Definition of surveying

Definition of surveying. မြေတိုင်းပညာရပ် ဆိုသည်မှာ ကမာ္ဘပေါ်ရှိ သဘာဝအတိုင်း တည်ရှိသောအရာများ (natural features-soft detail) နှင့် လူတို့ဆောက်လုပ်ထားသော အရာများ (man-made features-hard detail) တို့၏တည်နေရာ (location)၊ အနေအထား (position)များကို သတ်မှတ်တိုင်း တိုင်းတာပေးရန် အတွက် ပြုစုတီထွင်ထားသော အသုံးချသိပ္ပံပညာတစ်ရပ်ဖြစ်သည်။ လက်တွေ့အသုံးချ သင်္ချာပညာရပ်နှင့် ပေါင်းစပ် ဖွဲ့သည်းထားသည်။ လားရာ၊ အကွာအဝေး၊ ထောင့်၊ တည်နေရာ၊ အနိမ့်အမြင့်၊ ဧရိယာ၊ ထုထည် စသည်တို့၏ အတိုင်းအတာတို့ကို ရယူပြီးသည့်နောက် ကွန်ပြူတာ ပေါ်တွင် သင်္ချာနည်းအရ မြေမျက်နှာပြင်၏ ဒီဂျစ်တယ်လ်မော်ဒယ်လ် (Digital Groung Model)အဖြစ်၎င်း၊ Profile, cross section, mapping အသီးသီး ဖော်ပြခြင်းအားဖြင့်၊ စီမံကိန်းများ ချမှတ်ရေးဆွဲရေး၊ ဒီဇိုင်းပုံစံများ စသည့် လုပ်ငန်းအရပ်ရပ်မှ အခြေခံလိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းပေးသော ပညာရပ်လည်းဖြစ်သည်။ The importance of the surveyin. မြေတိုင်း ပညာရပ်ကို အသုံးပြုခြင်းဖြင့် ခရီးဝေးသွား ရထားလမ်း (railroad)၊ အမြန်သွားကားလမ်းမ (highway)၊ ဆည်မြောင်းတာတမံ (dam/canals)၊ တံတား (bridge)၊ မြို့သစ်တည်ခြင်း (town complex)၊ ကိုယ်ပိုင်အိမ်ယာ(residentialarea)၊စသည်တို့ ဆောက်လုပ်ခြင်းတို့မှာ ဤမြေတိုင်းနည်းအရ ဆောင်ရွက်လေ့ရှိ သောလုပ်ငန်းရပ်များ ဖြစ်သည်။မြေတိုင်းရာတွင် ဆောင်ရွက်ရသော လုပ်ငန်းများကို (၁)ကွင်းဆင်းလုပ်ငန်း (field work)နှင့် (၂)ရုံးတွင်းလုပ်ငန်း(officework) ဟူ၍ခွဲခြားထားသည်။ ကွင်းဆင်းလုပ်ငန်းတွင် မြေတိုင်း စက်ကိရိယာ များအသုံးပြု၍ မြေတိုင်းထိမ်းမှတ်များ စိုက်ထူခြင်း၊ အသေးစိတ်တိုင်းတာခြင်း၊ တိုင်းရတန်ဖိုးများ၏ မှတ်တမ်း ပြုစုခြင်း။အရေးကြီးသော အချက်အလက်များကို ကွင်းဆင်း မှတ်တမ်းစာအုပ် (fieldbook)တွင် ရေးမှတ်ထားရ သည်။ရုံးတွင်းလုပ်ငန်းတွင် တိုင်းတာရရှိသော အချက်အလက်များပေါ်မူတည်၍ လိုအပ်သောဧရိယာတွက်ခြင်း၊ ထုထည်တွက်ခြင်း၊ မြေပုံထုတ်ခြင်း၊ လမ်းအူကြောင်းပုံဆွဲသားခြင်း၊ လမ်းဖြတ်ပိုင်းပုံဆွဲသားခြင်း၊ ဒီဇိုင်းပြုလုပ်ခြင်း။ တွက်ချက်ရေးဆွဲ ပုံထုတ်ရခြင်းဖြစ်သည်။ ပထမ-မြေပြင်ပေါ်မှအချက်အလက်များကို မြေပုံပေါ်သို့တင်ခြင်း (Field work to office work) ဒုတိယ-မြေပုံပေါ်မှအချက်အလက်များကို မြေပြင်ပေါ်သို့ချခြင်း (office work to field work) Types of surveying. အခြေခံအားဖြင့် ပေါ်လွင်အောင် (၂)မျိုးခွဲခြားနိုင်သည်။ Geodetic Surveying (G.P.S) ကမာ္ဘမြေကြီးအား လုံးသောပုံသဏ္ဍန်ဖြင့် သတ်မှတ်တိုင်းသည်။ တိကျမှုမြင့်မားရန် လိုအပ်သောလုပ်ငန်းများနှင့် ဧရိယာကြီးမားသော မြေတိုင်းကိစ္စရပ်များတွင်သာ အသုံးပြုသည်။ Plane surveying ကမာ္ဘမြေကြီးအား ပြားသောပုံသဏ္ဍန်ဖြင့် သတ်မှတ်တိုင်းသည်။ ဧရိယာသေးငယ်သော မြေတိုင်းကိစ္စရပ် များတွင်သာ အသုံးပြုသည်။ Credit to # MMA surveyor training course





Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း