မြေတိုင်းလုပ်ငန်း/မြေတိုင်းပညာရပ်ဆိုတာကလည်း

မြေတိုင်းလုပ်ငန်း/မြေတိုင်းပညာရပ်ဆိုတာကလည်း

အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုပါပဲ။ 



မြေတိုင်းလုပ်ငန်းလုပ်ဖို့အတွက် အခြေခံအားဖြင့်

သချၤာအခြေခံရှိရပါ့မယ်။ သချၤာတတ်မှ အကွာအဝေး၊

ထောင့်၊ ဧရိယာ စတာတွေကို တွက်ချက်နိုင်မှာ

ဖြစ်ပါတယ်။ တြီဂိုကိုလည်း နားလည်ရပါမယ်။

တြီဂိုအချိုး(၆)မျိုး ပိုင်နိုင်ရမှာဖြစ်သလို Sine Rule,

Cosine Rule တို့ကိုလည်း နားလည်ရပါ့မယ်။

ပိုက်သာဂိုးရပ်သီအိုရမ်ကတော့ လုံးဝလက်လွှတ်လို့

မရတဲ့ အချက်တွေထဲက တစ်ခုပါပဲ။



နောက်တစ်ဆင့်တက်ရင် Equator, Small Circle,

Great Circle, Meridian, Longitude, Latitude

ဆိုတာတွေလည်းနားလည်ရပါ့မယ်။



ဒီအခြေခံတွေသိပြီဆိုရင်တော့ လက်တွေ့တိုင်းတာ

မှုက အဓိကအခန်းကဏ္႑တစ်ရပ်ဖြစ်ပါတယ်။ အကွာ

အဝေးတိုင်းတဲ့အခါ လိုက်နာရမည့် စည်းကမ်းချက်

များရှိသလိုပဲ ထောင့်တိုင်းတဲ့အခါ အနိမ့်အမြင့်တိုင်း

တဲ့အခါတွေမှာလည်း လိုက်နာရမည့်စည်းကမ်းတွေ

ကို သီအိုရီ လက်တွေ့တွဲပြီး အသုံးချတတ်ဖို့လိုပါတယ်။



အသိပညာ၊ အတတ်ပညာဆိုပြီး ရှိတဲ့အထဲမှာ မြေတိုင်း

ပညာက အသိပညာလည်းဟုတ်သလို အတတ်ပညာ

လည်းဟုတ်ပါတယ်။



ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အရာရာတိုင်း

မှာ Manual ကနေ Digital ပြောင်းလဲ အသုံးချလာ

လို့ Computer အခြေခံကလည်း လုံးဝ မသိမဖြစ်

မတတ်မဖြစ်ပါပဲ။ Computer အခြေခံကမှတစ်ဆင့်

ပုံထုတ်တဲ့ Software တွေ တွက်ချက်မှု Software

တွေကလည်း တတ်ထားရမှာဖြစ်ပါတယ်။



ဒါတွေသိထားပြီးတော့ မြေပြင်လက္ခဏာအခြေအနေ၊

တော တောင် မြစ် ချောင်း တည်နေရာအနေအထား

ဆိုလိုတာက တောင် မြောက် အရှေ့ အနောက်ရပ်

တည်ရာတွေကလည်း သိဖို့လိုအပ်ပါတယ်။ ဒီနေရာ

မှာတော့ Google Earth တွေ Google Map တွေက

လွယ်လင့်တကူကြည့်နိုင်လာပြီဖြစ်လို့ တော်တော်လေး

လွယ်ကူသွားပါပြီ။ တချိန်တုံးဆီကတော့ သံလိုက်

အိမ်မြှောင်ကို ကိုယ်နဲ့မကွာဆောင်ထားရပါတယ်။



ဒါက မြေပုံထုတ်ဖို့ မြေတိုင်းတာပဲ ရှိပါသေးတယ်။

Engineering Survey, Hydro Survey, Aerial

Survey စတဲ့လိုင်းခွဲတွေကလည်း အများကြီးရှိနေ

တာဖြစ်လို့၊ ကိုယ်လုပ်တဲ့ လုပ်ငန်းရပ်အပေါ်မှာ

ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခြင်းကလည်း

အသက်မွေးဝမ်းကြောင်းပညာကို ပီပီပြင်ပြင်

အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။



တခြားသော နိုင်ငံတွေမှာတော့ Survey University,

Survey Institute စတာတွေဖွင့်လှစ်ပြီးတော့ 

Diploma, Master Degree ဘွဲ့တွေပေးနေကြပေ

မယ့် မြန်မာနိုင်ငံမှာတော့ အဲ့ဒီလောက်အထိ ပေးနိုင်

တဲ့ အခြေအနေမရှိသေးပါဘူး။ လောလောဆယ်

အခြေအနေမှာ မြေတိုင်းဦးစီးဌာနက မြေတိုင်းကျောင်း

နဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းက ဖွင့်တဲ့

သင်တန်းကျောင်းတို့ ရှိပေမယ့် ပြင်ပပုဂ္ဂိုလ်တွေကို

တော့ ပို့ချနိုင်ခြင်း မရှိသေးပါဘူး။ ဒါကလည်းတိုင်း

ပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရဖြစ်လာမှာပဲ

ဖြစ်ပါတယ်။



ပြင်ပပုဂ္ဂိုလ်တွေအတွက်ကတော့ ပုဂ္ဂလိကကုမ္ပဏီ

တွေကပဲ သင်တန်းတွေပို့ချပြီး မြေတိုင်းလုပ်ငန်းများ

ဆောင်ရွက်နေကြတာတွေအများကြီးပါပဲ။



ပညာရပ်တွေအနေနဲ့ သူသာတယ် ငါသာတယ်ဆိုတာ

ပြောလို့မရပါဘူး။ အသက်မွေးဝမ်းကြောင်းပညာဖြစ်

လို့ စိတ်ဝင်စားပြီး လေ့လာရင်လေ့လာသလို၊ လက်

တွေ့လုပ်ငန်းများများဆောင်ရွက်ရရင် ဆောင်ရွက်ရ

သလို ကျွမ်းကျင်မှုအလိုက် အရည်အချင်းပြည့်မှီလာ

ကြမှာပဲဖြစ်ပါကြောင်း။



ရွှင်လန်းချမ်းမြေ့ကြပါစေ..

အောင်မိုး(မြေတိုင်း)

(၂၃-၆-၂၀၁၇)







Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း