GPS System
အပျင်းပြေ တစ်ကွက်စာ ဘာသာပြန်ကြည့်ရအောင်...
GPS System ဆိုတာ..
ဂြိုဟ်တု (၂၄)လုံး (အပေါင်း) အရန်ဂြိုဟ်တုတွေ..
အဲ့ဒီမှာ အမေရိကန်က ဂြိုဟ်ပတ်လမ်းထဲကို
ဂြိုဟ်တု (၃၂)လုံး လွှတ်တင်ထားပါတယ်..
တကယ် အလုပ်လုပ်တဲ့ ဂြိုဟ်တုက (၂၄)လုံး..
ဒါဆို ကျန်တာ အရန်ဂြိုဟ်တုဆိုပါတော့..
6 orbital planes ဆိုတာကတော့ အလွယ်
ပြောရင် ဂြိုဟ်ပတ်လမ်း (၆)ခု ရှိပါတယ်...
55 degree inclination ဆိုတာကတော့
အီကွေတာနဲ့ ၅၅ ဒီဂရီ စောင်းတာကိုဆိုပါတယ်..
နောက်စာကြောင်းက (၂၄)နာရီတိုင်းမှာ
ဂြိုဟ်တုတစ်လုံးက (၂)ကြိမ် လည်တယ်ဆိုပါတယ်..
တကယ်တော့ တစ်ကြိမ်ကို (၁၁)နာရီနဲ့ (၅၈)မိနစ်
ကြာပါတယ်.. ကြားထဲ (၄)မိနစ်ပျောက်နေပါတယ်...
နောက်ဆုံးစာကြောင်းက ကမ္ဘာ့ရဲ့ ဘယ်နေရာ
ရောက်နေရောက်နေ တစ်နေ့တာရဲ့ ဘယ်အချိန်မှာ
မဆို အနည်းဆုံး ဂြိုဟ်တု (၄)လုံး မြင်နိုင်တယ်..
(တစ်နည်း) ဂြိုဟ်တု (၄)လုံးက Data ကို ဖမ်းယူ
ရရှိနိုင်တယ်လို့ ဆိုပါတယ်.. အပေါ်က (၃၂)လုံးကိုတော့
GPS Satellites Constellation (အမေရိကန်နိုင်ငံ
ရဲ့ GPS ဂြိုဟ်တုအဖွဲ့အစည်း) လို့ ခေါ်ပါတယ်..
(ရှင်မဟာရဋ္ဌသာရရဲ့ မိုးပေါက်များသော် အင်း၊ အိုင်၊ ချောင်း၊ ကန် ပြည့်ဆိုသလို.. နည်းနည်းချင်းစီပဲ ကောင်း
ပါတယ်နော်)
ရွှင်လန်းချမ်းမြေ့ကြပါစေ..
အောင်မိုး(မြေတိုင်း)
(၂၈-၈-၂၀၁၈)
Comments
Post a Comment