Brunton Compass

Brunton Compass

============

Geological structure ​တွေရဲ့ orientation ​တွေကို တိုင်းတာတဲ့အခါ အများအားဖြင့်​ brunton compass ကို သုံးကြပါတယ်​။ structure ဆိုတာ တနည်းအားဖြင့်​ deformation လို့ မှတ်​နိုင်​ပါတယ်​။ Fault plane ၊ bedding plane ၊ joint plane စသဖြင့်​ ဘာ plane ​ကိုပဲ တိုင်းတို​င်း compass လိုပါတယ်​။  သူ့မှာပါတဲ့ အစိတ်​အပိုင်း​သေးစိတ်​​ကို ပုံမှာကြည့်​နိုင်​ပါတယ်​။  ဥပမာ bedding plane တခုကို တိုင်းတဲ့အခါ ကိုယ်​တိုင်းတာခြင်​တဲ့ plane ရဲ့ bearing နဲ့ inclination တနည်းအားဖြင့်​ strike and dip ကို တိုင်းရပါမယ်​။ Strike ဆိုတာ horizontal line တခုရဲ့ bearing ပါပဲ။ dip ဆိုတာ surface of the slope သို့မဟုတ်​  တိမ်း​စောင်း​နေတဲ့ ​ကျောက်​လွှာပြင်​ တခုရဲ့ inclination ကို​ပြောတာ။ horizontal plane  ဖြစ်​​နေမယ်​ ဆိုရင်​​တော့ ဘာ strike မှမရှိဘူး။


Brunton compass ကိုဖွင့်​လိုက်​ရင်​ ​မြောက်​အရပ်​ကိုညွန်ြ​ပ​နေတဲ့ compass needle ​လေးကို​တွေ့ရမယ်​။ အများအားဖြင့်​ အဖြူ​ရောင်​​လေးနဲ့ပြတယ်​။ Bearing ဖတ်​ဖို့အတွက်​ bull's eye bubble အ၀ိုင်း​လေးကို ကြည့်​ရတယ်​။ ပြီး​တော့ bubble ​လေးကို စက်​၀ိုင်း​လေးအလယ်​မှာဝင်​​နေ​အောင်​ ချိန်​ပြီးမှ ဖတ်​ရပါမယ်​။  Vertical angle သို့မဟုတ်​ dip amount ဖတ်​ဖို့အတွက်​ tube bubble ကို ကြည့်​ရပါမယ်​။ bubble ​လေးကို လိုင်း​လေး ​ပေါ်​ရောက်​​အောင်​ချိန်​ပြီးမှ ဖတ်​ရပါတယ်​။ compass ရဲ့ မျက်​နှာပြင်​မှာ azimuth reading အတွက်​360° graduated circle နဲ့ အတွင်း ဘက်​​ အောက်​​ခြေမှာ dip amount ဖတ်​ဖို့အတွက်​ 90° dip circle ဆိုပြီး circle နှစ်​ခုပါပါတယ်​။ azimuth scale နဲ့ quadrant scale ကြည့်​လို့ရ​အောင်​ ဒီဇိုင်း ဆွဲထားတာပါ။


Azimuth က 0 - 360°၊ quadrant က NE SE SW NW ဆိုပြီး quadrant  ​လေးပိုင်းရှိတယ်​။ compass needle ​လေးက အမြဲတမ်း ​မြောက်​အရပ်​ကိုသာ ညွန်​ပြ​လေ့ရှိတာမို့ ကိုယ်​မျက်​နှာမူရာ အရပ်​ အမျိုးမျိုး​ပြောင်းလဲ​နေပါ​စေ compass needle ​လေးက အမြဲ​မြောက်​အရပ်​ကိုသာ ညွန်​ပြ​နေမှာပါ။ compass ကိုကိုင်​ပြီး လက်​ထဲမှာ တပတ်​ပြည့်​​အောင်​ 360° လှည့်​ပြီး needle ကိုကြည့်​​နေလိုက်​ပါ မ​ပြောင်းလဲတာကို​တွေ့ရပါမယ်​။ ​တောထဲမှာ လက်​ရှိ မျက်​နှာမူရာအရပ်​ကို ရှာ​ဖွေတဲ့အခါ arm ကို မိမိမျက်​နှာမူရာအရပ်​ကို ထိုးပြီး  north compass needle ​လေး ညွန်းပြ​နေတဲ့ 360° graduated circle က azimuth degree ကို ဖတ်​ကြည့်​လိုက်​ပါ။ ဥပမာ ဖတ်​လိုက်​လို့ 45° ရရင်​ NE ၊ အ​ရှေ့​မြောက်​အရပ်​ကို မျက်​နှာမူ​နေ​ကြောင်း သိနိုင်​ပါတယ်​။ Azimuth 0-360° နဲ့ မဖတ်​ပဲ quadrant နဲ့ ဖတ်​ချင်​ရင်​ brunton compass ရဲ့ အတွင်းဘက်​ ​အောက်​​ခြေမှာ N, E, S, W  ဆိုပြီး​ အမှတ်​အသား​တွေ ရှိပါတယ်​။ ဥပမာ ​နေထွက်​ရာ အရပ်​ကို မျက်​နှာမူပြီး North compass needle ​လေးညွန်​ပြရာကို ​​အောက်​က N, E, S, W နဲ့ တွဲကြည့်​လိုက်​ပါ။ North compass needle က  အောက်​က E (east) နဲ့ တတန်းထဲကျ​နေတာကို​တွေ့ရမှာပါ။ 360° graduated circle က azimuth degree ကိုဖတ်​ကြည့်​ရင်​လဲ 90° ကိုညွန်​ပြ​နေတာ​တွေ့ရပါမယ်​။ အလားတူပဲ အ​ရှေ့​မြောက်​အရပ်​ကို မျက်​နှာမူပြီးဖတ်​ကြည့်​ရင်​  North compass needle က N နဲ့ E ကြားမှာ ညွန်းပြ​နေပါမယ်​။ 


azimuth သို့မဟုတ်​ quadrant ကြိုက်​ရာနည်းနဲ့ ဖတ်​နိုင်​ပါတယ်​။  quadrant မှာ angle ယူတဲ့အခါ North ၊ South 0° က​နေစပြီး East သို့မဟုတ်​ West ထိ အသီးသီး 90° ထားယူရပါမယ်​။ azimuth နဲ့ quadrant ကြိုက်​ရာ ဖတ်​လို့ရပါတယ်​။ Stereographic projection မှာ data plot လုပ်​တဲ့အခါမှာ​တော့ azimuthal notation ကပို​သင့်​​တော်​ပါတယ်​။  


dip and strike တိုင်းပုံတိုင်းနည်း နဲ့ digital compass-clinometer အ​ကြောင်းဆက်​​ရေးပါမယ်​။

Credit#kaung Si Thu


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း