CHAPTER-7
CHAPTER-7
Definition of a traverse
တိကျမှုလိုအပ်သော မြေတိုင်းလုပ်ငန်းများတွင် ကွင်းဆင်းတိုင်းတာမည့် ဧရိယာကို ခြုံငုံမိစေရန်အတွက် ဖြတ်သန်း တိုင်းတာမည့် လမ်းကြောင်းပေါ်ရှိ ထိန်းချုပ်အမှတ်များ၏ တန်ဖိုးများကိုတိုင်းတာရာတွင် တိကျမှုရှိစေရန်လုပ် ဆောင်ခြင်းဖြစ်သည်။
Purpose of a traverse
ဧရိယာကြီးမားသော၊ သစ်တောထူထပ်သော၊ မြေပြင်အနေအထားကြမ်းသော နေရာများတွင် G.P.S အတတ် ပညာဖြင့် အစားထိုးသုံးစွဲ လာပြီဖြစ်သော်လည်း ဧရိယာသေးငယ်သော နေရာများတွင် traverse ကိုသာအားပြု သုံးစွဲနေရသည်။ ရည်ရွယ်ချက်မှာ နိမ့်မြင့်ပြောင်းလဲမှု များသောမျက်နှာပြင်၊ တိကျမှုပိုမိုလိုအပ်သည့် လုပ်ငန်းများ အတွက်ထားရှိသော ထိန်းချုပ်မှတ် များတိကျမှန်ကန်မှုရှိစေရန်အတွက် ထိန်းချုပ်မှတ်ကွန်ယက်များကို ချမှတ်တိုင်း ယူခြင်းဖြစ်သည်။
Types of traverses
မြေတိုင်းလုပ်ငန်းများတွင် ကွင်းပြင်တစ်ခု(သို့) အကျယ်အဝန်းရှိသော လုပ်ငန်းခွင်များအတွက် စတင်ထွက်ခွါသော အမှတ်သို့ ပြန်ပိတ်သောထြာဗတ် (closed loop traverse)မျိုးကို သုံးလေ့ရှိသောကြောင့် တိကျမှုအားကောင်း သည်။ ကားလမ်း၊ ရထားလမ်း၊ မြစ်ကြောင်း စသည်တို့ တိုင်းတာဖေါက်လုပ်ရန်အတွက်မူ တိုင်းတာမှုဧရိယာဆုံး လျှင်ရပ်သွားသော ဆက်သွယ်ထြာဗတ် (open-ended traverse) အဖွင့်သွားနည်းမျိုးကို သုံးလေ့ရှိ ကြသည်။
Procedure for running a traverse
ထြာဗတ်ကွန်ယက်တစ်ခုတိုင်းရာတွင် သုံးချောင်းထောက်ပေါ်တွင် (theodolite or totalstation) instrument၏ ဗဟိုဝင်ရိုးနှင့်ထိန်းချုပ်အမှတ် တစ်ထပ်တည်းကျအောင် တပ်ဆင်ရမည်။ ကွန်ယက်၏ မြောက်မှလှည့်သောအနေ အထား (true,magnetic,grid,arbitrary) ကိုတည်နေရာသိပြီးသော ထိမ်းချုပ်မှတ်မှ စတင်တိုင်းတာရန်လိုသည်။
ထိမ်းချုပ်မှတ်တစ်ခုသာ ရနှိုင်ပါကထိုအမှတ်မှ မြင်နှိုင်သောရည်ညွှန်းမှတ် (RO=reference object) တစ်ခုယူ၍ အကြမ်းအားဖြင့် သံလိုက်အိမ်မြောင်ဖြင့် (bearing)တိုင်းတာခြင်းဖြင့် (azimuth)တိုင်းယူ၍၎င်း၊ (initial bearing) အဖြစ်တိုင်းတာသွားရန်ဖြစ်သည်။ထိမ်းချုပ်အမှတ်များအကြားဆက်သွယ်သော အကွာအဝေးများကိုအနည်းဆုံးနှစ် ကြိမ်တိုင်းရန်ဖြစ်သည်။Point number များကိုခွဲခြားသတ်မှတ်ခြင်းဖြင့် station နှင့် natural features များကို ခွဲခြား နိင်သည်။
ဥပမာ- station point no (01 to 100)
Natural features no (100 to 1000)
Layout no (or) chain link (1000 to ……)
Calculating coordinates for traverse
ထြာဗတ်တစ်ခု၏ ကိုသြဒီနိတ်များကို တွက်ချက်ရန်အတွက် ထိန်းချုပ်အမှတ်များ၏ အကွာအဝေးနှင့် လားရာများ ကိုဦးစွာ တိုင်းတာသိရှိရမည်။ ကွင်းဆင်းတိုင်းတာရာတွင် အကွာအဝေးတန်ဖိုးများသည် မြေပြင်ပေါ်တွင်တိုင်းတာ စစ်ဆေးနိုင်သော်လည်း လားရာထောင့်တန်ဖိုးများကို office work အဖြစ်သာတွက်ချက်စစ်ဆေးကြသည်။တိုင်း တာရရှိလာသည့် လားရာများကို bearing,azimuths ခွဲခြားနိုင်ရန် ကွင်းဆင်းသည့်အခါတွင် ထြာဗတ်၏အကွာ အဝေးနှင့်လားရာများကို မှတ်စုရေးသွင်းကြသည်။ မှတ်စုရေးသွင်းရာတွင်လည်း တိုင်းရတန်ဖိုးများမှ Point no, B.S, Sta, F.S, I.H, H.A(Azimuth), V.A, U.H, M.H, L.H,…တိုင်းရတန်ဖိုးများရေးသွင်း၍ S.D, H.D, V.D, D.E, ΔE, ΔN, Easting, Northing, Elevation တန်ဖိုးများကို office work အဖြစ်တွက်ချက်ကြသည်။
S.D = (U.H-L.H)*100
H.D = S.D*COS²(V.A)
V.D = H.D*TAN(V.A)
D.E = V.D+(I.H-M.H)
ΔE = H.D*SIN(H.A)
ΔN = H.D*COS(H.A)
Easting = ΔE+E(Sta)
Northing=ΔN+N(Sta)
Elevation=D.E+Elev(Sta)
Precision of the traverse
ထြာဗတ်စ်ကွန်ယက်ချ တိုင်းတာတွက်ချက်ရာတွင် ကွင်းမှတ်တမ်းများမှ တိုင်းရအချက်အလက်များကို လက်ခံရန် သင့်မသင့် စစ်ဆေးခြင်းနှင့် လက်ခံနှိုင်ပါက စံနစ်တကျတွက်ချက် ညှိနှိုင်းခြင်းတို့မှာ မြေတိုင်းဆိုင်ရာ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ EDMပေါ်လာပြီးနောက်ပိုင်းတွင် အသုံးအများဆုံးသော ထိမ်းချုပ်မှတ်တိုင်းနည်းစံနစ်မှာ တြာဗတ် ကွန်ယက်ချ တိုင်းတာနည်းဖြစ်၍ လုပ်ငန်းတွင်ကျယ်မှုကို ဦးစားပေး၍ အဆင်ပြေရာလမ်းကြောင်းတလျှောက်ထိမ်း ချုပ်မှတ်များကို လွယ်ကူစွာရှေ့ပြေးကွင်းဆင်း၍ ချမှတ်ထားပြီ့း ထောင့်တိုင်းခြင်း၊ အကွာအဝေးတိုင်းခြင်း၊ တို့ကို totalstationဖြင့် နှစ်မျိုးစလုံး တခါထည်းတိုင်းယူခြင်းအားဖြင့် ရှည်သောလမ်းကြောင်းများဘယ်ရင်တိမ်းစောင်းမှု ဆိုင်ရာအမှားများ ဖြစ်နှိုင်ခြေနည်းပါးသည်။
(၁) ထြာဗတ်စ်ဖွဲ့၍အနားနှင့်ထောင့်များအားလုံးကိုတိုင်းခြင်း၊(traversing)
(၂) တြိဂံဖွဲ့၍အခြေခံအနား၊ ထောင့်များ၊ နှင့်စကေးထိမ်းချုပ်အနားတို့ကိုတိုင်းခြင်း၊(triangulation)
(၃) တြိဂံဖွဲ့၍အနားအားလုံးနှင့် ထောင့်အားလုံးကိုတိုင်းခြင်း၊(trilateration)
(၄) အခြေခံအနား၌ခံဆောင်သော ထောင့်၂ခုတိုင်းခြင်း၊(intersection)
(၅) ရှိပြီးထိမ်းချုပ်မှတ်သုံးခု၌ခံသော ထောင့်၃ခုတိုင်းခြင်း၊(resection)
စံနစ်များဖြင့် တိုင်းတာနိုင်သည်။ တိုင်းရအချက်အလက်များကို microsoft excel တွင်ပုံသေနည်းများဖြင့်ပရိုဂရမ် ငယ်ရေး၍ ထြာဗတ်စ်တွက်ချက် ညှိနှိုင်းခြင်း ကွင်းဆင်းအချက်အလက်များကို တွက်ချက်ညှိနှိုင်းနိုင်သည်။
Balancing a traverse by Compass Rule
စမှတ်၌ပြန်ပိတ်သော ထြာဗတ်ကိုတွက်ချက်ညှိနှိုင်းရာတွင် နာရီလက်တံပြောင်းပြန် (သို့) နာရီလက်တံအတိုင်း တိုင်းသောထြာဗတ်အတွက် ထိမ်းမှတ်များ၏ စထွက်ကိုသြဒီနိတ်နှင့်ပြန်ပိတ်သော ကိုသြဒီနိတ်တန်ဖိုးဖြင့် နှိုင်းယဉ် ခြင်းဖြင့် ကွင်းပိတ်ကိုသြဒီနိတ်အမှားကို ရှာယူနိုင်သည်။ ရှာရသောအမှားမှာ စုပေါင်းကိုသြဒီနိတ်အမှားဖြစ်၍စုမိ ဖြန့်ဝေနည်းအရ ညှိနှိုင်းပြီးအမှတ်သစ်တစ်ခုစီ၏ ကိုသြဒီနိတ်များကို အဆုံးသတ်ရလဒ်အနေဖြင့်တွက်ယူသည်။
အမှတ်အသစ်ကိုသြဒီနိတ်များကို အောက်ပါပုံသေနည်းများ အစားသွင်း၍ တွက်ယူကြသည်။
(၁)ထြာဗတ်စ်တစ်ခုအတွင်းရှိထိန်းချုပ်မှတ်တစ်ခုခြင်းစီ၏ရေပြင်ညီအကွာအဝေးများစုပေါင်းခြင်း(Total distance)
(၂)စမှတ်၌ပြန်ပိတ်သော ထိန်းချုပ်မှတ်များ၏ Easting,Northing ကွာဟချက်ကိုသိရှိရန် ကွင်းပိတ်ကိုသြဒီနိတ်မှ စထွက်ကိုသြဒီနိတ် ခြားနားချက်ကို နှုတ်ပေးခြင်း Total error (L.P – B.M)
(၃)ထိန်းချုပ်အမှတ်တစ်ခုခြင်းစီ၏ Easting,Northing ခြားနားခြင်း(ΔE,ΔN) တို့ကို စုပေါင်းခြင်း (Total departure (ΔE) and Total lattitude (ΔN))
(၄)ထိန်းချုပ်မှတ်တစ်ခုခြင်းစီ၏Easting,Northingကိုယ်စားအမှားဖြည့်သွင်းရန်အတွက်လိုင်းတစ်လိုင်းစီ၏အကွာအဝေးကိုတည်၍ စုစုပေါင်းအကွာအဝေးဖြင့်စားပြီး အမှားချေရန်အတွက် လက္ခဏာပြောင်းထားသော Total error ΔE,ΔNတန်ဖိုးဖြင့်မြှောက်ရမည်။(Correction Factor = line by line distance / Total distance x Total error)
(၅)အမှတ်တစ်ခုစီ၏ကိုသြဒီနိတ်တန်ဖိုးများကိုအဆုံးသတ်ရလဒ်အနေဖြင့်တွက်ယူရန်အတွက် Easting, Northing
ခြားနားခြင်းတန်ဖိုး၊Easting,Northingကိုယ်စားအမှားတန်ဖိုး၊ သက်ဆိုင်ရာထိန်းချုပ်အမှတ်၏ Easting, Northing တန်ဖိုးများကို စုပေါင်းပေးရသည်။(Adjusted E = ΔE + Ecor + E sta) , (Adjusted N = ΔN + Ncor + N sta)
အတွင်းထောင့်များ ပေါင်းခြင်းကိုသော်၎င်း၊ အပြင်ထောင့်များပေါင်းခြင်းကိုသော်၎င်း၊ ဂျီသြော်မေထြီအရတွက်ရ ထောင့်ပေါင်းရတန်ဖိုးကို ခွင့်ပြုနှိုင်သော ထောင့်အမှားတန်ဖိုးဖြင့်နှိုင်း ယှဉ်ပြီးရရှိသည့် ကွန်ယက်ပိတ်ထောင့်အမှား (angular misclosure-W) ကိုတွက်ချက်သည်။
တြိဂံထောင့်အားလုံးပေါင်းခြင်း = 180°
စတုဂံထောင့်အားလုံးပေါင်းခြင်း = 360°
ပဉ္စဂံထောင့်အားလုံးပေါင်းခြင်း = 540°
ဆဋ္ဌဂံထောင့်အားလုံးပေါင်းခြင်း = 720°
ခွင့်ပြုနှိုင်သောတန်ဖိုးထက်ကျော်လွန်ခြင်းမရှိလျှင်အညီအမျှခွဲဝေသောစံနစ်အရထောင့်များကိုပြင်ဆင်သည်။
အတွင်းထောင့်များပေါင်းရတန်ဖိုး = (2n – 4) x 90°
အပြင်ထောင့်များပေါင်းရတန်ဖိုး = (2n + 4) x 90°
Comments
Post a Comment