်​ 

Survey ပညာရပ်​အ​ခြေခံမှ ​လေ့လာလိုသူများအတွက်​ CHAPTER-5 Azimuths ရည်ညွှန်းမြောက်အရပ်မှ အစပြု၍ တိုင်းတာရသော ရေပြင်ညီထောင့်တန်ဖိုး တစ်ခုဖြစ်သည်။ မြောက်အရပ်မှနေ၍ နာရီလက်တံအတိုင်း တိုင်းတာသည်။ ရည်ညွှန်းမြောက် အရပ်ပေါ်မူတည်၍ (astronomical azimuths, magnetic azimuths, grid azimuths, assumed azimuths) ဟူ၍ ကွဲပြားသည်။ တိုင်းရတန်ဖိုးသည် ၀° နှင့် ၃၆၀° အတွင်း ရှိသည်။ Bearings ရည်ညွှန်းမြောက် အရပ်ပေါ်မူတည်၍ (true bearings, magnetic bearings, grid bearings, assumed bearings) ဟူ၍ ကွဲပြားသည်။ရေပြင်ညီထောင့် အကွာအေ၀းဖြစ်သည်။ ကိုးကားပြုရန် မြောက်(သို့)တောင် ညွှန်ပြ သောလမ်းကြောင်း နှစ်ခုစလုံး ကိုအသုံးပြုပြီး လားရာကိုသိရှိလိုသော station ရှိရာသို့နီးစပ်ရာ ကိုးကားလမ်း ကြောင်း တောင်(သို့)မြောက်မှ တိုင်း တာခြင်းဖြစ်သည်။ Reduce bearing တန်ဖိုးသည် မည်သည့်အခါမှ 90° အထက်မကျော်ပဲ တန်ဖိုးဖော်ပြရာတွင် အရှေ့ဘက်တွင် N (သို့) S စာလုံးပါရှိပြီး အနောက်ဘက်တွင် E (သို့) W စာလုံးပါရှိသည်။ Relation between Bearing and Azimuths Azimuthsနှင့်Bearing ဆက်သွယ်ချက်ရှာရန် အတွင်းထောင့်(Interion angle)သို့အပြင်ထောင့်(Exterior angle) တန်ဖိုးရှိရမည်။ Back sight လိုင်းပေါ် အခြေပြုထားသော အတွင်းထောင့် (Interion angle) သို့အပြင်ထောင့် (Exterior angle)တန်ဖိုးများမှ သွေဖယ်သွားသောထောင့်(Deflection angle) ကို left,right ခွဲခြားပြီး Azimuths တန်ဖိုးတွက်ထုတ်နိုင်သည်။ Azimuths တန်ဖိုးပေါ် အခြေခံ၍ ကိုးကားလမ်း ကြောင်း တောင်(သို့)မြောက်မှတိုင်း တာပြီး bearings တန်ဖိုးနှင့် ဆက်သွယ်မှုကို တွက်ယူနိုင်သည်။ AZ(F.S) = AZ(B.S) + Deflection right AZ(F.S) = AZ(B.S) - Deflection left 










Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း