Survey ပညာရပ်​ကို အ​ခြေခံမှစ၍ ​လေ့လာသူများအတွက်​ ရည်​ညွှန်းပါသည်​။ Unit of Angular Measurement. D.M.S = degree, minutes, seconds Dec.deg = decimal degree Sexagesimal = ခြောက်ဆယ်စိတ် Centesimal = ရာစိတ် စက်ဝိုင်းတစ်ပတ်ရှိ စံနှုန်းများ Degree = 360° (90°,180°,270°360°) Gone = 400 (100,200,300,400) Mil = 6400 (1600,3200,4800,6400) အမြောက်ပစ် စနစ်မှာသုံး Distance Measuring အကွာအဝေး (distance)ကို ရှင်းလင်းညီညာသော မြေပြင်တွင် စတီးမီတာကြိုးကို အသုံးပြုခြင်းဖြင့် တိုင်းယူနှိုင် သည်။ဝေးကွာလွန်းပါက လျှပ်စစ်သံလိုက်လှိုင်းသုံး အကွာအဝေးတိုင်းကိရိယာ ( EDM: electromagnetic distance meter) ကိုအသုံးပြုနှိုင်သည်။ ခက်ခဲကြမ်းတမ်းသော မြေပြင်တွင်၅ကီလိုမီတာအထက် ကွာဝေးသော အမှတ်များအား ဂျီပီအက်စ် (GPS) စံနစ်ကိုအသုံးပြုတိုင်းတာနှိုင်သည်။ Chaining -သေးငယ်သောဧရိယာနှင့် ကွင်းပြင်များကို တိုင်းတာရာတွင် အလွယ်တကူဖြင့် အသုံးဝင်ဆုံး ပညာရပ်ဖြစ်သည်။ -တိုင်းတာရမည့် ဧရိယာသည် ပြင်ညီဖြစ်၍ အသေးစိတ်တိုင်းတာမှု ဖြစ်ရမည်။ -တိုင်းတာသည့် မြေကွက်ကို စကေးကြီးဖြင့်ရေးဆွဲရမည်။ မြေတိုင်းရာတွင် အသုံးပြုသောသံကြိုးကို- (၁) Gunter’s chain (၂) Engineer’s chain ဟူ၍နှစ်မျိုး ခွဲထားသည်။ Gunter’s Chain Gunter’s chain is 66ft long and has 100 links. It is used at area calculation and taking miles and furlong. Engineer’s Chain It is made of steel and 100 ft long and han 100 links. It is used in yards, feet and inches measurement works of engineering. Gunter’s chain အလျား၆၆ပေ ပါရှိပြီး ကွင်းဆက်linkပေါင်း ၁၀၀ဖြင့် အညီအမျှပိုင်းထားသည်။ ကွင်းဆက်တစ်ခုသည် ၀.၆၆ပေ (၇.၉၂လက်မ) ရှိသည်။ ဧရိယာတွက်ချက်ရန် မိုင်၊ ဖာလုံ၊ ဖွဲ့ရာတွင်လွယ်ကူစွာ အသုံးပြုနိုင်သောကြောင့် မြေစာရင်း ဌာနမှ မြေတိုင်းရာတွင် အများဆုံးအသုံးပြုသည်။ သံကြိုး၈၀ အလျားသည် တစ်မိုင်အလျားနှင့်ညီ၍ ၁၀စတုရန်း သံကြိုးသည် တစ်ဧကနှင့်ညီမျှသည်။ Engineer’s chain အလျား၁၀၀ပေပါရှိပြီး ကွင်းဆက်linkပေါင်း ၁၀၀ဖြင့်အညီအမျှပိုင်းထားသည်။ ကွင်းဆက်တစ်ခုသည် ၁ပေရှိသည်။ Gunter’s chainထက်အသုံးများသည်။ကိုက်၊ ပေ၊ လက်မများဖြင့် အလွယ်တကူ တွက်ယူနိုင်ခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ် မြေတိုင်းမှုပြုရာတွင် ကွင်းဆက်သံကြိုးအစား steel tape များကိုအစားထိုးသုံးစွဲလာပြီ ဖြစ်သည်။ Pacing ရှေ့ပြေးကွင်းဆင်း တိုင်းတာရာတွင် လျှင်မြန်စွာ ဆောင်ရွက်နိုင်သော နည်းမှာ ခြေလှမ်းဖြင့် တိုင်းတာခြင်း ဖြစ်သည်။ ခြေလှမ်းအကွာအဝေးကို စံတစ်ခုသတ်မှတ်ပြီး အကြမ်းမျဉ်းတိုင်းတာခြင်းဖြစ်သည်။ ခြေတစ်လှမ်း၏ အလျားသည် တစ်ဘက်ခြေဦးမှ အခြားတစ်ဘက်ခြေဦး (သို့) တစ်ဘက်ခြေဖနောင့်မှ အခြားတစ်ဘက် ခြေဖနောင့်အထိ အလျား ဖြစ်သည်။ ခြေတစ်လှမ်း၏ ပျမ်းမျှအကွာအဝေးကို တွက်ချက်ခြင်း အသွားအပြန် အခေါက်အရေအတွက် ခရီးအကွာအဝေး ခြေလှမ်းအရေအတွက် ပထမအခေါက် ၁၀၀၀ပေ ၅၁၀လှမ်း ဒုတိယအခေါက် ၁၀၀၀ပေ ၅၂၂လှမ်း တတိယအခေါက် ၁၀၀၀ပေ ၅၁၅လှမ်း ၃၀၀၀ပေ ၁၅၄၇လှမ်း ပျမ်းမျှခြေလှမ်းတစ်လှမ်း၏အလျား ခြေလှမ်းအရေအတွက် ၃၀၀၀ ခရီးအကွာအဝေး ၁၅၄၇ (၁.၉၃၉ပေ)
Comments
Popular posts from this blog
Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long
 #ဆောက်လုပ်​ရေးနှင့်ပတ်သက်​သော​ဝေါဟာရ​ပေါင်း ( ၂၀၀)