ကောင်းကင်မြေတိုင်

ကောင်းကင်မြေတိုင်းတဲ့...

ကောင်းကင်ပေါ်တက်ပြီး မြေတိုင်းသယောင်...

မြေတိုင်းကို စတင်ဝင်ရောက်တဲ့ အချိန်အထိ

ကိုယ်တွေလည်း ရှင်းရှင်းလင်းလင်း နားမလည်ခဲ့...


သိချင်တဲ့စိတ်ကို တားမရတာနဲ့...

ကောင်းကင်မြေတိုင်းဆိုတာ ဘာလုပ်တာလဲ

မေးမိပါတယ်... 


Aerial Photography, Aerial Photograph

စတာတွေနဲ့ ရှင်းပြတော့မှပဲ နည်းနည်းရှင်းသွား

ပါတယ်...


အကျဉ်းအားဖြင့်တော့ ကောင်းကင်မြေတိုင်းဆိုတာ

လေယာဉ်နဲ့ ကောင်းကင်ကနေ မြေပြင်ကို ဓာတ်ပုံ

ရိုက်ယူတာဖြစ်ပါတယ်... ရတဲ့ ဓာတ်ပုံတွေကို ကောင်း

ကင်ဓာတ်ပုံလို့ ခေါ်ပါတယ်... အဲ့ဒီ ကောင်းကင်ဓာတ်ပုံ

တွေကမှတစ်ဆင့် မြေပုံရေးဆွဲ ထုတ်လုပ်တာဖြစ်ပါ

တယ်... 


Geography Department မှာတော့ ကောင်းကင်

ဓာတ်ပုံ ရိုက်နည်းကို ထည့်သွင်းပြဌာန်းထားတာကို

လေ့လာဖူးပါတယ်... Photo scale, Flying Height

စတာတွေနဲ့ Flight Plan Software ကို အသုံးပြု

ပါတယ်... ခေတ်မီတိုးတက်လာမှုနဲ့အညီ ကောင်းကင်

ဓာတ်ပုံရိုက်ကူးရာမှာလည်း Auto Navigation

System တို့  Auto Pilot တို့ကိုလည်း ထည့်သွင်း

အသုံးပြုလာကြပါတယ်...


အောက်မှာတော့ ကောင်းကင်ဓာတ်ပုံရိုက်ကူးတဲ့ 

လေယာဉ် (Cessna Citation II) နဲ့ ကောင်းကင်

ဓာတ်ပုံ ရိုက်တဲ့ ကင်မရာ (UltraCam Eagle 80)

တို့ကို မြင်ဘူးအောင် တင်ပေးလိုက်ပါတယ်...

((ကင်မရာက ထွက်လာတဲ့ ကောင်းကင်ဓာတ်ပုံ

အရည်အသွေးကိုပါ လေ့လာနိုင်ပါတယ်...)


ရွှင်လန်းချမ်းမြေ့ကြပါစေ...

အောင်မိုး(မြေတိုင်း)

(၃-၁-၂၀၁၇)


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

Map Projection မြေပုံ ပုံရိပ်ချခြင်း