SUPER ELEVATION

#SUPER ELEVATION

➖➖➖➖➖➖➖

တွက်ချက်ခြင်း

➖➖➖➖

Super elevation ဆိုသည်မှာ လမ်းနဲ့ ရထားလမ်း

အချိုးနေရာတွင် ယာဉ်များမှဖြစ်ပေါ်လာသော Centrifugal  Force ကို ဆန့်ကျင်ပြီး အန္တရယ်ကင်း

ရှင်းစေရန် တည်ဆောက်ရသော တဖက်တိမ်း

လမ်းသားမျက်နှာပြင်ကို ဆိုလိုသည်။

လမ်းကြောင်းအကွေ့နေရာတွင် ယာဉ်များ၏ တာယာနဲ့ လမ်းမျက်နှာပြင် ပွတ်တိုက်မှု နည်းပြီး အရှိန်လွန်ကာ လမ်း

ကြောင်းမချိုးနိုင်ပဲ အက်စီးဒင့်ဖြစ်ပွားမှုကို ကာကွယ်လျော့ချ

စေရန် မှန်ကန်သော လမ်းပခုံးသားအနိမ့်အမြင့်ကို တွက်ချက်ရသည်။ အဓိကအားဖြင့် လမ်း၏ အချင်းဝက်နည်းသော အကွေ့များတွင် super elevation curve ကို မဖြစ်မ

နေ တိတိကျကျ တွက်ချက်တည်ဆောက် ဂရုစိုက်သင့်သည်။ super elevation ကို ထားခြင်းဖြင့် ယာဉ်များ၏ ကျော်လွန်သော မြန်နှုန်းကို ထိန်းချူ ပ်နိုင်ပြီး အန္တရာယ် ကင်းဝေး

နိုင်မည်ဖြစ်သည်။ ရထား၊ ကားစသော

ယာဉ်များသည် လမ်းအကွေ့နေရာများတွင် အရှိန်အားဖြင့် အကွေ့ curve မှ ချောထွက်နိုင်ချေ အလွန်များသောကြောင့် super elevation ထားခြင်းအားဖြင့် ထိန်းချူ ပ်ရမည်ဖြစ်သည်။


အင်ဂျင်နီယာတယောက်အနေဖြင့် အများပြည်သူ အသက်အန္တရယ်ကို ကာကွယ်ရန်အတွက် မိမိတည်ဆောက်သော အဆောက်အအုံများကို ဂရုတစိုက်တွက်ချက် တည်ဆောက်သင့်ပေသည်။ ထို့ကြောင့် super elevation တွက်ချက်

ခြင်းကို တက်သစ်စ ညီငယ်များ ညီမငယ်များနဲ့ ပညာသင်ယူဆဲ အင်ဂျင်နီယာ ညီအကိုမောင်နှမများအတွက် သိသလောက် ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ လိုအပ်ချက်ရှိပါက ဝေ

ဖန်အကြံပေးစေလိုပါသည်။


အဆင့်(၁)

Super elevation တွက်ချက်ရန် ပထမဦးစွာ

လမ်းကိုဖြတ်သော ယာဉ်များ၏ အများဆုံးမြန်နှုန်း(Maximum Driving Speed)ကို မဖြစ်မနေ သိထားရပါမည်။ ဥပမာအားဖြင့် maximum driving speed(V)သည် 80 feet per second နဲ့ လမ်းအ

ကွေ့ curve၏ အချင်းဝက် radius(r)သည် 500feet ရှိသည် ဆိုပါစို့။


အဆင့်(၂)

ရှေ့က ဥပမာအတိုင်း တွက်ချက်သော် အောက်ပါအတိုင်း ရရှိမည်ဖြစ်သည်။

V²=(80ft/sec)²

V²=6400 ft²/sec²


အဆင့်(၃)

ထို့နောက် maximum driving speed ၏ နှစ်ထပ်

ကိန်းတန်ဖိုး(V²)ကို တည်ပြီး လမ်းအကွေ့၏ အချင်း

ဝက်(r)နှင့် ကမ္ဘာ့ဆွဲအားကြောင့် ဖြစ်ပေါ်လာသော အရွေ့(acceleration due to gravity(g))နဲ့ စားရပါ

သည်။ g တန်ဖိုးသည်

32 ft per sec squared(9.8 m/sec)ရှိကြောင်း သိပြီး ဖြစ်သည်။ ဤတွက်ချက်မှုမှ လမ်းအချိုးမြင့်ပေးရမည့် super elevation ratio ကို ရရှိမည်ဖြစ်သည်။

 V²/(g.r)=(ft²/sec²)/(ft/sec².ft)

6400/(32*500)=0.4

ထို့ကြောင့် super elevation ratio သည် 0.4 ရရှိ

သည်။


အဆင့်(၄)

Super elevation ratio မှ ချိုးရမည့်ထောင့်(Angle)ကို inverse tangent မှ တွက်ထုတ်ရမည်

ဖြစ်သည်။

tan(Ō)=0.4

Ō= tan^-1(0.4)

Ō=21.8°

ထို့ကြောင့် လမ်းနဲ့ယာဉ်ကြား ပြွတ်မှုအား(friction)ကို 

ထိန်းချူ ပ်နိုင်ရန် လမ်းကိုချိုး(ကွေ့)ရမည့် အနည်းဆုံး

ထောင့်ချိုး(angel)သည် 21.8°(၂၁.၈ ဒီဂရီ)

ထားရမည်ဖြစ်သည်။


မူရင်းတင်​ပြသူကို Credit ​ပေးပါတယ်​ခင်​ဗျ


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း