Bearing,Distance & Coordinate

Bearing,Distance & Coordinate 

=======================

Traverse Adjustment (Loop Type)

=========================

   ဒီ post လေးကို ကျနော့်လို Survey ပညာကို လေ့လာစ Surveyor ပေါက်စ Surveyor ညီအကိုများ အတွက် ရည်ရွယ်ပြီးတော့ တင်လိုက်ရခြင်းဖြစ်ပါတယ်။

      အစပထမဆုံးအနေနဲ့ ကျနော်တို့ဟာ Traverse(Loop Type) ပတ်ဖို့အတွက် Known Pt, (2)ခုလိုအပ်ပါတယ်။ ခု ကျနော် Traverse Adjust ပြုလုပ်ဖို့အတွက် Auto CAD နဲ့ Data အတုတွေပြုလုပ်ထားပါတယ်။ တကယ် Survey ဆင်းထားတာ မဟုတ်ပါဘူး ကျနော် အနည်းငယ်သိထားတဲ့ Traverse Adj အကြောင်းကို တင်ပြယုံသတ်သတ် Data တွေကို ဖန်တီးထားတာပါ။ ခု ကျနော့်ရဲ့ Traverse အတွက် BM-01(အစိမ်း)နဲ့ BM-02(အစိမ်း)ဟာ ကျနော့်ရဲ့ Kwown Pt တွေပါ။

   - ပုံမှာတင်ပြထားတာကတော့ Known Pt BM-01 (အစိမ်း) ကို Start Pt အဖြစ်နဲ့ BM-02 (အစိမ်း) ကို BS ကပ်ပြီးတော့  BM-01 (အနီ) ကိုပဲ End Pt အဖြစ်နဲ့ Close ပိတ်ထားတဲ့ Traverse Route တစ်ခုဖြစ်ပါတယ်။ Close ပိတ်ပြီဆိုတော့ Error အနည်းနဲ့ အများရှိပြီပေါ့။ Traverse Adj ပြုလုပ်ဖို့အတွက် အဆင့် လေးဆင့် ပြင်ဆင်ထားပါတယ်။ 

    (1) ကျနော်တို့ဟာ Traverse Route တစ်ခု ပြီးဆုံးသွားပြီဆိုတာနဲ့ အရင်ဆုံး Traverse Accuracy ကို တွက်ချက်ရပါမယ်။ Start Pt BM-01 ရဲ့ Coordinate (Actual - အစိမ်း) ထဲနေ End Pt BM-01 Coordinate (Existing- အနီ) ကို နုတ်ပါမယ်။ ထိုအခါ Misclose NE ကိုရရှိပါမယ်။ Misclose NE ကို ပိုက်သာဂိုရဒ်သီအိုရီနဲ့တွက်ချက်လိုက်တဲ့အခါ Start Pt နဲ့ End Pt ရဲ့ Misclose Distance(Dist- Error မဟုတ်ပါ) ကိုရရှိပါတယ်။ Total Distance(Start Pt - End Pt) ကို Misclose Dist- နဲ့စားလိုက်တဲ့အခါ Traverse Accuracy ရရှိလာပါတယ်။ ရရှိလာတဲ့ Traverse Accuracy ဟာ 10000 ထက်များရပါမယ် (###### > 10000)။ Traverse ရဲ့ Dist- Accuracy ဟာ 10m မှာ 1ml လွဲလို့ရပါတယ်။ ( ~ Total Station တစ်လုံးမှာ Vertical Angle Error 40", Horizonal Angle Error 20", Noneed Adjust ဆိုတာဟာ Traverse Accuracy ပါပဲ ``VA Error 40" ဆိုရင် HD -10m မှာ HD - 1mlလွဲပြီးတော့, VD - 2ml လွဲပါတယ်, HA Error 20" ဆိုရင် HD-10m မှာ R/L 1ml လွဲပါတယ်)

       (2) Bearing Adjustment, ကျနော်တို့ဟာ Traverse ပတ်တဲ့အခါ စထွတ်လာခဲ့တဲ့ Known Pt နှစ်ခုစလုံးကို ဝင်ပြီးတော့ပိတ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ Bearing Error သိဖို့အတွက်ပါ( Software နဲ့ဆိုရင်တော့ မလိုပါဘူး Start Pt နဲ့ End Pt ပိတ်ရင်ရပါပြီ)။ Bearing Error ရရှိဖို့အတွက် BM-01 & 02 ရဲ့ Actual Bearing (အစိမ်း) ထဲကနေ Close ဝင်ပိတ်တဲ့ BM-01&02 ရဲ့ Existing Bearing (အနီ)ကို နုတ်ပါမယ်။ ရရှိလာတဲ့ Different Bearing ကို FS Station အရေအတွက်နဲ့စားပါမယ်။ စားလို့ရရှိလာတဲ့ Bearing Error ကို ဇယားမှာပြထားတဲ့အတိုင်း Error တွေကိုထပ်ဆင့်ပေါင်းပေးရပါမယ်။ထပ်ဆင့်ပေါင်းပေးခြင်းဖြင့်ရရှိလာတဲ့ Bearing Error တွေကို Existing Bearing နဲ့ ပေါင်းပေးပါမယ်(BM-02 အထိ)။ထိုအခါBM-02 အထိ Adj လုပ်ပြီးသား Bearing တွေကို ရရှိပါမယ်။

      (3) Distance Adjustment, Different Distance ကိုလိုချင်ရင် Actual Distance(BM-01to BM-02) ထဲကနေ Existing Distance(BM-01 to BM-02) ကိုနုတ်ပါ။ ¿¿ Different Dist- ကို တွက်ချက်တဲ့နေရာမှာ ကျနော်တို့ စထွက်ခဲ့ Known Pt တွေရဲ့ Dist- ဟာ  Traverse ပတ်မယ့် Total Station ရဲ့ Dist- နဲ့ ကိုက်ညီမှန်ကန်ခဲ့မယ်ဆိုရင် Traverse ပြန်ဝင်ပိတ်တဲ့ အခါမှာလည်း Known Pt တွေရဲ့ Dist- ဟာ ကိုက်ညီနေလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ စ,ထွက်ခဲ့တဲ့ ဒီ Pt နှစ်ခုရဲ့ Distance ဟာ ကိုက်ညီခဲ့မယ်ဆိုရင် ပြန်ဝင်ပိတ်တော့လည်း ဒီ Pt နှစ်ခုရဲ့ Distance ဟာ ကိုက်ညီနေမှာပါပဲ ( Actual Distance ထဲက Exist Distance ကို နုတ်ရပါမယ်)။ ထို့ကြောင့် Different Distance မရှိပါဘူး။ အဲ့ဒီလို ဖြစ်ခဲ့မယ်ဆိုရင်တော့ Distance Adjust လုပ်စရာမလိုပါဘူး။ Distance Adj လုပ်ခြင်းဟာ တိုင်းတာမှု Distance Constant တွေကို ကိုက်ညီအောင် Adjust လုပ်ခြင်းလို့ပဲ ကျနော် ထင်ပါတယ်။( ဥပမာ- Distance တိုင်းတာမှု မတူညီတဲ့ Total Station နှစ်လံုးကို ကိုက်ညီမှုရှိအောင် Constant တစ်ခုထည့်ပေးခြင်း) ။ ယခု ကျနော့်ရဲ့ Traverse Adjustment မှာ Dist- Adj လုပ်မထားပါ။

       (4) Coordinate Adjustment, Coordinate Adj မှာတော့ Adjust လုပ်ပြီးသား Distance နဲ့ Bearing တွေကို အသုံးပြုပြီးတော့ End Pt BM-01(အနီ) အထိ New Coordinate တွေပြန်တွက်ပါမယ်။ ထို့နောက် Start Pt BM-01 (Actual Coordinat -အစိမ်း) ထဲကနေ End Pt BM-01 (New Coord) ကို နုတ်ပါမယ်။ ထိုအခါ Different NE ကိုရရှိလာပါတယ်။ ပုံမှာဖော်ပြတဲ့ NE Error တွက်ချက်တဲ့ Formula လေးနဲ့ NE Error တွေကို တွက်ချက်ပါမယ်။ ရရှိလာတဲ့ Error တွေကို ထပ်ဆင့်ပေါင်းပေးရပါမယ်။ ထပ်ဆင့်ပေါင်းခြင်းဖြင့် ရရှိလာတဲ့ NE Error တွေကို New Coordinate တွေနဲ့ ပေါင်းပေးခြင်းဖြင့် Adjusted Coordinate (Final Coordinate) တွေကိုရရှိလာပါမယ်။    ။

      Surveyor ညီအကိုများလည်း ဝေဖန်အကြံပေးကြပါအုံးနော်-

                                         

Zenith Angle


Comments

Popular posts from this blog

Lambert မပည(၆)လုံးအား UTM မပညနှင့် Lat ,Long

 #ဆောက်လုပ်​ရေးနှင့်ပတ်သက်​သော​ဝေါဟာရ​ပေါင်း ( ၂၀၀)