GPS Accuracy and Precision
GPS Accuracy and Precision
******************************
ဒိုင်းညောင့် ဒိုင်းညောင့် ..
ဝှီး ဒုတ် ..
သေနတ်ပစ်သံတွေ မြားပစ်သံတွေနဲ့
အရင်စ ရပါမယ် ...
Accuracy က တိကျမှန်ကန်မှု ...
Precision က တိကျမှု ...
Dictionary မှာတော့ အဲ့ဒီလိုတွေ့ရတာပါပဲ ...
သေနတ်ပစ်တာတို့ မြားပစ်တာတို့
ဘာလို့ပါလာရသလဲဆိုတော့ Target ကို
အဓိကပြောချင်တာပါ ...
ကျွန်တော်တော့ သေနတ်လည်း မပစ်တတ်ပါဘူး ..
မြားလည်းမပစ်တတ်ပါဘူး ...
ဘုရားပွဲ လေသေနတ်တော့ပစ်ဖူးပါတယ် ...
Target မှာက စက်ဝိုင်း နှစ်ဝိုင်း သုံးဝိုင်းပြထားတယ်...
လူတစ်ယောက် A က ပစ်တဲ့အခါမှာ အလည်အဝိုင်းကို
မထိဘူး.. တစ်ချက်ပစ်လိုက်တယ် ဟိုဘက်ထိသွားတယ်..
နောက်တစ်ချက်ပစ်တယ် နောက်တစ်နေရာထိတယ် ..
ငါးချစ်ပစ်တယ် ငါးနေရာထိတယ် ...
ဒါဟာ အဲ့ဒီလူသေနတ်ပစ်တဲ့ Accuracy ပဲ ...
နောက်လူ B က ပစ်ချက်က လက်ငြိမ်တယ်...
ဒါပေမယ့် Target အလည်ကိုမထိဘူး...
Target ဘေးတစ်နေရာမှာ စုပြုံပြီးရောက်သွားတယ်...
ဒါဟာ အဲ့ဒီ လူ B ရဲ့ သေနတ်ပစ်တဲ့ ရလဒ်
Precision ပါပဲ..
အဲ့ဒီတော့ လူ A၊ လူ B နှစ်ယောက်မှာ ဘယ်သူတော်
သလဲမေးရင်... နှစ်ယောက်စလုံး အသုံးမကျဘူးဘဲ
ဖြေရမှာပါပဲ ...
အဓိက Target ရဲ့ အလည်တည့်တည့်ကိုထိရမှာလေ...
အဲ့ဒီသဘောပါပဲ ...
မနေ့ပြောခဲ့တဲ့ Handheld GPS ရဲ့ Accuracy ဆိုတာ
လူ A လိုပဲ ဟိုရောက်ဒီရောက်ဖြစ်နေတာ ..
ညီတစ်ယောက်က ပြောတယ် 2 m - 5 m Accuracy
ပါလို့ပြောတယ်...
ဒီနေရာမှာ 2 m ဟိုနေရာမှာ 5 m ...
နောက်တစ်နေရာရောက်တော့ 3 m ဖြစ်နေရင်
ဘယ်လိုမှ အမှန်မရနိုင်ပါဘူး...
Precision ကိစ္စလည်း ဒီလိုပါပဲ ..
Reference ယူတဲ့ Known က မှားနေမယ် ...
Instrument က Error ရှိနေမယ်ဆိုရင် ...
တစ်နေရာမှာ အမှားတွေ သွားစုနေမယ်
ဆိုတဲ့သဘောပါပဲ ...
ဘယ်သူ့ ဘယ်သူ့ကိုမှ မဝေဘန်ပါဘူး ..
သတိပြုဆင်ခြင်ကြစေလို့တဲ့သဘောပါပဲ ..
ရွှင်လန်းချမ်းမြေ့ကြပါစေ ...
အောင်မိုး (မြေတိုင်း)
(၂၃-၁၀-၂၀၁၇)
Comments
Post a Comment