CHAPTER-9
CHAPTER-9
Definations
Differential levelling : ရေချိန်တိုင်း ကိရိယာဖြစ်သော လယ်ဗယ် (level) နှင့်မီတာတိုင် (staff) တို့ကိုအသုံး
ပြု၍အမှတ်နှစ်ခု (သို့) နှစ်ခုထက်ပိုသောအမှတ်များ ကြားရှိ နိမ့်၊မြင့်ခြားနားချက်ကို မြေပြင်တလျှောက်အဆင့်ဆင့် တိုင်းတာခြင်းဖြစ်သည်။
Precise levelling : တိကျမှုအရေးကြီးသော အင်ဂျင်နီယာမြေတိုင်း လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အမှတ် နှစ်ခု (သို့) နှစ်ခုထက်ပိုသော အမှတ်များကြားရှိနိမ့်၊ မြင့်ခြားနားချက်ကိုတိုင်းတာ ရာတွင်အနုစိတ်တိုင်းတာရန်အ တွက်နိမ့်မြင့်တိကျမှန်ကန်မှုတန်ဖိုး (accuracy) ပဋ္ဌမတန်းစား (high orders)ရယူရန်အတွက် တိုင်းတာခြင်းဖြစ် သည်။
Level surface : ကမ္ဘာမြေဆွဲအားကြောင့် ချိန်သီးကြိုးနှင့်ရည်ညွှန်းသော ရေပြင်ညီမျဉ်းသည် ထောင့်မတ်ကျ အနေအထားတွင်ရှိသည်။တည်ငြိမ်လျက်ရှိသော ရေကန်တစ်ခု၏ မျက်နှာပြင်သည်လည်း level surface ဖြစ်သည်။
Level datum : မြေမျက်နှာပြင်များ၏ အမြင့်ကိုတိုင်းယူရန်အတွက် အမြင့်တန်ဖိုး သတ်မှတ်ထားခြင်း ဖြစ်သည်။
ပျမ်းမျှပင်လယ်ရေမျက်နှာပြင်တန်ဖိုး mean sea-level(MSL) သည်ထင်ရှားသော datum surface တစ်ခုဖြစ်သည်။
Assumed datum : အခြေခိုင်မာသော ထိန်းချုပ်ခုံပေါ်တွင် မြေမျက်နှာပြင်များ၏ အမြင့်ကိုတိုင်းယူရန်အတွက် အမြင့်တန်ဖိုးကို နေရာဒေသအလိုက် စိတ်ကူးဖြင့် သတ်မှတ်ပြီး တိုင်းတာခြင်းဖြစ်သည်။ လက်တွေ့မကျသော်လည်း construction survey တွင် (MSL) တန်ဖိုးကို assume datum (100.000m(or)0.000m) အဖြစ်ပြောင်းလဲသတ် မှတ်၍ တိုင်းတာမှုပြုကြသည်။
Reduced level : Datum surface မှအစပြု၍ ရရှိလာသော အမှတ်တစ်ခု၏ အမြင့်တန်ဖိုးဖြစ်သည်။
Benchmark (BM) : မြို့တစ်မြို့၏ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေကို တိုင်းတာသတ်မှတ်ပြီး ၎င်းမြို့၏ တည်နေရာ လောင်ဂျီတွဒ်၊ လတ္တီတွဒ် သတ်မှတ်ထားသော အမှတ်အသားဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျိုက်ခမီ ကမ်းခြေမှ စနစ်တကျတိုင်းတာပြီး တစ်နိုင်ငံလုံးသို့ level စက်ဖြင့်အမြင့်ပေကူးပြီး မြို့တစ်မြို့၏ အမြင့်ပေကို သတ် မှတ်ကြသည်။နိုင်ငံတကာတွင် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေကိုသိရှိရန် (low tide, middle tide, high tide) အချိန်သုံးခုကို နှစ်ပေါင်းများစွာ လေ့လာပြီးမှ သတ်မှတ်ကြသည်။
Set up : မြေမျက်နှာပြင်များ၏ တည်နေရာ၊ အနိမ့်အမြင့်တို့ကိုတိုင်းယူရန်အတွက် Station တစ်ခုချမှတ်ရာတွင် ပါရှိသော (Back sight, Fore sight)တန်ဖိုးများရယူရာတွင် အသုံးပြုခြင်းဖြစ်သည်။
Run : အမှတ်နှစ်ခု(သို့)နှစ်ခုထက်ပိုသော အမှတ်များ၏နိမ့်/မြင့်တန်ဖိုးကို တိုင်းတာရာတွင် ဦးတည်ရာလမ်း ကြောင်းပေါ်ရှိ ယာယီထိန်းချုပ်ခုံများ၏ တန်ဖိုးကိုမတူညီသောနေရာ၊ မတူညီသောအမြင့်မှနေ၍ ပြန်လည်တိုင်းတာ ပြီးချိန်ကိုက်စစ်ဆေးခြင်းဖြစ်သည်။
Close : နိမ့်မြင့်တိုင်းတာရာတွင် စမှတ်သို့ပြန်ပိတ်သောအခါတွင်၎င်း၊ အခြားထိမ်းချုပ်မှတ်တစ်ခုသို့ပိတ်သော အခါတွင်၎င်း၊လက်ခံနှိုင်သောရလာဒ်ရှိမရှိစစ်ဆေးရန်အတွက်လိုအပ်သောညှိနှိုင်းတွက်ချက်မှုကိုလုပ်ဆောင်ရန်လိုသည်။ စုပေါင်းနောက်ပြန်ကြည့်တန်ဖိုးနှင့် စုပေါင်းရှေ့ကြိုကြည့်တန်ဖိုး ခြားနားခြင်းသည် စုပေါင်းအမြင့်တန်ဖိုး နှင့် စုပေါင်းအနိမ့်တန်ဖိုး ခြားနားခြင်းနှင့် တူညီရမည်။
Height of Collimations :နိမ့်မြင့်တိုင်းတာရာတွင်လယ်ဗယ်မှရည်းညွှန်းရာဖြစ်သောကြက်ခြေခတ်သဏ္ဍန်
ဆံချည်မျှင်ပါသည့် ရေချိန်တပ်မှန်ပြောင်းဖြစ်၍ တည်ငြိမ်မှုရှိရန်သုံးခြောင်းထောက်ပေါ် တပ်ဆင်အသုံးပြုရသော ကိရိယာဖြစ်သည်။ ရေချိန်ညှိပြီးသောလယ်ဗယ်၏ ရေပြင်ညီလိုင်းသည် လက်ကိုင်ရေချိန်ဖြင့်ထိမ်း၍ မတ်မတ် ထောင်ထားသော မီတာတိုင်သို့ဖတ်ရှတိုင်းတာသည်။
Change points : ထိန်းချုပ်အမှတ်ပေါ်တွင် မီတာတိုင်ထောင်ကာ လယ်ဗယ်မရွှေ့မှီနှင့် ရွှေ့ပြီးလျင်ပြီးချင်း ဖတ်ရှု့ တိုင်းတာသည့် အမှတ်ဖြစ်သည်။တစ်နည်း ရှေ့ကြည့်အမှတ်တန်ဖိုးရယူရာတွင် ရှေ့ကြည့်တန်ဖိုးဖြစ်၍ လယ်ဗယ်ရွှေ့ ပြောင်းပြီးလျင် ထိုအမှတ်သည် နောက်ကြည့်အမှတ်တန်ဖိုးအဖြစ် ကူပြောင်းခြင်းကို ဆိုလိုသည်။
Equipment : တိကျမှုမြင့်မားရန်လိုအပ်သော လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ရေချိန်တပ်မှန်ပြောင်း၊ သုံး ချောင်းထောက်၊ မီတာတိုင်၊ မီတာတိုင်တည့်မတ်မှုရှိစေရန် တပ်ဆင်သုံးစွဲရသော စက်ဝိုင်းပုံရေချိန်တို့ တွဲဆက်အ သုံးပြုတိုင်းတာကြသည်။ ကိရိယာများကိုလည်း စံကိုက်စစ်ဆေးချက် တိုင်းယူပြီးမှသာ အသုံးပြုသည်။ ကိရိယာများ ထိခိုက်မှုမရှိစေရန် သယ်ဆောင်ရာတွင်လည်းကောင်း၊ ထုတ်ပိုးရာတွင်လည်းကောင်း၊ ရေစိုခံသော ခိုင်ခံသော အကာအကွယ်ရှိသော ပုံးများတွင် လှုပ်ရမ်းခြင်းမရှိပဲ သယ်ဆောင်ရမည်။
Levels : ရေချိန်တပ်မှန်ပြောင်းဖြစ်၍ တည်ငြိမ်မှုရှိရန်သုံးခြောင်းထောက်ပေါ် တပ်ဆင်အသုံးပြုရသော ကိရိယာ ဖြစ်သည်။ ရေချိန်ညှိပြီးသောလယ်ဗယ်၏ ရေပြင်ညီလိုင်းသည် မတ်မတ်ထောင်ထားသော မီတာတိုင်သို့ဖတ်ရှ့ တိုင်းတာသည်။ ရေပြင်ညီတလျောက် 360° လှည့်လည်တိုင်းတာနိုင်သည်။ အခြေခံအားဖြင့် လယ်ဗယ်ကိရိယာ အမျိုးအစား(၃)မျိုးခွဲခြားသည်။
Running a line of levels
ထိန်းချုပ်အမှတ် BM-A မှထိန်းချုပ်အမှတ် BM-Kသို့နိမ့်မြင့်ခြားနားခြင်း တိုင်းတာရန်အတွက် သုံးချောင်းထောက် (tripod)ပေါ်၌တပ်ဆင်ထားသော လယ်ဗယ်၊ မီတာတိုင်နှင့် အောက်ခံသံပြားတို့သာလိုသည်။ တိုင်းတာနည်းအ ဆင့်ဆင့်မှာ-
(၁) ရှေးဦးစွာမီတာတိုင်ကိုနိမ့်မြင့်ထိမ်းချုပ်မှတ် (BM-A) တွင်ထား၍သင့်လျော်သောအကွာအဝေးရှိခိုင်မာသည့် မြေ၌ထောင်ထားသောလယ်ဗယ်မှ နောက်ပြန်ကြည့်တန်ဖိုး (BS=back sight) ဖတ်ပြီးမှတ်စုတွင်ရေးသွင်းသည်။
(၂) မီတာတိုင်ကိုလမ်းကြောင်းတလျှောက် ပြန်ကြည့်သောအကွာအဝေး နှင့်ခန့်မှန်းခြေတူသော နေရာတွင်လှည့် ပြောင်းမှတ် (turning point) အဖြစ်အောက်ခံသံပြားပေါ်တွင်မီတာတိုင်အားရှေ့ကြိုကြည့်တန်ဖိုး(FS=fore sight) အဖြစ်ဖတ်သည်။
အခြေခံအားဖြင့်နိမ့်မြင့်ကို (level) ကိရိယာဖြင့်ရယူသောရေပြင်ညီလိုင်း (line of sight) ဖြင့်အမှတ်နှစ်ခုကြားရှိမတ် ရပ်အကွာအဝေးကို မီတာတိုင် (meter staff) ဖြင့်ဖတ်ခြင်းအားဖြင့် H.I တန်ဖိုးရရှိပြီး ထိန်းချုပ်အမှတ် BM-K သို့ ဆင့်ကဲတိုင်းယူခြင်းဖြစ်သည်။
Closing the level loop
နိမ့်မြင့်ထိမ်းချုပ် ကွန်ယက်ပိတ်အမှားကို ညှိနှိုင်းရန်လယ်ဗယ် ကွန်ယက်တစ်ခုသည် စမှတ်သို့ပြန်ပိတ်သောအခါ တွင်၎င်း၊ အခြားထိမ်းမှတ်တစ်ခုသို့ပိတ်သောအခါတွင်၎င်း၊ လက်ခံနှိုင်သောရလာဒ်ရှိမရှိစစ်ဆေး၍၊ ကွန်ယက်ပိတ် ကိုပြန်လည်ချိန်ကိုက်ရန်အတွက် နောက်ပြန်ကြည့်တန်ဖိုး(B.S) နှင့်ရှေ့ကြိုကြည့်တန်ဖိုး(F.S) တို့အားလုံးစုပေါင်း ရသောတန်ဖိုးများထဲမှ (B.Sနှင့်F.S)တို့၏ ခြားနားခြင်းကိုရှာရမည်။ အက္ခရာသင်္ချာနည်းအရ စမှတ်နိမ့်မြင့်တန်ဖိုးနှင့် ဆုံးမှတ်နိမ့်မြင့်တန်ဖိုး ခြားနားခြင်းကို တွက်ထုတ်၍ ၎င်းတန်ဖိုးနှစ်ခု ထပ်တူညီရမည်ဖြစ်သည်။
Instrumental errors
ယေဘုယျအားဖြင့် instrument error သည်ရေချိန်အောက်ခြင်း၊ မ၀င်ခြင်းကြောင့်ဖြစ်သည်။ စက်ဝိုင်းပုံအတွင်းရှိ ရေချိန်သည် ဗဟိုအနေအထားတွင်တည်ရှိမနေပါက မှန်ပြောင်းသည် ရေပြင်ညီနှင့်ဆန့်ကျင်၍ အပေါ်သို့ထောင်နေ ခြင်းသို့မဟုတ် အောက်သို့ငိုက်နေခြင်းကြောင့် အမှားဖြစ်စေနိုင်သည်။ ထိုသို့သောအမှားမျိုး မဖြစ်ပေါ်စေရန် ရေချိန် ကိုဂရုစိုက်ထည့်သွင်း၍ တိုင်းတာရာတွင်လည်း ကိရိယာသည် နောက်ပြန်ကြည့်တန်ဖိုး(B.S) နှင့်ရှေ့ကြိုကြည့်တန် ဖိုး(F.S)တို့ မျှချေတူညီမှုရှိသော နေရာတွင်သာ အသုံးပြုတိုင်းတာသင့်သည်။ Station နှင့် နောက်ပြန်ကြည့်တန်ဖိုး (B.S) နှင့်ရှေ့ကြိုကြည့်တန်ဖိုး(F.S) ကြားအကွာအဝေးသည် ပေ၁၀၀ အတွင်းသာရှိရမည်။ တစ်ဖက်တစ်ချက်ကြား ပေ၁၅၀ အကွာအဝေးအတွင်းသာ တိုင်းတာအသုံးပြုသင့်သည်။
Comments
Post a Comment